News

မလိုအပ်ပဲ ဘီလီယံပေါင်း များစွာ ကုန်ဆုံးနေရ…

ပြည်တွင်းမှာ အရင်ကထက် Emailကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြသည်နှင့်အမျှ Spramတို့၊ Junk တို့လို စကားမျိုးတွေကို နေ့စဉ်နှင့်အမျှ ကြားသိနေရမှာပါ။ ကိုယ်ရဲ့ Email (မြန်မာပြည်မှာတော့ Gmail) Inboxထဲမှာ ကုမ္ပဏီတစ်ခုကပဲဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ယောက်ကပဲ ဖြစ်စေ၊ ကိုယ်နှင့် တစ်ခါမှ မပတ်သက်ဘူးပဲ ပို့ထားတဲ့ Emailတွေ တွေ့နေရပြီဆိုရင်တော့ သတိထားပြီး သေချာကာ စဉ်းစားပြီးမှ ဖွင့်ကြည့်ပါ။ အကြောင်းအရာတွေကတော့ အစုံပါပဲ။
‘‘သင် တစ်ပတ်အတွင်း ပိန်အောင်စွမ်းဆောင်ပေးနို်င်မည့်ဆေး’’
‘‘ကြီးထွားအောင် လုပ်ပေးနို်င်သည့်ဆေး’’
‘‘အာဖရိကက ကလေးတစ်ယောက် ဆင်းရဲနွမ်းပါးသည့်အတွက်
$2 လောက် အလှူခံသည့်စာ’’ အစုံပါပဲ။
Emailကို နှစ်ပေါင်းများစွာ သုံးလာဖူးသူများကတော့ ထိုသို့ Emailတွေ Inboxထဲမှာ တွေ့တာနဲ့ တစ်ခါတည်း Delete လုပ်လိုက်တာတို့၊ Sender (ပို့တဲ့သူ)ကို Block လုပ်လိုက်တာတို့ လုပ်လေ့လုပ်ထရှိကြပါတယ်။ ဒါပေမယ့် Emailအသုံးပြုတာ မကြာသေးဘူးဆိုသူများကတော့ ထိုလို Emailများကို ယောင်ယောင်မှားမှား ဖွင့်ကြည့်တတ်ကြပါတယ်။
ဖွင့်ကြည့်ချင်တဲ့ အကျိုးဆက်ကတော့ ကိုယ့် Computerထဲ Vinrsတွေ ၀င်နိုင်တယ်၊ Credit Card သုံးလို့ရတဲ့ နို်င်ငံမျိုးမှာ ထိုသို့ Emailတွေကို ဖွင့်ကြည့် ဖတ်ရှုပြီး စာနာ သနားစိတ်နှင့် အလှူခံတာတွေကိုလည်း အင်တာနက်ပေါ်မှ တစ်ဆင့် ပိုက်ဆံတွေ ပေးပို့တာ ရှိသလို၊ ပိ်န်ချင်သူများကလည်း အင်တာနက်ပေါ်မှ ပိုက်ဆံပေးပြီး တစ်ခါတည်း ဆေးကုမ္ပဏီအတုဆီသို့ ပိုက်ဆံလွှဲပြီး ဆေး၀ယ်တာတွေ အစရှိသည်ဖြင့် အများကြီး ရှိပါတယ်။
ကမ်ဘာတစ်၀ှမ်းမှာ ထိုသို့ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်လျှက်ရှိသည်များကို လေ့လာသုံးသပ်သူများ၏ စူးစမ်းတွေ့ရှိချက်များကိုလည်း တင်ပြသွားပါသည်။
www.theatlantic.com၏ သတင်းများအရ ၉၄ မီလီယံရှိတဲ့ Spam Emailတွေ ကမ်ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာ အသုံးပြုသူများထံ နေ့စဉ်နှင့်အမျှ ရောက်ရှိနေပြီး ကမ်ဘာပေါ်မှာ ထို Emailကို နားမလည်ဘဲ ဖွင့်ကြည့် အသုံးချမိတဲ့အတွက်ကြောင့် ဒေါ်လာ 20 ဘီလီယံ၀န်းကျင်ခန့် ပိုက်ဆံတွေကို အကြောင်းအမျိုးမျိုးကြောင့် မလိုအပ်ပဲ ကုန်ဆုံးစေပါတယ်လို့ ဆိုထားပါတယ်။ ထိုသို့ ကုန်ဆုံးစေခဲ့တဲ့ အကြောင်းအရင်းထဲက တစ်ခုကတော့ ကမ်ဘာ့နာမည်ကြီး Email ကုမ္ပဏီတွေဖြစ်တဲ့ Yahooတို့၊ Googleတို့က ထိုသို့ များပြားလှသည့် Spamတွေကို Block လုပ်ဖို့ Softwareတွေ အချိန်ကြာမြင့်စွာ၊ ငွေကြေးများစွာ အကုန်ခံပြီး ရေးသားခြင်းတွေကြောင့်လည်း ပါ၀င်ကြောင်း The Huffington Postမှ ရှင်းပြထားပါသည်။
မလိုအပ်ဘဲ ဘီလီယံနှင့်ချီ ကုန်ဆုံးစေခြင်းကတော့ ထို Spamတွေကို Block လုပ်တဲ့ Software တွေက ဘယ်လို အချိန်ကုန်ခံရေးရေး၊ အကျိုးမရှိ၊ မထိရောက်ပဲ အသုံးပြုသူများက ဖွင့်ကြည့်နေတုန်းမို့လို့ ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။ The Econoics of Spamလို့ အမည်တွင်တဲ့ Googleမှ Researcher နှစ်ဦး ပြုစုထားသည့် Reportမှာတော့ Spammer (Spam Emailတွေ ပို့နေသူ)တွေက သူတို့ ထင်ထားသလို ဒီနေ့ခေတ်ကြီးမှာ ပိုက်ဆံအများကြီး လိမ်လည် ရရှိ မနေတော့ပဲ၊ ကမ်ဘာပေါ်မှာ လည်ပတ်နေသည့် ပိုက်ဆံတွေကို မလိုအပ်ပဲ ကုန်ဆုံးစေနေတာလို့လည်း သုံးသပ်ထားပါသေးသည်။
ထို့ကြောင့် ပြည်တွင်းမှာ Email ပေါ်မှီပြီး အလုပ် လုပ်နေကြသည့် ကုမ္ပဏီများလည်း Spamနှင့် ပတ်သက်သည့် အခြေခံ အချက်အလက်များကို ၀န်ထမ်းများအား နားလည်အောင် ရှင်းပြထားသင့်ပါသည်။ မလိုအပ်သည့် အပေါစား Softwareတွေ ၀ယ်ပြီး Spamတွေကို Block လုပ်မည့်အစား၊ Spam Emailတွေကို နားလည်ပြီး ဖွင့်မကြည့်တာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း တင်ပြလို်က်ရပါသည်။

author-avatar

About Myo Zin

အမည်ရင်းမှာ မျိုးဇင်ကိုဖြစ်ပြီး Myanmar ICTတွင် နည်းပညာသတင်းများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းစသည့် IT ပစ္စည်းများအကြောင်း ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *