Health, Opinion

တက်တာထက် ပိုကြောက်ဖို့ ကောင်းတဲ့အကျ

လောကကြီးတွင် “အတက် အကျ”ဟူ သည် အခြားသော ဆန့်ကျင်ဘက်အရာများ နည်းတူ ဒွန်တွဲနေသည်။ အတက်ရှိလျှင် အကျလည်း ရှိရမည်မှာ မလွဲမကန်ဟု သတ်မှတ်နိုင်သော်လည်း ကာလအတန် ကြာ (အထူးသဖြင့် လူ့ဘဝတစ်လျှောက်) မကျမခြင်း “အတက်”ဆိုသည်ကိုပဲ ကြုံတွေ့ ရဖူးသူများ ရှိသကဲ့သို့ “အတက်”ဆိုသည်မှာ ရှိတောင်ရှိရဲ့လားဟု သံသယဖြစ်ရ လောက် အောင် “အတက်”နှင့် မကြုံရဘဲ “အကျ ဘက်၌သာ နေသွားရသူများလည်း ရှိပေ သည်။ ဤသည်မှာ လောက သဘောဝ တရားကို ယေဘူယျအားဖြင့် ဆန်းစစ် တင်ပြရခြင်း ဖြစ်ပါသည်။ စာရေးသူတို့ ဆရာဝန်တစ်ဦးအနေဖြင့် လောကဓံနှင့် ဘဝဇာတ်ခုံ အနိမ့်အမြင့်ပေါင်းများစွာနှင့် တွေ့ဆုံကြုံတွေ့ဖူးသကဲ့သို့ ရောဂါပေါင်းစုံ၏ “အတက်၊ အကျ”မျိုးစုံကိုလည်း ကုသပေးရ ဖူးသည်။ ထို့ကြောင့်လည်း “သန်းခြောက် ဆယ်ရှိသော မြန်မာပြည်သူလူထု”အတွက် အရေးပါသော အကျိုးပြု ပညာရှင်များဟု သတ်မှတ်ရပေသည် မဟုတ်ပါလော။
*……….*……….*……….*

“ဆရာ၊ ဆရာ အဘွားသတိလစ်သွားလို့ ခဏလိုက်ကြည့်ပေးပါ” ညသန်းခေါင်ကျော် အချိန်မတော်ကြီး အိမ်ရှေ့မှ တံခါးခေါက်၍ ဖွင့်ပေးလိုက်ရာ (၃)လမ်းမှ မိတ်ဆွေတစ်ဦး ၏ သားငယ်လေးက လာပင့်သည်ကို တွေ့ရ သည်။ အရေးပေါ်ဆေးပုံး (Emergency Box)နှင့် ဆေးဝါးများကို တစ်ပါတည်း ယူ၍ ဖဝါးနှင့် တင်ပါး တစ်သားတည်း ကျအောင် ပြေးရသည်။
မြို့ကြီးပြကြီးများရှိ ဆရာဝန်များ၏ ဘဝ နှင့် စာရေးသူတို့ ဘဝကား ခြားလှသည်။ အချိန်မတော် လူနာခေါ်လျှင် အိမ်ပင့်လျှင် မလိုက် (စေတနာဖြင့် လိုက်ကြည့်မိ၍ အေး ဓားပြတိုက်ခံရခြင်း၊ မရိုးသားသော သေဆုံး မှုများ၏ ဆင်ထားသော အကွက်ထဲ ဝင်သွား မိခြင်းတို့ ကြုံတွေ့တတ်ရသောကြောင့် ဖြစ် သည်) လူနာတို့အဖို့လည်း ထိုဆရာဝန် မလိုက်လည်း မနစ်နာ။ (၂၄)နာရီ အထူးကု ဆေးခန်းများကား တစ်ရပ်ကွက်တွင် အနည်းဆုံး တစ်ခုရှိသည် မဟုတ်ပါလော။

အထူးကုဆေးခန်း မရှိတောင် အစိုးရ ဆေးရုံ ကြီးများကား အဆင်သင့်။ ဆေးခန်း ချိန် အတွင်း လာပင့်၍ လိုက်ကြည့်မည် ဆိုလျှင် လည်း Transportation အနည်းဆုံး ဆိုက် ကားလောက်တော့ပါမှ။ စာရေးသူတို့ မြို့ လေးကား မငယ်လွန်း၊ မကြီးလွန်း၍ “ကိုဖြူ ကိုမည်း”အားလုံး သိကြသည်။ Urbanization မြို့ပြဆန်မှု တိုးတက်မှု (ယခုခေတ် မီဒီယာ ဆရာများ ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာမှု အမြဲသုံးနေသည့် လက်ကိုင်တုတ် မရှိသေး ၍လားတော့ မသိ။ စာရေးသူတို့ မြို့နေလူထု အားလုံးသည် ဘာသာတရား ကိုင်းရှိုင်း ကြသည်။ လူကြီးကို ရိုသေကြ သည်။ မိမိ၏ အထက်အရာရှိ မဟုတ် လင့်ကစား ဝန်ထမ်း များကို လေးစားသည်။ ကျောင်းဆရာ၊ ဆရာမများကို ရိုသေသည်။ ဆရာဝန် ဆရာမများကိုလည်း ရှေးခေတ် မြန်မာတို့ ကဲ့သို့ပင် ရိုသေ လေးစားကြ သေးသည်။

ဆရာဝန်ကို “မနာလိုစေရာ လူတန်းစား”ဟု မမြင်၊ မိမိတို့ လိုအပ်သည့် အချိန်၊ လိုအပ်သည့်ကာလတွင် ဆင်းရဲ ချမ်းသာ မရွေး ကျန်းမာရေး ပြဿနာများနှင့် အသက်စည်းစိမ်ကို ကာကွယ် စောင့်ရှောက် ပေးနေသည့် ကျေးဇူးရှင် များအဖြစ် အသိ အမှတ် ပြုသေးသည်။ ကောက်ကျစ် စဉ်းလဲ သော အကြံဉာဏ်ဖြင့် ဆရာဝန်အား ပျက်စီး စေရန် မကြံဆောင် ကြသဖြင့် စာရေး သူတို့ ၏ စိတ်၌ “သံသယ”နှင့် “ပူပန်စိုးရိမ်စိတ်” မရှိဘဲ ခေါ်ရာနေရာကို ခေါ်သည့် အချိန်၌ ရဲရဲလိုက်သည်။ “ဆေးရုံပဲ သွားပြ လိုက်ပါ” ဟု ပြောလို့လည်း မဖြစ်။ ဆေးရုံက ဆရာဝန်လို့လျှင်လည်း မိမိသာ သွားရမည် ပဲ။ ထို့ကြောင့် အချိန်မလင့်ဘဲ အသက်တစ် ချောင်းကယ်နို်င်ဖို့အရေး ပြေးရခြင်းပင် တည်း။ ထို့ကြောင့်လည်း “တစ်ဦး မေတ္တာ တစ်ဦး စေတနာ”ဟု ဆိုခြင်းတည်း။
*……….*……….*……….*

“ဆရာ အမေက ဆီးချိုရှိတယ်လေ၊ ရန်ကုန်တက်ပြရင်း ဆရာမကြီးပေးတဲ့ ဆေး တွေကို သောက်နေတာ နှစ်လလောက် ရှိသွားပြီ။ တော်တော်သက်သာနေရာကနေ ဒီညနေလောက်က စပြီး မူးတယ် ရင်တုန် တယ် ဆိုပြီး စဖောက်လာတော့တာပါ”
လူနာကို အရေးကြီးသော စမ်းသပ်မှုများ ပြုရင်း လူနာရှင်၏ ရောဂါရာဇဝင်ကို နား ထောင်ရသည်။ ဆီးချိုသည်ဟု ပြောသည် ကိုက စာရေးသူတို့အဖို့ ရောဂါ ကောက် နှုတ်ချက် ချဖို့ရာ အထူးတန်ဖိုးရှိ၍ ကျေးဇူး တင်ရသည်။ ဆီးချို၊ သွေးချိုဟု လူသိများ သော Diabetes Mellitus ရောဂါသည်ကား ခန္ဓာတစ်ခုလုံးကို ဒုက္ခပေးနိုင်၍ ဖြစ်နိုင်သည့် ပြဿနာများသည်။
“အဲဒါနဲ့ ဘာဆေးတိုက်လိုက်လဲ”

“ဟုတ်ကဲ့၊ ဆေးကတော့ မပြတ်ပါဘူး။ ဆရာမကြီးပေးတဲ့ ဆေးလည်းတိုက်၊ အစား လည်း ရှောင်တယ်”
“ဆရာ့ကို မကွယ်ဝှက်တမ်း ပြောရရင် အဲဒီအင်္ဂလိပ်ဆေးတွေအပြင် သူများတွေ ညွှန်တဲ့ ဗမာဆေးလေးပါ တိုက် ထားမိတယ် ဆရာ”
ဖြစ်နိုင်ချေရှိသည်များထဲမှ တစ်ခုကို ဒေါက်တာပီတိ ထင်လိုက်မိသည်။ ထိုသို့ ထင်ထင်မထင်ထင် ဆီးချို ရောဂါသည် တစ်ဦးကို ဆေးကုရမည်ဆိုလျှင် ၎င်း၏ သွေးထဲရှိ အချိုပမာဏ (Blood Sugar)ကို သိရန် လိုအပ်သဖြင့် Glucometer (သွေးချို တိုင်း ကိရိယာ)ကို ဆောင်မြဲဖြစ်၍ သွေးချို ဓာတ် ဖောက်ကြည့်မိသည်။ထင်သည့် အတိုင်းပင် 35 mg%……

“ဒီတစ်ခါက သွေးချိုတက်တာ မဟုတ် ဘူး။ အကျလွန်တာ။ ကျတာက အသက် အန္တရာယ်တောင် ရှိတယ်” လူနာရှင် မိသား စုကို ပြောရင်း သွေးချို ဇာတ်တက် လာနိုင်သမျှ တက်လာအောင် Glucose ထိုး ပေးပြီး မိနစ်နှစ်ဆယ်ခန့်အကြာတွင် လူ နာပြန် သတိရလာသည်။ အားလုံး သက် ပြင်းချရပြီ။ သို့သော် စိတ်မချရသေး။ သွေးချို စစ်ကြည့်သည်။ 10Bmg%
“အမေ့ကို ဒီညဆေးရုံတင်ထားမယ်။ အခုလက်ရှိတော့ သွေးချိုက ပြန်မှန်လာပေ မယ့် အတက်အကျ မငြိမ်တာ ရှိနိုင်သေး တယ်။ အဲဒီတော့ တောက်လျှောက် Monitor စောင့်ကြည့်ရမယ်”
*……….*……….*……….*

ကျေးဇူးရှင် ဆရာသခင် ပါမောက္ခ ဆရာ ကြီးများ၊ သမား တော် ကြီးများမှ မချွင်းမချန် သင်ပေး ခဲ့၍သာ စာရေး သူတို့ ယခုကဲ့သို့ “လူ့အသက်” များကို ကယ်နိုင်ခြင်း ဖြစ်ပါ သည်။ မည်သူတွေ မည်မျှပင် ပုတ်ခတ် ပြောဆို ရှုံ့ချကြပါစေ၊ စာရေးသူ လူနာနှင့် လူနာတို့၏ မိသားစုကား စာရေးသူနှင့် ဆေးရုံ ဝန်ထမ်းများ၏ ကူညီ စောင့်ရှောက်မှုကို “တန်ဖိုးမဖြတ်နိုင်ပါ”ဟု အသိအမှတ် ပြုကြ သဖြင့် မိမိ၏ စွမ်း ဆောင်နိုင်မှုနှင့် ရွေး ချယ်ခဲ့သော အနာဂတ် ဘဝလမ်းတို့အတွက် အားရကျေနပ်မိသည်။ အပြစ်မြင် အပုတ်ချ တတ်သော လူစားမျိုး မှာ လက်တဆုပ်စာမျှ ရှိသော်လည်း ကျေးဇူး တင်နေမည့်သူဦးရေမှာ နည်းမည် မဟုတ်။ ထို့ိ ကြောင့် ဤနယ်လေးမှ မြို့ကြီးပြကြီးသို့ တာဝန်ဖြင့် ပြောင်းရွှေ့ရမည်။ အထူးကု သင်တန်း တက်ရောက်ရမည်ကိုပင် တွေး ကြောက်မိသည်။

သာမန်အားဖြင့် ဆီးချိုသွေးချို ရောဂါရှိ သူနှင့် မိသားစုအများစုမှာ သွေးချိုဓာတ် အလွန်အမင်းတက်သွားမည်ကို အားလုံး ကြောက်ကြသည်။ ရောဂါရှိကြောင်း စသိ ချိန်မှ စ၍ ကျန်းမာရေး ပြဿနာတက်တိုင်း သွေးချိုတက်သည်က အဖြစ်များသော ကြောင့်လည်း ဖြစ်သည်။ သို့သော် အသက်မမီလောက်အောင် ကြောက်စရာ ကောင်းသော သွေးချိုဓာတ်ကျ ဆင်းခြင်း ကိုကား အများစု သတိမပြုမိကြ။ ဆိုခဲ့ပြီး သော စာရေးသူ၏ လူနာကဲ့သို့ သွေးချို၊ ဆီးချိုရောဂါသည်တစ်ဦးအဖို့ ခေါင်းမူးခြင်း၊ ချေွးစေးပြန်ခြင်း။ ကတုန်ကယင်ဖြစ်ခြင်း၊ ရင်တလှပ်လှပ်တုန်ခြင်း စသည့် ကနဦး လက္ခဏာများမှအစ ခြေလက်ထုံကျဉ်ခြင်း၊ တုန်ရင်ခြင်း၊ မလှုပ်နိုင်၊ မထနိုင်၊ လျှာလေး လာခြင်း၊ မူးလဲခြင်း တက်သွားခြင်း သတိ လစ်သွားခြင်း အစရှိသည်တို့ဖြစ်လျှင် သွေးချို တက်၍လော၊ တက်သွားခြင်း အကျလွန်၍ လော စဉ်းစားရတော့မည်။ “ဒါဖြစ်ရင် သွေးချိုတက်တာပဲ၊ ဒါဖြစ်ရင် ကျတာပဲ”ဟူ၍ ကွဲကွဲပြားပြား လက္ခဏာမရှိ၍ အမှန် တကယ် တက်မတက်ကျမကျကို သွေးချို ဓာတ် ဖောက်ကြည့်မှ သိပါမည်။ သွေးချို တိုင်း ကိရိယာမရှိလျှင်တော့ စာရေးသူတို့ ကံစမ်းမဲ ထိုးရတော့မည်။

ထိုသူကို သကြား နှစ်ဇွန်းမျှ ကျေွးကြည့်ပါ။ သွေးချိုဓာတ်ကျ ဆင်းခြင်းသည် သွားပင့်သော ဆရာဝန် ကြွမလာမီ အသက်ဆုံးရှုံးနိုင်သဖြင့် မိသားစု မှ ရှေးဦး ပြုစုထားသင့်သည်။ သတိထား ရမည်မှာ ရောဂါကို ဆေးပေါင်းစုံဖြင့် တန် ဆေး လွန်ဘေး ဖြစ်သည်အထိ ကုမိသူများ ဖြစ်သည်။ အစားအသောက်လည်း မထိန်း၊ ဆေးလည်းမသောက်သူများလည်း သွေးချို ကျနိုင်သော်လည်း တက်ဖို့ရာက များသည်။ သကြားခဲနှစ်ခဲမျှ ကျေွးလိုက်ခြင်းသည် ပင်လယ်ရေထဲ ဆားတစ်အိတ် ပက်မိသကဲ့ သို့ပင် ဆီးချိုတက်နေသူအတွက် ထူး၍ ပိုဆိုးသွားစရာ မရှိသော်ငြား၊ ကျနေသူတို့ အတွက်မူ သတိလစ်နေရာမှ ထထိုင်၊ ထ စကားပြောလာနိုင်သည်အထိ စွမ်းသည်။ အင်္ဂလန်ရှိ တော်ဝင် သမားတော်ကြီးများ ကော်လိပ် (Royal College of Physicians) ၏ အဆိုအရ 15-20 Grams of Carbehy-chatကို ကျေွးခြင်းဖြင့် အသက်အန္တရာယ်ရှိ သော သွေးချိုကျခြင်းကို မိသားစုမှ ကုသ နိုင်သည်ဟု ပါရှိသည်။ ထို 5Gramဆိုသော ပမာဏသည်ကား
အချိုရည်ခွက်တစ်ဝက်၊ (၄)အောင်စရှိ အချိုရည် ပမာဏ၊ သကြားလက်ဖက် ရည်ဇွန်း (၄)ဇွန်း၊ ဟင်းခတ်ဇွန်း (၂)ဇွန်း၊ ပျားရည်ဆိုလျှင် ဟင်းခတ်ဇွန်း (၁)ဇွန်း တို့ပင် ဖြစ်သည်။

သိပ္ပံနည်းကျ အထောက်အထားဖြင့် ပြောရလျှင်လည်း Whipple’s Triadဟူသော သုံးပွင့်ဆိုင် လက္ခဏာများတွင် သွေးချို ဓာတ်တိုင်း ကြည့်လျှင် နည်းခြင်း၊ သွေးချို နည်းသော လက္ခဏာများ ရှိခြင်းနှင့် အချို ဓာတ်ပေးလိုက်သည်နှင့် ချက်ချင်း ပြန် ကောင်းလာခြင်းတို့ ပါဝင်သည်။ Glucogel (သို့) Hypostop Getဟူသော အချိုခဲလေး များကိုကား ဆီးချိုရှိသူတို့၏ မိသားစုတိုင်းကို ဆောင်ထားခိုင်းကြသည်ဟု ဆိုပါသည်။ ဆေးရုံ၊ ဆေးခန်းရောက်လျှင်တော့ သက် ဆိုင်ရာ သမားတော်မှ စမ်းသပ် စစ်ဆေး မှုများ ပြုပြီး ဆေးတိုး ဆေးလျှော့ခြင်း လုပ်ရပေမည်။ အချုပ်အားဖြင့် ဆိုရလျှင် ဆီးချိုသွေးချိုရောဂါရှိသူအများစု ကြုံတွေ့ ရ သည်မှာ ဒုက္ခပေးလှသော သွေးချို တက်ခြင်း ဖြစ်သော်လည်း အသက် အန္တရာယ်ရှိသော သွေးချိုကျခြင်းများလည်း ရှိပါလား ဟူ၍ ဗဟုသုတရစေလိုခြင်း ဖြစ်ပါသည်။ “လှေ နံဓားထစ်” ဒါကျတာပဲ ဟူ၍လည်း အမှတ် မမှားရအောင် သတိထား စေလိုကြောင်း တင်ပြ ရေးသားလိုက်ရပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on “တက်တာထက် ပိုကြောက်ဖို့ ကောင်းတဲ့အကျ

  1. may thu kyaw says:

    သေသေချာမှတ်ထားရမယ်…….အခုမှသိသွားတော့တယ်

Leave a Reply

Your email address will not be published. Required fields are marked *