News

ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံခဲ့ရသည့် နိုင်ငံခြား ကုမ္ပဏီအချို့အား MPT က ပူးပေါင်းရန် ကမ်းလှမ်း

Vodafone နှင့် Orange ကုမ္ပဏီများ အပါအ၀င် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံရသည့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီအချို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကပူးပေါင်းရန်ကမ်းလှမ်းထားကြောင်း နိုင်ငံတကာသတင်းများအရ သိရသည်ဟု ဆိုသည်။

မြန်မာအစိုးရက ၎င်းကုမ္ပဏီများကို MPT၏ လက်တံ ကုမ္ပဏီအဖြစ် ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပြုမည်ဟု ကမ်းလှမ်းထားပြီး လက်ရှိ MPT တွင် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်၊ စည်းမျဉ်းများနှင့် သီးခြားလုပ်ကိုင်ခွင့် ပြုမည်ဟု သိရသည်။ MPT က ကမ်းလှမ်းခဲ့သော ကုမ္ပဏီများတွင် Singtel ကုမ္ပဏီလည်း ပါ၀င်နေပြီး Digicel ကိုမူ ကမ်းလှမ်းထားခြင်း ရှိ မရှိ ရှင်းလင်းစွာ မသိရသေးဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် နိုင်ငံခြား ကုမ္ပဏီများကို ယခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ပြီး အောင်မြင်သည့် ကုမ္ပဏီ နှစ်ခုကို ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ဆက်သွယ်ရေး တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီနှစ်ခုမှာ တယ်လီနော ကုမ္ပဏီနှင့် အော်ရီဒူး ကုမ္ပဏီတို့ ဖြစ်ကြပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ လုပ်ငန်းများ ဆောင်ရွက်ရန် စီအီးအိုများ ခန့်အပ်ပြီးဖြစ်ကာ လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ယင်းကုမ္ပဏီနှစ်ခုစလုံးက မြန်မာအစိုးရထံမှ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိအပြီး ရှစ်လအတွင်း ဆင်းမ်ကတ်များ စတင်ရောင်းချ၍ ၀န်ဆောင်မှုများပေးသွားမည်ဟု ဆိုထားသော်လည်း အစိုးရက ယခုအချိန်အထိ လိုင်စင်ချမပေးသေးကြောင်း သိရသည်။ ၎င်းကုမ္ပဏီ နှစ်ခုက ဆက်သွယ်ရေး တာါတိုင်များကို မျှဝေသုံးစွဲသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် တယ်လီဖုန်း သိပ်သည်းဆမှာ ၁၁ ဒဿမ ၁ ရာခိုင်းနှုန်းသာ ရှိသေးသဖြင့် လာမည့် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှာ ရာခိုင်နှုန်း ၈၀ အထိ တိုးမြှင့်ရန် တယ်လီနော၊ အော်ရီဒူး၊ MPT နှင့် အခြားအော်ပရေတာ တစ်ခုတို့က ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ဆက်သွယ်ရေး ကွန်ရက်ကို တိုးချဲ့ရန် တာဝါတိုင် ရှစ်သောင်းကျော်ကို စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမှ သုတေသန အဖွဲ့အစည်းအချို့က ၂၀၁၅-၂၀၁၆ တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ရာခိုင်နှုန်း ၅၀ ကျော်သို့သာ ရောက်ရှိနိုင်သေးကြောင်း ခန့်မှန်းထားကြသည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

4 thoughts on “ဆက်သွယ်ရေး လိုင်စင်အတွက် ရွေးချယ်မခံခဲ့ရသည့် နိုင်ငံခြား ကုမ္ပဏီအချို့အား MPT က ပူးပေါင်းရန် ကမ်းလှမ်း

  1. Zayar Myint says:

    အခု မှကမ်းလှမ်းနေ တာ လား အော် အချိန် ရှိပါ သေးတယ် လုပ် ပါ

  2. Zaw Hlaing says:

    Mptနဲ့သာပူပေါင်းလို.ကတော. ပေါင်းတဲ.သူလုံးဝမသုံးဘူး

  3. လိပ်ဖြစ်နည်း သင်တန်း

Leave a Reply

Your email address will not be published. Required fields are marked *