News

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေက အယ်ကွေဒါ အကြမ်းဖက်သမားတွေရဲ့ အပြောကို ဘယ်လောက်ပြောင်းလဲစေနိုင်မလဲ

Edward Snowden သိထားတဲ့ လျှို့ဝှက်ချက်တွေထဲမှာ အမေရိကန်အစိုးရက ထောက်လှမ်းထားတဲ့ အကြမ်းဖက် သမားတွေွနှင့် အမေရိကန် နိုင်ငံသားတွေအကြောင်း အမြောက်အများ ပါဝင် ပါတယ်။ အဆိုပါ ကိစ္စကြောင့် စီအိုင်အေက အယ်ကွေဒါ၏ အကြမ်းဖက်မှု များကို စုံစမ်းဖို့ပြင်ဆင်ထားတဲ့ PRISM လို Programများကို ဆက်လုပ်ဖို့ရာ ခက်ခဲတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကြမ်းဖက်သမား အုပ်စုများနှင့် Edward Snowden ဆက်စပ် မိပြီလားဆိုတာကတော့ အခုချိန်အထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘာသာရေး အစွန်းရောက်သူများက အာရဘီ ဘာသာဖြင့် သတင်းတစ်ခု တင်ခဲ့ပြီး အဆိုပါ သတင်းတွင် နောက်ပါ အစွန်းရောက်များ အနေနှင့် သတိကြီးစွာထားဖို့၊ သူတို့ရဲ့ ဖုန်းနံပါတ်အစစ်များကို မပေးကြဖို့၊ Website Registrationလုပ်တဲ့အခါမှာ မိမိအကြောင်းနှင့် ပက်သက်ပြီး မတင်ကြဖို့ SITE Intelligence Groupမှ Adam Raismanက Dozierကို ပြောကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ် အရှိဆုံး အကြမ်းဖက် သမားတွေက သူတို့ အိမ်တွေရဲ့ ဖုန်းနံပါတ် အစစ်တွေကို အွန်လိုင်းက တစ်ဆင့် တင်ထားသလား၊ ဒါမှမဟုတ် Skype သုံးပြီး တင်ထားသလား ဆိုတာကိုတော့ မေးခွန်း ထုတ်စရာ ကောင်းနေပါတယ်။

လွန်ခဲ့သော နှစ်ပတ်က ထုတ်ဝေခဲ့တဲ့ ဗြိတိန်နိုင်ငံထုတ် the Guardianသတင်း၏ တင်ပြချက်များအရ အကြမ်းဖက်အုပ်စုများရဲ့ အသွင်ပြောင်း ဆက်သွယ်မှုတွေက အမေရိကန် လုံခြုံရေး အေဂျင်စီ၏ လုပ်ငန်း ဆောင်ရွက်မှုများကို နှေးကွေး ဟန့်တား စေခဲ့ပါတယ်။ ထို့ပြင် အမေရိကန် လုံခြုံရေးအေဂျင်စီရဲ့ နိုင်ငံခြားသားများနှင့် အမေရိကန်နိုင်ငံသားများအပေါ်ထားတဲ့ စောင့်ကြည့်မှု (ဥပမာ- မှတ်ပုံတင် Codeများ ကိုဖောက်ထွင်း ဝင်ရောက် စစ်ဆေးခြင်း)တွေဟာ အတူတူပင်ဖြစ်ပါတယ်လို ့ ဆိုထားသေးပါတယ်။

အမေရိကန်လို နိုင်ငံကြီးရဲ့ ထိပ်တန်း လျှို့ဝှက်ချက်များ လွန်ခဲ့သော သုံးပတ်လောက်က ပေါက်ကြား ပြီးတဲ့နောက်ပိုင်း စီအိုင်အေက Snowdenကို အသည်းအသန် ရှာဖွေနေတယ် ဆိုတာက လက်ရှိ Snowdenလက်ဝယ်ရှိ အချက်အလက်များဟာ အလွန် ခိုင်မာနေတာကြောင့်ဖြစ်ပါတယ်။ Snowdenက အမေရိကန်ရဲ့ထိပ်တန်းစာရင်းဝင် အကြမ်းဖက်သမား အယ်ကွေဒါလို လူမျိုးတွေနှင့် ပက်သက်နေပြီး သူတို့ရဲ့လှုပ်ရှားမှုကို စောင့်ကြည့်တားဆီးဖို့ ဘယ်လို ပစ္စည်းတွေ အသုံးပြုရမလဲ ဆိုတာကိုတော့ စဉ်းစားနေတုန်းပဲဟု အမေရိကန် လွှတ်တော်အမတ် Angus Kingက ဒီအပတ် အစောပိုင်းက ပြောကြားခဲ့ပါတယ်။
Ref : www.theatlanticwire.com

Related Posts

One thought on “အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ လျှို့ဝှက်ချက်တွေက အယ်ကွေဒါ အကြမ်းဖက်သမားတွေရဲ့ အပြောကို ဘယ်လောက်ပြောင်းလဲစေနိုင်မလဲ

  1. may thu kyaw says:

    မြန်မြန်ဖမ်းမိရင်ကောင်းမှာဘဲ………..

Leave a Reply

Your email address will not be published. Required fields are marked *