News

“Wireless Network Essentials Course (WNE)” အမှတ်စဉ် (၆) သင်တန်းဖွင့်လှစ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ် များအတွက် Wireless Network Essentials Course(WNE) အမှတ်စဉ် (၆) သင်တန်းကို  ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်းလေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများအထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်း မှ သင်ကြားပေးမည်ဖြစ်သည်။
ပါဝင်မည့် အကြောင်းအရာများ…
v  About Wireless Local Area Network and WLAN Configuration
v  Ad-host,WLAN (Point to Point, Point to Multipoint, Repeater)
v  Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long )
v  WiFi HotSpot Creating for Software and Hardware
v  WiFi Controller Device and Access Point CPE
v  Wireless IP Camera Configuration with Cloud
v  Zentyal Server, Pfsense Hotspot and Radius WiFi
v  Local VPN Network Configuration
v  Basic Mobile WiFi Network
v  VOIP Gateway and IP Soft Phones …အစရှိသည်တို့ကိုစာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။

သင်တန်းကာလ                  –           ၂၀၁၄ ခုနှစ်၊ မတ်လ (၁) ရက် မှ မတ်လ (၃၀) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန်                  –           နေ့လည် ၁၂:၃၀ နာရီ မှ ၄:ဝ၀ နာရီအထိ
သင်တန်းကြေး                     –           ၉၀,ဝ၀ဝိ/ (ကိုးသောင်းကျပ်)
MCPA Member (50%)     –           ၄၅,ဝ၀ဝ (လေးသောင်းငါးထောင်ကျပ်)
သင်တန်းသားဦးရေ           –           (၁၅) ဦး
သင်တန်းနေရာ                 –           အဆောင် (၄)၊ အခန်း (၄)၊ MICT Park၊ MCPA Lab Room၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိသည်။
(မှတ်ချက်။   အတန်းတက်ချိန် ၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *