How-to

OSXတွင် Spotlight’s search resultကို ပိုမို တိကျ မြန်ဆန်အောင် ပြောင်းနည်း

Mac အသုံးပြုသူအားလုံးသိကြသည့်အတိုင်း Spotlightဟာ OSXရဲ့ အဓိက အခန်းကဏ္႑မှ ၀န်ဆောင်မှု ပေးလျက်ရှိနေပါတယ်။ Spotlightရဲ့ အကူအညီဖြင့် များပြားလှတဲ့ OSထဲမှ file, folderတွေကို လွယ်လင့်တကူ ရှာဖွေလို့ ရပါမည့် search resultမှာ တခါတည်း စီစဉ်ပေးထားတဲ့ categegory အစီအစဉ်ဟာတော့ Mac အသုံးပြုသူတိုင်းအတွက် အဆင်ပြေနိုင်တယ်လို့ မဆိုနိုင်ပါဘူး။ လူတစ်မျိုး စိတ်တစ်ဖုံ ဆိုသည့်အတိုင်း မိမိရဲ့ Macကို အသုံးပြုပုံခြင်းလည်း မတူကြပါဘူး။ တစ်ချို့ဆိုလျှင် အဖိုးကြီး ညှို့အားကောင်းတဲ့ MacBookကြီး ၀ယ်ထားပြီး သိီချင်းပဲ နားထောင်တတ်တာတို့၊ emailပဲ သုံးတတ်တာတို့၊ Safariပဲ အသုံးပြုတာတို့ဆိုပြီး မကျွမ်းကျင်မှုများစွာနဲ့ နည်းပညာကို အပြည့်အ၀ အသုံးချ၍ မတတ်ကြသေးပါဘူး။

ဒါကြောင့် Spotlightရဲ့ search resultမှာ OSက စီစဉ်ပေးထားတဲ့ category အစီအစဉ်ဟာ အဓိက ဖြစ်လာပါတယ်။ သီချင်း ရာထောင်ချီဖြင့် ရှိတဲ့လူကလည်း music, တေးသီချင်းများကို Spotlightဖြင့် ရှာဖွေတဲ့အခါမှာ search resultရဲ့ category အစီအစဉ်မှာ ထိပ်ဆုံးက ပေါ်စေချင်မှာပါ။ ထိုနည်းလည်းကောင်း သင်လည်း သင့်နေ့တဓူ၀ အလုပ်အတွက် လိုအပ်သည်များကို ရှာဖွေသည့်နေရာမှာ Documentsကို ထိပ်ဆုံးကပေါ်စေချင်သည်ဖြစ်စေ၊ search resultမှာ emailတွေကို ပေါ်စေချင်သည်ဖြစ်၊ ဖုန်းနံပါတ်ပဲဖြစ်စေ၊ OSထဲမှ ပါသမျှ categoryတွေကို အရေးကြီးသလို Spotlightရဲ့ search resultမှာ ပေါ်လာအောင် ပြန်လည် စီစဉ်လို့ ရပါတယ်။လုပ်ဆောင်ချက် ကတော့ System Preferences ထဲ က Spotlightကို သွားပြီး tick လုပ်ထားသည့် category မှန်သမျှကို commandလေး ဖိထားပြီး အပေါ်အောင် ရွှေ့ပြီး အစီ အစဉ် ပြောင်းလိုက်ရုံပါပဲ။ ပြီးသွားပြီဆိုရင်တော့ command+spaceကို ခေါက်ကြည့်ပြီး သင်ရွှေ့ပြောင်းထားသည့် categoryအလိုက် လိုချင်သည့် မေးခွန်းထုတ်လိုက်ရင်တော့ သင်စီစဉ်ထားသည့် အစီအစဉ် အတိုင်း ပေါ်လာပြီး သင့်ရဲ့ Mac အသုံးပြုမှုကို ပိုမို တိကျ မြန်ဆန်စေမှာ ဖြစ်ကြောင်း မျှေ၀လိုက်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *