Gaming, Review

God Of War: Ascension

2013မှာ Sony Computer Entertainmentကနေ God Of War: Ascensionကို ထုတ်မယ်လို့ အခုတည်းက ကြော်ငြာနေပါပြီ။ 2012မှာ ထွက်မဲ့ ဂိမ်းတွေက ကုန်သလောက် ဖြစ်နေပြီဆိုတော့ 2013မှာ ထွက်မဲ့ ဂိမ်းတွေကို Preview လေ့လာ ကြည့်ကြရအောင်ဗျာ။ God Of War ဆိုတာနဲ့ မသိတဲ့ ဂိမ်းမာ မရှိပါဘူး။ PS 2 ဂိမ်းဆိုင်တွေမှာဆို ကလေးတွေရော၊ လူငယ်တွေပါ ဆော့နေကြ တုန်းပါဘဲ။ ဘယ်လို နာမည်တွေနဲ့ဘဲ ထွက်ထွက် God Of Warက နာမည် ရနေတုန်းပါဘဲ။ God Of War: Ascensionရဲ့ develper တွေက SCE Studios Santa Monicaနဲ့ publisherတွေက Sony Computer Entertainmentတို့ ပေါင်းပြီး ဖန်တီးထားတယ်ဆိုတော့ အရင်အတိုင်းလား၊ ဘာတွေ ပြောင်းလဲလာသလဲပေါ့။ Sony Computer Entertainmentနဲ့ SCE Studios Santa Monicaတို့ ပေါင်းပြီး ပြောင်းလဲမှုတွေ လုပ်ထားပါတယ်။ God Of War ဂိမ်းတွေရဲ့ ဆော့နေကြ ပုံစံတွေအတိုင်း single မဟုတ်တော့ဘဲ multi-player အဖြစ်ပါ ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။

အဲ့ဒါတွေကလဲ အခု လောလောဆယ်မှာ ကြော်ငြာထားတာတော့ PS 3ကို network ချိတ်ဆော့တဲ့သူတွေ အတွက်ဘဲ ရည်ရွယ်ထားပါသေးတယ်။ Multi-Player အဖြစ် ဆော့နိုင်အောင် ပြောင်းလဲပေးထားတဲ့ အပြင် ဇာတ်လမ်းတွေလဲ ပြောင်းလဲထားပါသေးတယ်။ God Of Warရဲ့ မင်းသားကြီး Kratosက God Of War: Ascension ထဲမှာတော့ သူကလေးနဲ့ မိန်းမက အသတ်ခံလိုက်ရတယ်။ Kratosကလဲ ကျိန်စာတွေ မိနေတယ်၊ လူတစ်ပိုင်း၊ နတ်တစ်ပိုင်း ပုံစံမိျုးတွေပါ တွေ့ရမှာပါ။ Kratosရဲ့ အပြင်အဆင်တွေကတော့ ပြောင်းလဲမှုတွေ ရှိလာနိိုင်ပါတယ်။ လက်နက်တွေနဲ့ ဂိမ်းထဲမှာ ပါ၀င်တဲ့ ဇာတ်ကောင်တွေလဲ ပြောင်းလဲထားပါတယ်။ God Of War ဂိမ်းတွေထဲမှာ အမြဲတမ်း တွေ့နေရတဲ့ Kratosနဲ့ တိုက်ခိုက်တဲ့ နတ်ဆိုးအကောင်တွေလဲ အရင်ထက် ကြမ်းလာပါတယ်။ ဒီဂိမ်းထဲမှာတော့ Kratosက ထုံးစံအတိုင်း နတ်ဆိုးဖြစ်လိုက်၊ လူဖြစ်လိုက် တွေ့မြင်ရမှာပါ။

God Of War: Ascensionကို ပွဲထုတ်ချင်တာက Multi-Playerကြောင့်ပါ။ အမြဲတမ်း ဆော့နေကြ singleကနေ multi ပြောင်းလိုက်တာကြောင့် ဂိမ်းမာတွေများ ပို ကြိုက်လာကြမလားပေါ့။ Multi-Player ဖြစ်တဲ့အတွက် Kratos အပြင် တစ်ခြား ဇာတ်ကောင်တွေဖြစ်တဲ့ four familiar gods, Zeus, Hades, Ares and Poseidon တို့ကိုလဲ ရွေးပြီး ဆော့နိုင်ပါသေးတယ်။  Kratosနဲ့ တစ်ခြား ဇာတ်ကောင်တွေကတော့ ဘယ်လို စွမ်းရည်တွေ မတူအောင် လုပ်ပေးထားလဲဆိုတာ စောင့်ကြည့်ရတော့မှာဘဲ။ Mini-gameလေးတွေနဲ့ puzzle တွေလဲ ပို မိုက်လာမလားပေါ့။ God Of War: Ascensionက Multi-Player ရတဲ့အတွက်ကြောင့် အုပ်စုခွဲပြီး ဆော့ချင်ကြတဲ့ ဂိမ်းမာတွေအတွက် 2013, March, 12ရက်နေ့မှာ ထွက်မှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *