Mobile

ASUS Taichi 31

ultrabook

Asusဟာ TaiChi Seriesကို ထုတ်လုပ်အောင်မြင်နေပြီး နောက်ဆုံးထုတ်ခဲ့တဲ့ TaiChi 21ရဲ့ နောက်ဆက်တွဲ TaiChi 31ကို မကြာခင် ဈေးကွက်တင်တော့မှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဒီဇိုင်းနဲ့ Sysတွေ ပြောင်းလဲထားမှုတွေကြောင့် TaiChi 31ကို စိတ်၀င်စားသူတွေ များနေကြပါတယ်။ ဒါကြောင့် TaiChi 31အကြောင်းကို ရေးသားပေးလိုက်ပါတယ်။

Display
13.3 လက်မရှိတဲ့ Screen တပ်ဆင်ထားပြီး နှစ်ဖက်မြင် Displayစနစ် ဖြစ်ပါတယ်။ Ultrabookတွေရဲ့ သဘောတရားအတိုင်း Screen ဒီဇိုင်းကို အကောင်းဆုံး ဆန်းသစ်ထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် User နှစ်ယောက်အနေနဲ့ Data Processတွေကို တစ်ပြိုင်နက်တည်း မသုံးနိုင်ပေမယ့် အကောင်းဆုံး မျှေ၀ခံစားမှုကိုတော့ ပေးစွမ်းနိုင်မှာပါ။ Tabletပုံစံ ဒီဇိုင်း ထုတ်ထားတာဖြစ်ပြီး အပြင်ဘက် Screen ပြသနိုင်မှုကလည်း ပါဝါ ပိတ်လိုက်တာနဲ့ အလိုအလျောက် ပိတ်သွားမှာ ဖြစ်ပါတယ်။ Userက အသုံးမပြုချင်လို့ ပိတ်ထားမယ်ဆိုရင်လည်း အပြင်ဘက် Screenကို ပိတ်ထားပြီး သုံးစွဲနိုင်ပါတယ်။
Resolutionက 1080 Pixelရှိမှာ ဖြစ်လို့ ထူးခြားတယ်လို့ မဆိုနိုင်ပါဘူး။ အပြင်ဘက် Displayအလွှာမှာ Covering Sysအတွက် ရည်ရွယ်ပြီးတော့ Scratch-Resistant အလွှာကို ထည့်ပေးထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အပြင်ဘက် Screenနဲ့ ပတ်သက်ပြီး၊ Damage အတွက် စိုးရိမ်စရာ မရှိလှပါဘူး။

Battery Life
Dual-Display စနစ်ကို အသုံးပြုတဲ့ စက်ပစ္စည်းတွေရဲ့ အားနည်းချက်အတိုင်း Battery Lifeတော့ အနည်းငယ် တိုတောင်းတာ တွေ့နိုင်ပါတယ်။ Battery Capacityက 53 Wh ဖြစ်ပြီး Battery Lifeကို ၇ နာရီ အသုံးပြုနိုင်အောင် ဖန်တီးပေးထားလို့ TaiChi 31ဟာ အားနည်းချက်ကို ဖျောက်ပစ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Operating Sys
Window 8 စနစ်ကို သုံးထားပြီး Processorမှာ Intel Core i5/ i7 Ivy Bridgeကို အသုံးပြုထားတာ တွေ့ရပါတယ်။ CPUရဲ့ အမြန်နှုန်းက 1700 MHzရှိမှာ ဖြစ်ပြီး၊ Ultrabookတွေထဲမှာတော့ မြန်နှုန်းမြင့် စနစ်နဲ့ စွမ်းဆောင်ပေးနိုင်မယ့် Model အသစ်ဖြစ်ပါတယ်။ Graphic အပိုင်းမှာတော့ Intel HD 4000ကို သုံးထားတာကြောင့် Gammerတွေအတွက် အဆင်ပြေမှာဖြစ်ပြီး၊ Warcraftလို Gameမျိုးကိုတောင်း လွယ်ကူစွာ ထည့်သွင်း ကစားနိုင်ပါလိမ့်မယ်။ RAM အပိုင်းမှာ 4 GB ပါရှိမှာ ဖြစ်ပြီးတော့ SSDကို 128 GB ဒါမှမဟုတ် 256 GBအထိ တိုးမြှင့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Price
တိကျတဲ့ ဈေးနှုန်း ကြေညာခြင်း မရှိသေးပေမယ့် TaiChi 21 ထက်တော့ ဈေးပိုမှာ ဖြစ်ပြီး၊ လတ်တလော ကြေညာထားတဲ့ ဈေးနှုန်းက ဒေါ်လာ ၁၃၀၀ ဖြစ်ပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်ချေရှိတဲ့ ဈေးနှုန်းက ၁၀၉၉ ဒေါ်လာလို့ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ အကြောင်းကတော့ TaiChi 21ထက် အလေးချိန် ပိုမိုမှာ ဖြစ်တာကြောင့် ဈေးနှုန်း လျော့ကျဖို့ ရှိနေပါတယ်။

Dual-Display
စနစ်ကို အသုံးပြုတဲ့ စက်ပစ္စည်းတွေရဲ့ အားနည်းချက်အတိုင်း Battery Lifeတော့ အနည်းငယ် တိုတောင်းတာ တွေ့နိုင်ပါတယ်။ Battery Capacityက 53 Wh ဖြစ်ပြီး Battery Lifeကို ၇ နာရီ အသုံးပြုနိုင်အောင် ဖန်တီးပေးထားလို့ TaiChi 31ဟာ အားနည်းချက်ကို ဖျောက်ပစ်နိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Operating Sys
Window 8 စနစ်ကို သုံးထားပြီး Processorမှာ Intel Core i5/ i7 Ivy Bridgeကို အသုံးပြုထားတာ တွေ့ရပါတယ်။ CPUရဲ့ အမြန်နှုန်းက 1700 MHzရှိမှာ ဖြစ်ပြီး၊ Ultrabookတွေထဲမှာတော့ မြန်နှုန်းမြင့် စနစ်နဲ့ စွမ်းဆောင်ပေးနိုင်မယ့် Model အသစ်ဖြစ်ပါတယ်။ Graphic အပိုင်းမှာတော့ Intel HD 4000ကို သုံးထားတာကြောင့် Gammerတွေအတွက် အဆင်ပြေမှာဖြစ်ပြီး၊ Warcraftလို Gameမျိုးကိုတောင်း လွယ်ကူစွာ ထည့်သွင်း ကစားနိုင်ပါလိမ့်မယ်။ RAM အပိုင်းမှာ 4 GB ပါရှိမှာ ဖြစ်ပြီးတော့ SSDကို 128 GB ဒါမှမဟုတ် 256 GBအထိ တိုးမြှင့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

Price
တိကျတဲ့ ဈေးနှုန်း ကြေညာခြင်း မရှိသေးပေမယ့် TaiChi 21 ထက်တော့ ဈေးပိုမှာ ဖြစ်ပြီး၊ လတ်တလော ကြေညာထားတဲ့ ဈေးနှုန်းက ဒေါ်လာ ၁၃၀၀ ဖြစ်ပါတယ်။ အနိမ့်ဆုံး ဖြစ်နိုင်ချေရှိတဲ့ ဈေးနှုန်းက ၁၀၉၉ ဒေါ်လာလို့ ခန့်မှန်းနေသူတွေလည်း ရှိပါတယ်။ အကြောင်းကတော့ TaiChi 21ထက် အလေးချိန် ပိုမိုမှာ ဖြစ်တာကြောင့် ဈေးနှုန်း လျော့ကျဖို့ ရှိနေပါတယ်။

Wireless Interface
Bluetooth 4.0ကို အကောင်းဆုံး အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် 3G Cellualr ကဲ့သို့သော Wireless WANကိုတော့ သုံးစွဲနိုင်မှာ မဟုတ်ပါဘူး။ LAN အပိုင်းမှာတော့ 802.11 b/g/nကို အသုံးပြုနိုင်မှာ ဖြစ်လို့ LAN သုံးစွဲမှု အပိုင်းမှာ အဆင်ပြေ ချောမွေ့ပါလိမ့်မယ်။

Connectivity
Power Input Port တစ်ခု၊ USB Port နှစ်ခုနဲ့ MicroPhone/ HeadJack Portတွေနဲ့ Power On/Off ခလုတ်တွေကို Ultrabookရဲ့ ညာဖက်ခြမ်းမှာ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် USB Portနဲ့ ပတ်သက်ပြီး USB 3.0 Port အမျိုးအစား ဖြစ်နိုင်ကြောင်းနဲ့ တခြား အသုံးပြုနိုင်မှု လွယ်ကူမယ့် Portတွေကိုလည်း တပ်ဆင်သွားဖို့ ရှိကြောင်း သိရပါတယ်။

Other Feature
Screen အမျိုးအစားက LED-Backlit LCD ဖြစ်ပြီး Multi-touch စနစ်ကို အကောင်းဆုံး သုံးစွဲနိုင်ပါလိမ့်မယ်။ အလေးချိန်ကိုတော့ ၃.၄ ပေါင် ရှိမှာဖြစ်လို့ အလေးချိန် ၂.၇ ပေါင်ပဲရှိတဲ့ TaiChi 21နဲ့ စာရင်တော့ ပိုလေးနေတာ တွေ့ရပါတယ်။ ကင်မရာ အပိုင်းမှာတော့ ထူးခြားတဲ့ ပြောင်းလဲမှု မရှိပဲ TaiChi 21မှာ တပ်ဆင်ထားတဲ့ ကင်မရာ အတိုင်းသာ ပါ၀င်ပါလိမ့်မယ်။
Ref: www.liliputing.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *