Laptops, News, Review

HP Pavilion 20-a220l (AIO)

HP Pavilion 20-a220l (AIO)

Royal Smart Tradingမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မြန်မာပြည်၏ တရားဝင်ဖြန့်ချီခွင့်ရရှိထားသော Royal Smart Trading Co., Ltd. အနေဖြင့် အသစ်အသစ်သော နည်းပညာများဖြင့် ထုတ်လုပ်ထားသော HP Products အသစ်များနှင့် မိတ်ဆက်ပေးနေကျဖြစ်ပြီး ယခုတစ်ဖန် HPရဲ့ Commercial Series တစ်မျိုးဖြစ်သော HP Pavilion 20-a220l All In One PC ဖြင့် ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။

နေရာယူမှု သက်သာပြီး Widescreen ကြိုက်သူများအတွက် 20” inch အရွယ်အစားရှိ IPS နည်းပညာဖြင့် ထုတ်လုပ်ထားသော Display အမျိုးအစားပါ IPS နည်းပညာကို အသုံးပြုထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ပေးစွမ်းနိုင်မည့်အပြင် Frameless ဖြစ်တဲ့အတွက် ကျယ်ဝန်းတဲ့ မျက်နှာပြင်ကိုပါ ထိတွေ့ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Display ကိုလည်း လိုအပ်သလို ခေါက်ချိုးနိုင်မှာ ဖြစ်ပါသည်။ Intel ရဲ့ Processor အုပ်စုများထဲကမှ တစ်ခုဖြစ်တဲ့ Intel Core (i3) 3240M (3.4 GHz) ကို အသုံးပြုထားပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အချိန်ကုန်သက်သာ မြန်ဆန်စေမည့် 500GB SATA SSHD ပါဝင်ပါသည်။

အသံပိုင်းဆိုင်ရာအတွက်လည်း ကြည်လင်ပြတ်သားပြီး ခံစားမှုရသလို အပြည့်အဝပေးစွမ်းနိုင်မည့် dts studio sound system ပါဝင်တဲ့အတွက် လူကြီးမင်းတို့ရဲ့ သောတအာရုံကို ဖမ်းစားနိုင်မှာအမှန်ပါပဲ။

ထို့ကြောင့် လူကြီးမင်းတို့ရဲ့ အိမ်ခန်း၊ ရုံးခန်းနှင့် လုပ်ငန်းခွင်တို့အတွက် ခန့်ညားတင့်တယ်စေပြီး စွမ်းဆောင်ရည်တွေကို အံ့မခန်းထုတ်ဖော်ပြသပေးနိုင်မည့် HP Pavilion 20-a220l All In One PC ကို အာမခံသက်တမ်း (၁)နှစ်ဖြင့် မြန်မာပြည်၏ တရားဝင်ဖြန့်ချီခွင့်ရရှိထားသော Royal Smart Trading Co., Ltd. မှ တင်သွင်းဖြန့်ချီလိုက်ပါသည်။

Price – 549 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *