Apps

အန်းဒရွိုက်သမားတွေ အတွက် Chromeအသစ်

အန်းဒရွိုက် အသုံးပြုသူတွေ အတွက် အင်တာနက်သုံးတဲ့အခါမှာ လွယ်ကူမြန်ဆန်စေဖို့ Google Chromeဗားရှင်း အသစ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေရာမှာ အခမဲ့ရယူနိုင်ပြီး ဖိုင်အရွယ်အစား 5MBသာ ရှိပါတယ်။ ဗားရှင်းကတော့ Chrome 29.0.1547.59ဖြစ်ပြီး Featureအသစ်တွေ အနေနဲ့ Browserမှာ Plug-Inမပါဘဲ ဗီဒီယိုနဲ့ အသံတွေကို တိုက်ရိုက် Communicateလုပ်နိုင်မယ့် WebRTCဆိုတဲ့ API, Developerတွေ Web Appထဲမှာ Audioစနစ်တွေ လုပ်ဆောင် နိုင်မယ့် Web Audioဆိုတဲ့ API, ၀က်ဘ်ဆိုဒ်တွေ ကြည့်ရှုတဲ့အချိန် အပေါ်အောက် ဆင်းတက်တဲ့အခါမှာ အသုံးပြုသူကို လွယ်ကူစေမယ့် “Visual Indication”နဲ့ ၀က်ဘ်ဆိုဒ်တွေကို ကြည့်ရှုတဲ့ပုံစံ UI(User Interface)မှာ ပိုမိုလှပတဲ့ အရောင်အသွေးတွေပါ ထည့်သွင်း ဖြည့်စွက်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *