News

HP က ရောင်စုံ Chromebox Computer များ ထုတ်လုပ်

HP က Samsung နဲ့ Dell တို့ကဲ့သို့ Chromebox Computer များ ထုတ်လုပ်လိုက်ကြောင်း ကြေညာပါတယ်။ ၂၀၁၄ ခုနှစ် ဆောင်းရာသီမှာ အမေရိကန်နိုင်ငံမှာ စတင်ရောင်းချပေးမှာ ဖြစ်ပါတယ်။ HP ရဲ့ Chrome OS Computer များအား ရောင်စုံ ပြုလုပ်ပေးထားပြီး အဖြူ၊ အနက်၊ ငွေရောင် နဲ့ စိမ်းပြာရောင် တို့ ဖြစ်ပါတယ်။

HP က Chromebox Computer များ၏ အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် Intel i7 Processor ကို အသုံးပြုမှာဖြစ်ပြီး အရွယ်အစား သေးငယ်တဲ့အတွက်ကြောင့် ခရီးသွားတဲ့အခါမှာ ယူဆောင်သွားဖို့ အဆင်ပြေ ပါတယ်။ Chromebox Computer များဟာ အရွယ်အစား သေးငယ်ပြီး စွမ်းဆောင်ရည် ကောင်းမွန်ပါတယ်။ ြှှep Application များကို အသုံးပြုရမှာ ဖြစ်ပါတယ်။ USB 3.0 Port ၄ ခု ပါရှိပြီး. HDMI Port တစ်ခု နဲ့ DisplayPort တစ်ခုတို့ ပါရှိပါတယ်။

Google က မကြာမီက Video Conference ၀န်ဆောင်မှုကို ကြေညာလိုက်ပြီး HD Camera, Microphone, Speaker နဲ့ Keyboard Remote Control တို့ ပါရှိမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် ရည်ရွယ်ပြီး ဒေါ်လာ( 999) ကျသင့်မှာ ဖြစ်ပါတယ်။ Google ရဲ့ ၀န်ဆောင်မှု ကြေငြာအပြီးမှာ HP ရဲ့ ကြေငြာမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Google က HP Chromebox များကို Acer နဲ့ Dell တို့ရဲ့ Chromebox များနှင့်အတူ လာမယ့်လများမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *