Laptops, News, Review

HP Pavilion 14-n265TX (i3)

HP Pavilion 14-n265TX (i3)

Royal Smart Trading မှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မြန်မာပြည်၏ တရားဝင်ဖြန့်ချီခွင့်ရရှိထားသော Royal Smart Trading Co., Ltd. မှ အသစ်ထပ်မံ တင်သွင်းလိုက်သော hp pavilion series အသစ်လေးဖြင့် မိတ်ဆက်ပေးပါရစေ။ Intel ရဲ့နောက်ဆုံးပေါ် 4th Generation (Haswell Processor) အသုံးပြုထားတဲ့ hp pavilion 14-n265TX (i3) model အသစ်လေးပါ။ ယခု အမျိုးအစားလေးဟာဆိုရင် Ultra Processor သုံးထားတဲ့အတွက် ပေါ့ပါးလှပသေသပ်ပြီး ကျစ်လစ်တဲ့ Design မျိုးလေးပါ။ Performance မြင့်မားတဲ့ Core (i3) 4010U (1.7 GHz, 3MB) ကို အသုံးပြုထားပြီး Graphic အနေဖြင့် ATI Radeon 8600M 2GB နဲ့ Memory 4GB DDR3L (1600 MHz) ပါဝင်တဲ့အတွက်ကြောင့် Design ပိုင်းဆိုင်ရာနှင့် Games တော်တော်များများကို စိတ်ကြိုက်ကစားနိုင်မှာဖြစ်ပါသည်။

အလေးချိန်ဟာဆိုရင်လည်း (2.3 kg) လောက်သာရှိပြီး အခွေကူး၊ အခွေဖတ်နိုင်တဲ့ Super Multi DVD Burner လည်းပါရှိပါသည်။ Storage အားဖြင့်လည်း 500 GB ပါဝင်ပါသည်။ အသံပိုင်းဆိုင်ရာအနေဖြင့်လည်း ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်နဲ့အသံကို ထောက်ပံ့ပေးနိုင်မည့် HDMI Port, Data ကူးယူမှုကို ပုံမှန်ထက် ဆယ်ဆမြန်ဆန်စေမည့် USB 3.0 နှင့် Bluetooth 4.0 တို့လည်းပါဝင်ပါသည်။

ပေါ့ပါးလှပပြီး သေသပ်တဲ့ Design နှင့် Performance ကောင်းကောင်း သုံးချင်သူများအတွက် Royal Smart Trading Co., Ltd. မှ တင်သွင်းဖြန့်ချီလိုက်သော hp pavilion 14-n265TX (i3) ကို hp ၏ Reseller ဆိုင်ကြီးများတွင် Global Warranty အာမခံသက်တမ်း (၁) နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။

Price – 534 USD

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *