Gaming

Girls Und Panzer

girls-und

Animation ဇာတ်လမ်းတွဲသစ် တစ်ခုဖြစ်တဲ့ Girls Und Panzer ဇာတ်လမ်းတွဲဟာ Strike Witchesနှင့် Upotteလို နာမည်ကျော် Military Actionနှင့် Ecchi ဇာတ်လမ်းတွေကို ဖန်တီးခဲ့သူတွေ ပူးပေါင်းတင်ဆက်ထားတဲ့ ဇာတ်လမ်းသစ်ဖြစ်သလို World War II ကာလက German Panzer တင့်ကားတွေကို အဓိက မောင်းနှင်တဲ့ Oarai Girls High Schoolမှ ကျောင်းသူလေးတွေ အကြောင်းကို တင်ဆက်ထားတဲ့ Comedyနှင့် Action ဇာတ်လမ်းသစ် ဖြစ်ပါတယ်။ Strike Witchesနှင့် Upotte ဇာတ်လမ်းတွေမှ တိုက်ခိုက်မှုနှင့် စစ်မှုရေးရာ အချက်အလက်တွေရဲ့ အကြံပေးသူဖြစ်တဲ့ Takaaki Suzukiဟာလည်း Girls Und Panzer ဇာတ်လမ်းရဲ့ Military History Advisorအဖြစ် ပြန်လည် ပါဝင်ထားပါတယ်။ Anime Series ဇာတ်လမ်း အတော်များများက Manga သို့မဟုတ် Light Novel စာအုပ်တွေကို အခြေခံရိုက်ကူးလေ့ရှိပေမည့် Girls Und Panzer အနေနဲ့ကတော့ Girls Und Panzer ဇာတ်လမ်းတွဲ စတင်စီစဉ်ပြီးမှသာ Mangaနှင့် Novelတွေ ဆက်လက် ထွက်ရှိလာတာ တွေ့ရပါတယ်။ ဇာတ်လမ်းတွဲ မထွက်ခင်မှာ Strike Witchesနှင့် Soyano Wotoတို့လိုမျိုး ရန်သူစစ်တပ်တွေနှင့် တိုက်ခိုက်ရတော့မည့် Action ဇာတ်လမ်းတစ်ခုလို့ ထင်ရပေမည့် တကယ်တမ်းကျတော့ Girls Und Panzer ဇာတ်လမ်းဟာ Oarai Girls High School အတွင်းရှိ ကျောင်းသူလေးများအတွက် လေ့ကျင့်မှုတစ်ရပ်အဖြစ် (mock-up battle) များသာ အသားပေး တိုက်ခိုက်ကြတာကို တွေ့ရှိရပါတယ်။

Girls Und Panzer ဇာတ်လမ်းမှာတော့ စစ်ပြီးခေတ်ကာလအတွင်း Sensha-dO (Way of the Tank)လို့ခေါ်တဲ့ Panzer တင့်ကားများကို အားကစားပွဲ တစ်ခုကဲ့သို့ မောင်းနှင်တိုက်ခိုက်ကြတဲ့ အချိန်မှာ နေရာယူထားပြီး အဓိက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Nishizumi Mihoကတော့ နာမည်ကျော် Tank Operator မျိုးဆက်မှ ဆင်းသက်လာသူ တစ်ယောက်ဖြစ်သလို နှစ်စဉ်ပြိုင်ပွဲတွေမှာ ဆုရရှိသူ တစ်ယောက်ဖြစ်ပေမယ့် Kuromorimine National Championship ပွဲမှာ မိမိအဖွဲ့ဝင်များကို မကယ်ဆယ်နိုင်သလို ပြိုင်ပွဲမှာလည်း အနိုင်မရရှိခဲ့တဲ့အတွက် Sensha-dO လောကမှ အနားယူဖို့ Sensha-dO ပွဲများ ပြုလုပ်လေ့ မရှိတဲ့ Oarai Girls High Schoolကို ရွေ့ပြောင်းလာသူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် Miho ကျောင်းပြောင်းပြီး မကြာခင်မှာပဲ Oarai ကျောင်းအချိန်စာရင်းမှာ Panzer တိုက်ပွဲများ ထည့်သွင်းလိုက်သလို Mihoဟာလည်း Panzer တင့်ကားများနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ဦးတည်းသော ကျောင်းသူဖြစ်တဲ့အတွက် ကျောင်းပြိုင်ပွဲများမှာ ဝင်ရောက်ဖို့ ရွေးချယ်ခြင်း ခံလိုက်ရပါတယ်။

Mihoအနေနှင့် လက်ရှိအချိန်မှာ တင့်ကားတွေ မောင်းနှင်လိုစိတ် မရှိပေမယ့် Oaraiကျောင်းမှ ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေနှင့်အတူ အခြား ကျောင်းသူများကြားမှာလည်း ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ မရှိတဲ့အတွက် Panzer တိုက်ပွဲတွေမှာ ပါဝင်ရတာကို ပြန်လည်သဘောကျခဲ့ပါတယ်။ Girls Und Panzer ဇာတ်လမ်းထဲမှ အဓိက Panzer တွေကတော့ Mihoတို့ Anko Team မောင်းနှင်တဲ့ Panzer IV၊ Panzer 38(t)နှင့် Type 89B အစရှိတဲ့ Panzer Tank များပါဝင်ပြီး ပျော်စရာ ဇာတ်လမ်းလေးဆိုပေမယ့် တင့်ကားတွေရဲ့ လှုပ်ရှားပုံနှင့် မောင်းနှင်ပုံ အချက်အလက်များကို အသေးစိတ် အတိအကျထည့်သွင်း ရေးဆွဲထားတာ တွေ့ရှိရမှာပါ။ Commander ဖြစ်သူ Mihoနှင့်အတူ Mako (Driver), Hana (Gunner), Saori (Operator)နှင့် Yukari (Loader) တို့က အဓိက ပါဝင်ထားပြီး အခြား စိတ်ဝင်စားဖွယ် ဇာတ်ပို့များလည်း တွဲဖက်ပါဝင်ထားပါတယ်။

Seires Directorဖြစ်သူ Tsutomu Mizushimaဟာ Anotherနှင့် Blood C အစရှိတဲ့ ကြမ်းတမ်းရက်စက်တဲ့ Animation ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့ပေမယ့် အခု Girls Und Panzerလိုမျိုး Moe’ ဇာတ်လမ်းလေးတွေကိုလည်း Animation ပိုင်းနှင့် အခြား Production Qualityပိုင်းတွေမှာ ဘက်စုံ ကောင်းမွန်အောင် တင်ဆက်ထားနိုင်တာ တွေ့ရပါတယ်။ ဇာတ်လမ်းပိုင်းကတော့ Actionပိုင်း သိပ်မများတဲ့အတွက် Slice of Lifeနှင့် High School Comedy ဇာတ်လမ်း ပရိသတ်တွေအတွက် ပိုမို သင့်တော်မယ့် Girls Und Panzerရဲ့ အောင်မြင်မှုကြောင့် ဇာတ်လမ်းတွဲထဲက Panzer တင့်ကားတွေရဲ့ Plastic Modelနှင့် အရုပ်တွေကတော့ Japanနိုင်ငံမှာ ရောင်းကောင်းလျက်ရှိကြောင်း သိရပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *