News

အက်ကော် ဟိုတယ်လုပ်ငန်း ၏ ဟိုတယ်သစ်သုံးခု ပြည်တွင်း၌တည်ဆောက်လုပ်ကိုင်မည်

Accor-Hotel

နာမည်ရ အက်ကော် ဟိုတယ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် ဟိုတယ်သစ် သုံးခု တည်ထောင်လုပ်ကိုင်သွားမည် ဖြစ်ရာ နေပြည်တော် အမ်ဂယ်လာရီဟိုတယ်၊ နိုဗိုတယ် ရန်ကုန် မက်စ်ဟိုတယ်နှင့် နိုဗိုတယ် မန္တလေး မင်္ဂလာဟိုတယ်တို့ ဖြစ်ကြောင်း သိရသည်။ အရှေ့တောင် အာရှဒေသသည် အက်ကော်အတွက် လုပ်ငန်းလုပ်ကိုင်ရန် ဦးတည်ချက် ထားသော ဈေးကွက်နေရာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း ဖံွ့ဖြိုး တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ၂၀၁၅ခုနှစ် အရောက်၌ အာရှပစိဖိတ်ဒေသတွင် ဟိုတယ်ပေါင်း ၇၀၀တည်ဆောက်မည့်အနက် မြန်မာနိုင်ငံမှ ယခုဟိုတယ် သုံးလုံးလည်း အပါအဝင်ဖြစ်ကြောင်း အက်ကော် အာရှပစိဖိတ် ဟိုတယ်လုပ်ငန်းမှ ဥက္ကဋ္ဌ မိုက်ကယ်အစ်ဆင်ဘာ့ဒ်က ပြောကြားသည်။

နေပြည်တော် အမ်ဂယ်လာရီဟိုတယ်သည် အခန်းပေါင်း ၁၆၈ခန်း ရှိမည်ဖြစ်ပြီး နေပြည်တော် လေဆိပ်နှင့် မိနစ်နှစ်ဆယ် အကွာအဝေးတွင် တည်ရှိကာ အပြည်ပြည်ဆိုင်ရာ အဆင့်မီ ဟိုတယ်အဖြစ် ၂၀၁၃ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဟု ရည်မှန်းထားကြောင်း၊ နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်မှာ နိုင်ငံတကာ အဆင့်မီ အခန်းပေါင်း ၃၃၆ခန်းပါရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မိနစ် ၂၀အကွာအဝေးအတွင်း အရောက်သွားနိုင်၍ ၂၀၁၃ခုနှစ် အကုန်တွင် ပြီးစီးမည် ဖြစ်ကြောင်းနှင့် နိုဗိုတယ် မန္တလေး မင်္ဂလာ ဟိုတယ်မှာ ၂၀၁၅ခုနှစ်တွင် ပြီးစီးမည် ဖြစ်ပြီး အခန်းပေါင်း ၂၈၀ရှိကာ မန္တလေး နိုင်ငံတကာ လေဆိပ်မှ မိနစ် ၄၀အကွာအဝေးတွင် တည်ရှိကြောင်း သိရှိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *