Opinion

ICT နည်းပညာ အသုံးပြုခြင်းဖြင့် လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်ခြင်း

အရင်ဆုံး ပြောချင်တာကတော့ ICTဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ် လေးကိုပါပဲ။ လူတွေ အတော်များများက ICTဆိုတာနဲ့ နည်းပညာ သီးသန့်ပိုင်းပဲ ပြေးမြင်နေကြတာ အတော်ခက်လှပါတယ်။ Iလို့ ခေါ်တဲ့ Information သတင်းအချက် အလက်တွေ၊ Cဆိုတဲ့ Communicate တစ်ဦးနဲ့ တစ်ဦး ကူးလူး ပျံနှံ့စေတဲ့ ဆက်သွယ်ချက်တွေ အပြင် Tရဲ့အဓိပ္ပာယ် ကတော့ Technology အသုံးချ သိပ္ပံ ပညာရပ်တွေပဲ ဖြစ်ပါတယ်။ နည်းပညာ အကြောင်းရေးမှ၊ ပြောမှ ICTလို့ တစ်သမတ်တည်း ပုံစံချထားလို့ မရပါဘူး။

အရာအားလုံးဟာ ICTဆိုတဲ့ ဘောင်အတွင်းမှာ ၀င်နေပါတယ်။ ဘာလို့ ဒီလို ပြောရတာလဲဆိုတော့ ထူးဆန်းတာ၊ ဖြစ်ပျက်တာ၊ ကိုယ်မသိတာကို သိအောင်၊ သူများ မသိတာကို သိအောင် ဖြန့်ေ၀တာ လည်း တကယ်တော့ ICTဆိုတာကြီးကို လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကတော့ တို့နဲ့ မဆိုင်ဘူး။ ဘယ်နေရာလို့ သတ်မှတ်ထားလို့ မရပါဘူး။ ကိုယ်မသိတာ သူများ နည်းနည်း ပြောလည်း ဒါဟာ ICTလို့ ကျွန်မကတော့ ယူဆထားမိလို့ပါပဲ။ ဒါကြောင့် သဘာ၀ပတ်၀န်းကျင်နဲ့ ဆိုင်တဲ့ ခြံတွင်း အပင်အကြောင်းလေးတွေ အရင်က ရေးဖြစ်ခဲ့ဖူးပါတယ်။ ဘာကြောင့် ရေးရလဲဆိုတော့ သိသူဖော်စား၊ မသိသူ ကျော်သွားဆိုတဲ့ စကားပုံလေးကို ကြားဖူး ကြမယ်လို့ ထင်မြင်မိလို့ပါပဲ။

စီးပွားရေး လုပ်ငန်းတစ်ခုရဲ့ သဘာ၀ဟာ သာမန်အားဖြင့် သိပြီး ဖြစ်သော်လည်း အုပ်ချုပ်ခြင်းနှင့် အလုပ် လုပ်ခြင်း နှစ်မျိုးရှိကြောင်း၊ ထိုနှစ်မျိုး စလုံးတွင် သတင်းအချက်အလက် (Information)များ တွဲပါနေကြောင်း၊ အထူးသဖြင့် အုပ်ချုပ်ခြင်း လုပ်ငန်းစဉ်ကြီး တစ်ခုလုံးသည် သတင်းအချက်အလက် (Information)များကို အသုံးပြုနေရ ကြောင်းကို သိစေလိုပါသည်။အများအားဖြင့် အလုပ်လုပ်နေသော (Physical System)ကိုသာ စိတ်၀င်စား အလေးထားကြပြီး တစ်ပါတည်း တွဲလျက် ရှိနေသော Information Spaceကို အမှတ်တမဲ့ ရှိမှန်းမသိ ဖြစ်နေတတ်လေ့ ရှိပါသည်။ ICT နည်းပညာကို အသုံးမချနိုင်သေးလျှင် စီးပွားရေး လုပ်ငန်းတစ်ခုတွင် မမြင်ရဘဲ တည်ရှိနေသော Information Spaceကို ကောင်းစွာ အသုံးမချနိုင်သေးခြင်း ဖြစ်ပြီး ယင်းသို့ အသုံးချသည့်အတွက် ရရှိနိုင်မည့် အကျိုးတရားကို မခံစားနိုင်သေးခြင်းပဲဲ ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းများ၏ Information Space တည်ရှိနေပုံကို သိရှိနိုင်ပြီဆိုလျှင် ယင်း Information Space အတွင်း အဆင့်ဆင့် ဖန်တီး အသုံးပြုရမည့် Information Systemများကိုလည်း ထပ်မံ သိနားလည်ရန် လိုအပ်လှပါသည်။ ICT နည်းပညာ အသုံးပြုရန် ကွန်ပျူတာများ ၀ယ်ခြင်း၊ ကြုံကြိုက်သည့် Softwareများ ၀ယ်ယူ အသုံးပြုခြင်းသည် ICT နည်းပညာကို လုပ်ငန်းအတွက် စနစ်တကျ အကျိုးရှိအောင် အသုံးပြုခြင်း မဟုတ်ပါ။
အရေးကြီးသည်မှာ Information Systemအဖြစ် အသုံးပြုရန် ဖြစ်ပါသည်။ Hardwareနှင့် Softwareများဆိုသည်မှာ အသုံးပြုခံပစ္စည်းနှင့် စနစ်များသာ ဖြစ်ပါသည်။ အဓိက အရေးကြီးသည့် Information Systemများမှာ ပင်မ အလုပ်များအား အထောက်အကူ ပြုမည့် Operation Transaction Processing Systemနှင့် ထိုစနစ်များ၏ သတင်းအချက်အလက်များပေါ် မူတည်ပြီး ထိပ်ပိုင်း စီမံအုပ်ချုပ်သူများအတွက် စုစည်း သုံးသပ် တင်ပြနိုင်မည့် Management Information Systemတို့ ဖြစ်ပါသည်။

လုပ်ငန်းတစ်ခုတွင် ICT နည်းပညာ အသုံးပြုခြင်းဖြင့် အကျိုးသက်ရောက်မှု များစွာ ရှိပါသည်။ ဘယ်အရာများ ဖြစ်ပေါ် လာသည်ဆိုတာ ဖော်ပြပေးပါမည်။

၁။ လုပ်ငန်းကုန်ကျစရိတ် သက်သာခြင်း (Cost Reduction)

၂။ လုပ်ငန်းများ ပိုမို လွယ်ကူ လျင်မြန် လာခြင်း (Speed)

၃။ လုပ်ငန်းထိန်းချုပ်မှု ပိုမို ကောင်းမွန်ခြင်း (Better Control)

၄။ လုပ်ငန်းယှဉ်ပြိုင်မှု ပိုမို အားကောင်းခြင်း (More Competitive)

၅။ ၀ယ်ယူသူများအား ပိုမို စိတ် ကျေနပ်စေနိုင်ခြင်း (More Customer Satisfaction)

၆။ ဈေးကွက် ပိုမို ချဲ့ထွင်နိုင်ခြင်း (Market Expansion and Penetration)

၇။ လုပ်ငန်း ဂုဏ်ကျက်သရေ မြင့်တက်ခြင်း (Better Image)

၈။ တန်ဖိုးသစ်များ ဖန်တီးနိုင်ခြင်း (Creation of Additional Values)

လုပ်ငန်းများတွင် ICT နည်းပညာ အသုံးပြု သတင်းအချက်အလက်စနစ် (Information System)များ အသုံးပြုရာ၌ ပါ၀င်သည့် လိုအပ်ချက်များမှာ Hardware ဆိုတာလည်း တစ်ခန်းတစ်ကဏ္႑ ပါ၀င်လျက် ရှိပါသည်။ Information System အသုံးပြုရန် လိုအပ်သော ကွန်ပျူတာနှင့် တွဲဖက်သုံး ပစ္စည်းများ ဖြစ်ပါသည်။ နောက်တစ်ခု ထပ်မံ ပါ၀င်နေတာကတော့ Softwareလို့ခေါ်တဲ့ ကွန်ပျူတာစနစ် အလုပ်လုပ်နိုင်ရန် ထည့်သွင်းပေးရမည့် System Software များပဲ ဖြစ်ပါသည်။ လိုအပ်သည့်၊ ရည်မှန်းထားသည့် အလုပ်များ ပြီးမြောက်ရန် ထည့်သွင်းပေးရမည့် Application Softwareများနှင့် မိမိရဲ့ လုပ်ငန်း လိုအပ်ချက်အရ သီးသန့် တီထွင်ရသော Tailor Made Softwareများလည်း လိုအပ်ပါသေးသည်။ နောက် မသုံးမဖြစ် အသုံးပြုရမှာကတော့ Networkပဲ ဖြစ်ပါသည်။ ယခုအခါ Information Systemများ အသုံးပြုရာတွင် Stand Alone ကွန်ပျူတာတစ်လုံးချင်း သီးသန့် အသုံးပြုသည်ထက် Networkများ ချိတ်ဆက် အသုံးပြုမှုမျိုး ပိုမို လာသည့် အတွက် Networkများအကြောင်း သိထား သင့်ပါသည်။

– LAN (Local Area Network)
မိမိ ရုံးခန်း၊ အဆောက်အဦးအတွင်း ကြိုးဖြင့် (Cable) (သို့မဟုတ်) ကြိုးမဲ့ (Wireless) ချိတ်ဆက်အသုံးပြုခြင်း။

– WAN (Wide Area Network)
ဝေးလံသော လုပ်ငန်းဌာန၊ ရုံးခွဲများ အကြား ဆက်သွယ်ရေး စနစ်တစ်ခုခုဖြင့် ချိတ်ဆက်အသုံးပြုခြင်း (Fiber Cable၊ ဂြိုဟ်တုဆက်သွယ်ရေး၊ ADSL)

– Internet
တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ချိတ်ဆက်ထားသော Networkကြီးကို အသုံးပြုပြီး မိမိလုပ်ငန်းများကို ဆောင်ရွက် နိုင်ပါသည်။ Internetအား Internet Service Provider (ISP)နှင့် ချိတ်ဆက်ပြီး ခေတ်မီ ဆက်သွယ်ရေးပုံစံ တစ်နည်းနည်း (Fiber Cable၊ ဂြိုဟ်တု ဆက်သွယ်ရေး၊ ADSL၊ Wireless Broadband၊ WiMAX၊ WiFi, ….) စသည်ဖြင့် အသုံးပြုနိုင်ပါသည်။ICT နည်းပညာကို လုပ်ငန်းတွင် အောင်မြင်စွာ အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အရေးကြီးသော လိုအပ်ချက်မှာ နည်းပညာကျွမ်းကျင်သော ၀န်ထမ်းများ ပြည့်စုံစွာ ရရှိရေးဖြစ်ပါသည်။

ICT နည်းပညာဆိုတာတွေ ဘယ်လောက်ပဲ ကောင်းကောင်း ၀န်ထမ်းမပါရင် မဖြစ်တဲ့ အပိုင်းတွေ အများကြီး ပါ၀င်လို့ နေပါသည်။ ဒါကြောင့် ဘယ်လို ၀န်ထမ်းတွေ ခန့်အပ်ကြမလဲဆိုတာလည်း စဉ်းစားဖို့ လိုလာပါပြီ။ အထက်မှာ ဖော်ပြခဲ့သည့် အတိုင်း ICTဆိုတာ နည်းပညာတစ်ခုတည်း မဟုတ်တဲ့အတွက် အရာအားလုံးပါ၀င်မှ၊ ပြည့်စုံမှဖြစ်တဲ့အတွက် လုပ်ငန်းအောင်မြင်ဖို့ အရေး ၀န်ထမ်းတွေရဲ့ အခန်းကလည်း အလွန်တစ်ရာမှ အရေးကြီးလှပါသည်။ ဒါကြောင့်

၁။ Information Systemကို User Level အသုံးပြုတတ်သည့် ၀န်ထမ်းများ၊ Operatorများ။

၂။ Information Systemကို လိုအပ်ပါက အရေးပေါ် ပြင်ဆင်နိုင်ရန်၊ ဖြည့်စွက်နိုင်ရန်၊ Software တီထွင်မှုကို နားလည်သော Programmerများ။

၃။ Hardwareနှင့် Networkများကို ထိန်းသိမ်း ပြုပြင်မှုအတွက် ကျွမ်းကျင်သော System Engineerများ။

၄။ Information Systemကို စဉ်ဆက် မပြတ် ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ကြီးကြပ် ဆောင်ရွက်နိုင်သော System Administratorတွေအပြင်၊

၅။ ICT နည်းပညာကို လုပ်ငန်းအတွက် အကျိုးအများဆုံး ဖြစ်ရန် အုပ်ချုပ် ဆောင်ရွက်ပေးသည့် IT Management ပြုလုပ်နိုင်သည့် IT Managerတို့ ပြည့်စုံဖို့ လိုအပ်ပါသည်။

စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာကို အသုံးပြုသည့်အတွက် အကျိုး ဖြစ်ထွန်းမှုများ ရရှိနိုင်ရန်မှာ ICTကို အောင်မြင်စွာ အသုံးချနိုင်မှသာ ဖြစ်ပါသည်။ ICTကို အသုံးပြုသော်လည်း အောင်မြင်စွာ အသုံးမချနိုင်လျှင် အကျိုး ဖြစ်ထွန်းမှုကို ကောင်းစွာ ရရှိနိုင်မည် မဟုတ်ပါ။

စီးပွားရေး လုပ်ငန်းများတွင် ICTကို အောင်မြင်စွာ အသုံးချနိုင်ရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ရာတွင် အခက်အခဲများ ကြုံတွေ့နိုင်သည်ဖြစ်ရာ ယင်းအခက်အခဲများကို ကျော်လွှား နိုင်စေရန်အတွက် တွေ့ကြုံနိုင်သည့် အခက်အခဲ၊ ပြဿနာများကို ကြိုတင် ဆန်းစစ် သိရှိထားနိုင်ရန်လည်း အထူးပင် လိုအပ်လှပါကြောင်း သိမှတ် ထားသလောက် တင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့သည်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *