Apps

Chrome Extensions တွေရဲ့ Memory အသုံးပြုမှုကို ဘယ်လိုသိနိုင်မလဲ

Google Chrome Browser ဟာ အကောင်းဆုံး Browser တွေထဲကတစ်ခုဖြစ်ပြီး Browser ရဲ့ Function ကိုထပ်ဖြည့်ပေးနိုင်တဲ့ Extensions တွေလည်းများစွာရှိပါတယ်။ ဒါပေမယ့် Extension တွေဟာ သင့်ကွန်ပြူတာရဲ့ Memory ကိုအသုံးပြုကြပါတယ်။အဲဒီအတွက် Extensions တွေအများကြီးအသုံးပြုတာပဲဖြစ်ဖြစ်၊ Memory အသုံးပြုမှုများတဲ့ Extensions တွေကို အသုံးပြုတာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမှာ သင့် System ကိုလေးလံစေပါတယ်။ Memory နည်းတဲ့စက်တွေမှာဆို ပိုသိသာပါတယ်။

Extension တွေရဲ့ Memory အသုံးပြုမှုကိုသိနိုင်ဖို့ အတွက် Chrome မှာ Built-in Tool ပါရှိပါတယ်။ Task Manager လို့ခေါ်ပြီး Toolbar က Menu Icon>Tools>Task Manager ကိုနှိပ်ပါ။ Shortcut Key အသုံးပြုချင်ရင်တော့ Shift + Esc ကိုနှိပ်ပါ။

chrome

ဒါဆိုရင် Chrome Task Manager ပေါ်လာမှာဖြစ်ပါတယ်။ ၀င်းဒိုးကို အကြီးချဲ့ကြည့်လို့ရပါတယ်။ အဲဒီမှာ Chrome Extension တွေရဲ့ Memory အသုံးပြုမှုကိုတွေ့နိုင်ပြီး Memory အသုံးပြုမှုများတဲ့ Extension တွေကို မှတ်သားထားပြီး Uninstall လုပ်နိုင်ပါတယ်။

chrome-1

မရှိမဖြစ်အသုံးပြုရမယ့် Extension ဆိုရင်လည်း တစ်ခြား Memory အသုံးပြုမှုနည်းတဲ့ Extension တွေနဲ့ လဲလှယ်အသုံးပြုပါ။ Google Chrome Web Store မှာ Extension များစွာရှိပြီး သင်အသုံးပြုတဲ့ Extension Page ကိုသွားပါ။ပြီးရင် Related tab ကို နှိပ်ပါ။ဒါဆိုရင် Function တူတဲ့ Extension တွေကိုတွေ့နိုင်ပြီးလဲလှယ်သုံးနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *