News

အီကွေဒေါသမ္မတရဲ့ အမေရိကန်ဖော်ကောင် Edward Snowdenနှင့် ပက်သက်တဲ့ ဖွင့်ဟချက်

abcnews

NSA ဖော်ကောင် Edward Snowdenကြောင့် ရုရှားနှင့် အီကွေဒေါတို့အကြား ဆက်ဆံရေး ခပ်စိမ်းစိမ်း ဖြစ်လာခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ekho Moskvy က Snowden အနေနှင့် မော်စကိုမှာ သူ့အတွက် ခိုလှုံစရာ မရှိကြောင်း။ Dmitri Peskovက Snowdenရဲ့ ကိစ္စဟာ Kremlinရဲ့ အစီအစဉ်မှာ ထည့်သွင်းရမယ့် ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

အဆိုပါ မှတ်ချက်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲ ရုရှားသမ္မတ ပူတင်က သူဒီတိုင်းပြည်က မကြာခင် ထွက်သွားနိုင်လေ သူ့အတွက်ရော ရုရှားအတွက်ရော ပိုကောင်းလေပဲဟု ပြောကြားခဲ့ပြီး ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

Snowdenဟာ သူရဲ့ ပတ်စ်ပို့စ်ကို အမေရိကန်က ဖျက်သိမ်းလိုက်တဲ့အတွက် ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ Sheremetyevo လေဆိပ်မှာ ခေတ္တ ဒုက္ခရောက်သွားတာကိုတော့ အားလုံးမှတ်မိမယ် ထင်ပါတယ်။ ဒါကြောင့် သူ့အနေနှင့် နိုင်ငံရေးခိုလှုံခွင့် အသေအချာရမယ်လို့ ယုံကြည်ရတဲ့ အီကွေဒေါ နိုင်ငံကို သွားဖို့ အကြောင်းဖန် လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အီကွေဒေါနိုင်ငံ သမ္မတက သ့ူနိုင်ငံရဲ့ အချို့အခြေအနေတွေကို ပြန်လည်ဖော်ထုတ်ဖို့ အတွက် Snowdenကို ကောင်းကောင်း ထောက်ပံ့ပေးခဲ့ပါတယ်။

အီကွေဒေါနိုင်ငံ သမ္မတနှင့် ဒေသဆိုင်ရာ မီဒီယာတို့ အင်တာဗျူးစဉ် သမ္မတက “လက်ရှိမှာဆိုရင် Snowdenဟာ ရုရှားနိုင်ငံရဲ့ အထိန်းအကွပ် အောက်မှာရှိနေပြီး အဆိုပါ ကိစ္စရပ်ကိုလည်း အီကွေဒေါ အနေနှင့် မကိုင်တွယ်ထားပါဘူး”လို ့ပြောကြားခဲ့ပါတယ်။

ထို့ပြင် သမ္မတက Snowden အနေနှင့် အီကွေဒေါရဲ့ သံရုံးကိုသာ ရောက်ခဲ့ရင် သူလျှောက်ထားထားတဲ့ နိုင်ငံရေး ခိုလှုံခွင့်ကို စီစစ်ပေးမှာပါလို ့ ထပ်မံဖြည့်စွက် ပြောကြားခဲ့ပါတယ်။

သမ္မတက လွန်ခဲ့သော စနေနေ့ ဒုတိယသမ္မတဖြစ်သူ Joe Bidenဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံ ရရှိပြီးကတည်းက သူ့ရဲ့ ရပ်တည်ချက်ဟာ ပျော့ပျောင်းခဲ့ပြီး ဒုတိယသမ္မတ အနေနှင့် Snowdenရဲ့ ကိစ္စဟာ သူတို့အတွက် အရေးကြီးတယ်လို့ ထင်မြင်ကြောင်း မိမိကို ပြောခဲ့ပါတယ်လို ့ ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ သမ္မတက သူ့အနေနှင့် အခြားနိုင်ငံများနှင့် အဆိုပါ နိုင်ငံများ၏ ဥပဒေများကို လေးစားကြောင်း၊ ထို့အပြင် လက်ရှိကမ်ဘာပေါ်မှာ ကျင့်သုံးနေတဲ့ လူအခွင့်အရေးကို လေးစားကြောင်း၊ အကယ်၍ Snowden အနေနှင့် မြောက်အမေရိကားရဲ့ ဥပဒေကို ချိုးဖောက်ခဲ့မိရင်တော့ သူ့ချိုးဖောက်မှုကို တာဝန်ယူဖို့အတွက် ဥပဒေက ပေးတဲ့ အပြစ်ဒဏ်ကို ခံရမှာပဲလို ့ပြောခဲ့ပါတယ်။

အီကွေဒေါနိုင်ငံ အနေနှင့် Snowdenက အီကွေဒေါကို သွားဖို့ သူ ဟောင်ကောင်မှ မော်စကိုသို့ ဇွန်လ ၂၃ရက်ကတည်းက ရွေ့ပြောင်းကတည်းက ို မသိခဲ့ကြောင်း၊ အခြားအင်တာဗျူးတစ်ခုမှာတော့ Wikileaks ကိုတည်ထောင်သူ Julian Assange ကိုလည်း လန်ဒန်ရှိ အီကွေဒေါသံရုံးကနေ စွဲချက်တင်ခြင်းမှ အကာအကွယ်ပေးခဲ့ဖူးပြီး ယခုတစ်ခေါက်တွင်လည်း ယခင် ပုံစံ အတိုင်းပင် Edward Snowden ရောက်လာခဲ့ပါတယ်။

လက်ရှိအခြေအနေနှင့် ပက်သက်ပြီး မိမိတို့အနေနှင့် မည်သို့ စီမံရမည်ကို မလုပ်ဆောင်ရသေးကြောင်း၊ ဒါပေမဲ့လည်း Snowdenက Assangeနှင့် အဆက်အသွယ် ရှိသည်ကိုတော့ Snowden၏ အီကွေဒေါကို လာရောက်ခြင်းဖြင့် သိနိုင်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။

အီကွေဒေါသမ္မတ Correa က Snowden ကို အရေးပေါ်ခရီးသွားလာခွင့် ပေးခဲ့သော လန်ဒန်ရှိ အီကွေဒေါ ဝန်ထမ်းကို ကိုစွဲချက်တင်ဖို့ရှိ နေကြောင်းပြောဆိုခဲ့ပြီး အဆိုပါ ပြောဆိုချက်ဟာ အီကွေဒေါနိုင်ငံ အနေနှင့် Snowden ကို လက်ခံဖို့ရာ အဆင်သင့်မရှိသေးကြောင်း ပြလိုက်တဲ့ အချက်ပဲဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အီကွေဒေါသမ္မတက Snowden ကို အားပေးတဲ့စကားအနေနှင့် “ သင့်ရဲ့ စိတ်ကိုပြုပြင်ကာ အခုချိန်ကစပြီး ရဲရင့်ပြလိုက်ပါ “ လို့ပြောခဲ့ပါတယ်။

 

Ref: abcnews.go.com

Related Posts

One thought on “အီကွေဒေါသမ္မတရဲ့ အမေရိကန်ဖော်ကောင် Edward Snowdenနှင့် ပက်သက်တဲ့ ဖွင့်ဟချက်

  1. may thu kyaw says:

    ရင်ဆိုင်တာအကောင်းဆုံးပါဘဲ…..ကိုယ်တာဝန် ကိုယ်ယူပေါ့ကွယ်

Leave a Reply

Your email address will not be published. Required fields are marked *