Royal Smart Tradingမှ ပေးပို့လာသော သတင်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
မြန်မာပြည်၏ တရားဝင်ဖြန့်ချီခွင့် ရရှိထားသော Royal Smart Trading Co., Ltd.မှ အသစ်ထပ်မံတင်သွင်းလိုက်သော hp pavilion seriesအသစ်လေးဖြင့် မိတ်ဆက်ပေးပါရစေ။ Intel ရဲ့နောက်ဆုံးပေါ် 4th Generation (Haswell Processor) အသုံးပြုထားတဲ့ HP pavilion 14-n265TX (i3) model အသစ်လေးပါ။ ယခု အမျိုးအစားလေးဟာဆိုရင် Ultra Processor သုံးထားတဲ့အတွက် ပေါ့ပါးလှပသေသပ်ပြီး ကျစ်လစ်တဲ့ Design မျိုးလေးပါ။ Performance မြင့်မားတဲ့ Core (i3) 4010U (1.7 GHz, 3MB)ကို အသုံးပြုထားပြီး Graphicအနေဖြင့် ATI Radeon 8600M 2GBနဲ့ Memory 4GB DDR3L (1600 MHz) ပါဝင်တဲ့အတွက်ကြောင့် Designပိုင်းဆိုင်ရာနှင့် Gamesတော်တော်များများကို စိတ်ကြိုက်ကစားနိုင်မှာ ဖြစ်ပါသည်။ အလေးချိန်ဟာဆိုရင်လည်း (2.3 kg) လောက်သာရှိပြီး အခွေကူး၊ အခွေဖတ်နိုင်တဲ့ Super Multi DVD Burner လည်းပါရှိပါသည်။
Storage အားဖြင့်လည်း 500 GB ပါဝင်ပါသည်။ အသံပိုင်းဆိုင်ရာအနေဖြင့်လည်း ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့အသံကို ထောက်ပံ့ပေးနိုင်မည့် HDMI Port, Data ကူးယူမှုကို ပုံမှန်ထက် ဆယ်ဆမြန်ဆန်စေမည့် USB 3.0 နှင့် Bluetooth 4.0 တို့လည်း ပါဝင်ပါသည်။
ပေါ့ပါးလှပပြီး သေသပ်တဲ့ Designနှင့် Performance ကောင်းကောင်းသုံးချင်သူများအတွက် Royal Smart Trading Co., Ltd.မှ တင်သွင်းဖြန့်ချီလိုက်သော hp pavilion 14-n265TX (i3) ကို hp ၏ Reseller ဆိုင်ကြီးများတွင် Global Warranty အာမခံသက်တမ်း (၁)နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။
Price – 559 USD