News

English ဘာသာစကားကို Mobile Phone ကိုင်နိုင်သူ မည်သူမဆို တတ်မြောက်နိုင်သော Urban Planet

English-Language-Mobile-Phone

Urban Planet Mobile Education Service Launchနှင့် M188တို့ ပူးပေါင်းပြီးလူကြီးလူငယ်မရွေး English ဘာသာစကားကို လေ့လာသင်ယူနိုင်သည်။ Urban Planet၏ အဓိက ဦးတည်ချက်မှာ Mobile သုံးစွဲသူ အားလုံးကို Mobile Telephoneမှတစ်ဆင့် English စာသင်ကြားနိုင်ရန် ရည်ရွယ်ထားပြီး Mobile Telephone ရှိသူအားလုံး မည်သည့်နေရာတွင်မဆို Mobile Telephoneမှတစ်ဆင့် English စကားပြော သင်ယူနိုင်အောင် ပြုလုပ်ပေးနိုင်သော ဝန်ဆောင်မှု တစ်ခု ဖြစ်သည်ဟု သိရသည်။ Urban Planetသည် 2008ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး 2011ခုနှစ်တွင် “Frost 8 Swllivan Most Innovative App”ဆုကို ရရှိခဲ့ပြီး GSM Mobile Awardမှ ချီးမြှင့်သော “Best Mobile Learning Innovation”ဆုကိုလည်း ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ M188သည် ရတနာပုံတယ်လီပို့ (YTP), မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နှင့် Blue Ocean Operating Managementမှ ပူးပေါင်းထားသော လုပ်ငန်းတစ်ခုပင် ဖြစ်ပြီး လုပ်ဆောင်ချက်များဖြစ်သော SMS ဝန်ဆောင်မှု၊ Data ဝန်ဆောင်မှုနှင့် Mobile Application ဝန်ဆောင်မှုနှင့် Mobile Application ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Mobile Application Service တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် Mobile သုံးစွဲသူဦးရေ များပြားလာသည်နှင့်အမျှ e-Learningသည် မရှိမဖြစ် လိုအပ်သော အရာတစ်ခု ဖြစ်သည့်အတွက် Mobile Educationမှာ e-Learning ဖြင့် စာသင်ကြားခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကြောင့် ယနေ့ခေတ်လူငယ်များမှာ Mobile Phoneနှင့် အကျွမ်းတဝင် ရှိကြသူများ ဖြစ်ကြပြီး Mobile Telephone သုံးစွဲသူ ဦးရေမှာ အရင်ကထက် ပို၍ တိုးပွားလာသည်နှင့်အမျှ Urban Englishသည် ကျောင်းသား၊ ကျောင်းသူများအတွက် အထူး သင့်တော်ပါသည်။ လွယ်ကူ၍ အချိန်တိုတိုအတွင်းမှာ သင်ယူနိုင်သော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ (၁) Basic၊ (၂) Business၊ (၃) TOEFLစသည်ဖြင့် (၃)မျိုး ခွဲထားပါသည်။ (၁) Basic ကဏ္႑အောက်တွင် Basic (1)နှင့် (2)နှစ်ခု ပါရှိပြီး တစ်ခုစီတွင် သင်ခန်းစာ (၆၀)စီ ထည့်သွင်းထားပြီး (၂) Businessကဏ္႑အောက်တွင် သင်ခန်းစာ အခု (၆၀)၊ (၃) TOEFL ကဏ္႑အောက်တွင် သင်ခန်းစာ အခု (၉၀)ပါရှိပါသည်ဟု သိရသည်။

ယခုစမ်းသပ်ကာလတွင် ၎င်းဝန်ဆောင်မှုကို အခကြေးငွေကောက်ခံခြင်း မရှိသေးကြောင်းအသုံးပြုလိုသူများသည် ဖုန်းနံပါတ် ၀၁-၂၃၉-၉၈၇၆ကို ခေါ်ဆို၍ မိမိနှစ်သက်ရာPackageများကိုအခမဲ့သင်ကြားနိုင်ပြီးPackageတစ်ခုစီကို အောက်ပါ ဈေးနှုန်းများဖြင့် ကောက်ခံသွားမည် ဖြစ်ပါသည်။Package (1) -1000ကျပ်၊ Package (2) – 2000ကျပ်၊ Package (3) – 3000ကျပ်ထို Package ဝယ်ယူမှုအတွက် ငွေပေးချေမှု ပုံစံမှာ အသုံးပြုသူ၏ Phone Billများထဲမှ ဖြတ်တောက်သွားမည် ဖြစ်ပါသည်ဟု သိရပါသည်။ သင်ခန်းစာ တစ်ခုစီကို Businessကဏ္႑နှင့် Basic ကဏ္႑ကို (၅၀)ကျပ်နှုန်းဖြင့် သတ်မှတ်ပြီး TOEFL ကဏ္႑အတွက် (၇၀)ကျပ်နှုန်း သတ်မှတ်ထားပြီး ထိုသင်ခန်းစာနှုန်းထားများကို ဝယ်ယူထားသော Package ပမာဏများထဲမှ ကောက်နှုတ်သွားမည် ဖြစ်ကြောင်း သိရသည်။ နောက်ဆက်တွဲ သတင်း အချက်အလက်များကို သိရှိလိုပါက M188 ဖုန်းနံပါတ် 01-239-9188သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *