News

အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ အမေရိကနု် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အေဂျင်စီ၏ ကန်ထရိုက်တာ ဟောင်းဖြစ်သူ Edward Snowden

Edward Snowdenဟာ အမေရိကန်အစိုးရရဲ့ ပြည်တွင်း တယ်လီဖုန်း ဆက်သွယ်မှုနဲ့ အင်တာနက် သုံးစွဲမှုတွေအပေါ် စောင့်ကြည့် နားထောင်တဲ့ အစီအစဉ်ကို ပေါက်ကြားအောင် ဖော်ထုတ်ခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန်အစိုးရရဲ ့ အလိုရှိဆုံးသူဖြစ်ပါတယ်။ ယခုကဲ့သို့ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေး ပြန်လည် ထူထောင်နေတဲ့ အခါမျိုးမှာပဲ ဒီလို ဖြစ်ရပ်မျိုး အချိန်ကိုက်စွာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရအနေနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးကို Snowdenကြောင့် ထိခိုက်မှာကို မလိုလားပါဘူး။

Snowdenဟာ ဟောင်ကောင်မှ ရုရှားသို ့့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိမ်းရှောင် လာခဲ့ပါတယ်။ CNN အနေနှင့် Snowden မော်စကိုသို ့ဦးတည် လာချိန်မှာ Snowden ပါလာတယ်လို့ ယုံကြည်ရတဲ့ Aeroflot လေကြောင်းလိုင်း ဆိုက်ရောက်မဲ့ မော်စကိုမြို့ ပတ်ဝန်းကျင်ကို စောင့်ကြည့်ခဲ့သော်လည်း သူ့ရဲ့အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပါ။ ဒါပေမဲ့လည်း The New York Timesက အဆိုပါ လေယာဉ်ပေါ်မှာ လိုက်ပါလာသူများက သူတို့လေယာဉ် ဆင်းသက် ချိန်မှာတော့ လေယာဉ်
လမ်းကြောင်းပေါ်မှာ ကား အနက်တစ်စီး ထွက်သွားတာကို တွေ့မြင်ရတယ်လို့ ပြောပါတယ်။ Russia Todayနှင့် အင်္ဂလိပ် ဘာသာဖြင့် တင်ဆက်တဲ့ Russia Televisionက နောက်ပိုင်းမှာ ထုတ်ပြန် တာကတော့ အဆိုပါ ကားဟာ အီကွေဒေါ သံရုံး ကားသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။


Snowdenရဲ့ နိုင်ငံရေး ခိုလံှုခွင့် လျှောက်ထားလွှာကို လက်ခံရရှိခဲ့ကြောင်း အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီးရဲ့ Twitter စာမျက်နှာမှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပါတယ်။ လက်ခံရရှိကြောင်းသာ ဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကိုတော့ မရေးသား ထားပါဘူး။ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို ပြင်းပြင်း ထန်ထန်ဝေဖန်တတ်တဲ့ လက်တင်အမေရိက နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ အီကွေဒေါနိုင်ငံ အနေဖြင့် Snowden ရဲ့ နိုင်ငံရေး ခိုလံှုခွင့် လျှောက်ထားလွှာကို ဘယ်လို စဉ်းစား တုန့်ပြန်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref: www.npr.org

Related Posts

One thought on “အီကွေဒေါနိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံနေတဲ့ အမေရိကနု် ပြည်ထောင်စု အမျိုးသားလုံခြုံရေး အေဂျင်စီ၏ ကန်ထရိုက်တာ ဟောင်းဖြစ်သူ Edward Snowden

  1. may thu kyaw says:

    နောက်ဆက်တွဲသတင်းကိုအရမ်းသိချင်တယ် နေခွင့်ပေးမပေး စိတ်ဝင်စားတယ်

Leave a Reply

Your email address will not be published. Required fields are marked *