Apps

Apple ရဲ့ OS X Mavericks ဆိုတာဘာလဲ

OS X Mavericks ကိုမနေ့က Apple Event မှာအခမဲ့ ရရှိနိုင်ပါတယ် လို့ ကြေညာခဲ့ပါတယ်။ Version အသစ်မှာ Features အသစ်တွေများစွာပါရှိလာပါတယ်။ Mavericks OS ဆိုတာဘာလဲ ဆိုတာ ဗဟုသုတအနေနဲ့လေ့လာရအောင်ရေးပေးလိုက်ပါတယ်။ Windows နဲ့ Apple ရဲ့ Mavericks ဘာတွေကွာခြားလဲဆိုတာစာဖတ်သူ သုံးသပ်ကြည့်ပါအုံး။

apple1

Tags တွေဟာ သင့်ဖိုင်တွေကို Organize လုပ်ဖို့လွယ်ကူအောင်အထောက်အကူပြုပါတယ်။ OS X အသစ်မှာအဲဒါကိုသုံးလို့ရပါပြီ။ Finder ကနေ ဖိုင်တွေအပေါ်ကို Right-Click နှိပ်ပြီး Tag လုပ်နိုင်သလို ဖိုင်အသစ်တွေပြုလုပ်ရင်းတစ်ခါတည်း Tag လုပ်နိုင်ပါတယ်။

Finder Tabs

apple2

Tags တွေသာမကဘဲ Finder ကလည်းပိုကောင်းလာပါတယ်။ Window တွေအများကြီးဖွင့်စရာမလိုတော့ဘဲ Browser တွေမှာလို Tab တွေအသုံးပြုလို့ရလာပါတယ်။ Finder Window မှာ Tab အသစ်တစ်ခုယူဖို့ Command + T ကိုနှိပ်ပါ။

Multiple Displays

apple3

Windows မှာလိုမဟုတ်ဘဲ Mavericks မှာ Desktop or Display တစ်ခုထက်ပိုအသုံးပြုလို့ရပါတယ်။အခု Mavericks အသစ်မှာတော့ Multiple Desktop တွေကိုကိုင်တွယ်ဖို့ပိုမိုလွယ်ကူအဆင်ပြေအောင်လုပ်ပေးထားပါတယ်။အခုအသစ်မှာ Dock , Menu Bar ကို Screen အားလုံးမှာမြင်တွေ့ရမှာပါ။ Spaces လို App တွေကိုလည်း Drag and Drop လုပ်ပြီး Screen တစ်ခုနဲ့တစ်ခု ကြားကူးပြောင်းနိုင်ပါပြီ။

Calendar

apple4

Calendar ကတော့ ဒီဇိုင်း လုံး၀ပြောင်းလဲသွားပြီး Facebook Events တွေကိုပါကြည့်နိုင်တဲ့ Week View အသစ်ပါရှိလာပါတယ်။ Inspector View ကတော့ သင်သွားမယ့် ခရီး ရဲ့ Travel Time, Weather, Map တွေကိုပြပေးမှာပါ။

Maps

apple5

Apple Maps ကို Mavericks ကို ပထမဆုံးယူဆောင်လာတာပါ။ iOS Version က Maps နဲ့အသုံးပြုပုံကတော့များသောအားဖြင့်တူညီပါတယ်။သတင်းအချက်အလက်တွေကို ရယူ တာလည်းတူတူပဲဖြစ်ပါတယ်။ Maps ကနေ နေရာတွေရှာနိုင်ပြီး လမ်းပိတ်ဆို့မှုတွေကိုပါသိနိုင်ပါတယ်။ Maps ကဒေတာတွေကို iOS Device တွေကိုပို့ချင်ရင် Share Button ကိုနှိပ်ပြီးအလွယ်တကူပို့နိုင်ပါတယ်။

iBooks

apple6

iBooks ကိုလည်း Desktop ကိုပထမဆုံးယူဆောင်လာတာပါ။ Kindle Apps လိုပဲ Notes , Reading တွေကို သင့် Devices တွေအားလုံးမှာ Sync လုပ်နိုင်ပါတယ်။ သင်၀ယ်ထားတဲ့စာအုပ်တွေကို iPad ကနေ Desktop က iBook ကိုအလွယ်တကူ Sync လုပ်လို့ရလာပါပြီ။စာအုပ်မှာ Highlight လုပ်ထားတာတွေ၊ Notes မှတ်ထားတာတွေပါ ပါရှိလာမှာပါ။

Notifications

apple7

Notifications ကလည်း အလွန်ကောင်းမွန်လာပါတယ်။ IM, Facetime, Email စတာတွေက Notifications တွေအားလုံးကို Reply လုပ်ဖို့ App ကိုဖွင့်စရာမလိုဘဲ Notification Screen ကနေပဲပြုလုပ်လို့ရလာပါတယ်။ Websites တွေက Notifications တွေကိုလည်း Safari Browser ကနေတစ်ဆင့် Notification Screen ကိုရောက်အောင်ပြုလုပ်ထားနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “Apple ရဲ့ OS X Mavericks ဆိုတာဘာလဲ

Leave a Reply

Your email address will not be published. Required fields are marked *