Gaming, Review

Darksiders II

ဘာလိုလိုနဲ့ August လထဲ ရောက်လာပြီဆိုတော့ ထွက်သမျှ ဂိမ်းတွေ ဆော့နေကြ gamerတွေလဲ ဂိမ်း တော်တော်များများ ဆော့ပြီးလောက်ပြီပေါ့။ 2013 ထဲမှာ ထွက််မဲ့ ဂိမ်းတွေကလည်း သူ့ထက်ငါ ကြော်ငြာတွေ လုပ်နေကြပါပြီ။ ဂိမ်းတွေ ထွက်တာများတဲ့ နှစ်ဆိုတော့ ဘာဂိမ်း ဆော့ရင် ကောင်းမလဲဆိုတဲ့ gamerတွေအတွက် Darksiders II Action ဂိမ်းလေးကို Previewအဖြစ် တင်ပြလိုက်ပါတယ်။ ဂိမ်းတွေကတော့ နှစ်တိုင်း ထွက်နေမှာပါ။ ဘယ်ဂိမ်းတွေ ပိုဆော့လို့ ကောင်းတယ်ဆိုတာကတော့ Gamerတွေအများစု သိကြပါတယ်။ God of Warလို ဂိမ်းမျိုးဆို ဆော့လို့လည်းကောင်း ကြိုက်တဲ့သူလဲ များပါတယ်။ Darksiders IIက ဘယ်လို ဂိမ်းမျိုးလဲဆို God of Warလို ဂိမ်းမျိုးဘဲလို့ ပြောရမှာပါဘဲ။ God of Warလို ဂိမ်းမျိုးပါ။ မတူတော့ မတူဘူးပေါ့ Darksiders IIက ဇာတ်လမ်းတစ်မျိုး ဇာတ်ကောင်တစ်မျိုးနဲ့ပေါ့။ ဂိမ်းကစားတဲ့ ပုံစံမျိုးကတော့ God of  Warလို ဓားအကြီးကြီးတွေ ကိုင်ပြီး powerတွေ သုံးပြီး titanတွေကို ဖိုက်ရတဲ့ ပုံစံမျိုးပါဘဲ။

E3လို့ခေါ်တဲ့ Electronic Entertainment Expo 2012မှာ Darksiders IIကို THQက ပွဲထုတ်ပြီးသွားပြီ။ gamerတွေ စိတ်၀င်းစားမှုကိုလဲ ရခဲ့ပါတယ်။ Publisher THQရယ် developer Vigil Gamesရယ် ပေါင်းပြီး ပုံဖော်ထားကြတဲ့ Darksiders IIကို August 14, 2012 ရက်နေ့မှာ စတင် ထုတ်ကြတော့မှာ ဖြစ်ပါတယ်။ Darksiders 1ကို 2010တုန်းက စထုတ်ခဲ့ကြပါတယ်။ Darksiders 1လို့ ပြောရမဲ့ အရင်ထွက်ပြီးခဲ့တဲ့ seriesရဲ့ ပုံရိပ်တွေနဲ့အတူ Darksiders II အသစ် ပြန်ဆော့ရတော့မှာပါ။ နတ်ဘုရားတွေ ကြီးစိုးကြတဲ့ခေတ်လို့ ပြောရမဲ့ခေတ်မှာ Darksiders IIကို အစပျိုးထားပါတယ်။ မှော်ပညာတွေ ထွန်းကားကြတဲ့အချိန်မှာ တိုင်းပြည်တစ်ခုနဲ့ တစ်ခု တိုင်းပြည် လုကြရင်း တိုက်ပွဲဖြစ်ကြတဲ့အချိန်မှာ မြင်းစီးသူရဲကောင်းတစ်ယောက်က ရန်သူတွေကို လိုက်နှိမ်နင်းနေရပါတယ်။ ဂိမ်းတွေရဲ့ ထုံးစံအတိုင်း မိမိဆော့ရမဲ့ ဇာတ်တစ်ကောင်ဟာ သူရဲကောင်းပေါ့။ မှော်ပညာတွေနဲ့ မိစ္ဆာတွေကို နှိမ်းနှင်ရမဲ့ ဂိမ်းပါ။ Darksidersရဲ့ ဇာတ်လိုက်ကျော်ကြီး Deathကို Darksiders IIမှာ ပြန်လည်မွမ်းမံထားပါတယ်။ သူက horseman မြင်းစီးသူရဲကောင်းပါ။ သူ့ရဲ့ မြင်းနာမည်က Ruinလို့ ခေါ်ပါတယ်။ ဒီဂိမ်းထဲမှာတော့ သူ့ရဲ့ မြင်းနဲ့ သူနဲ့ကတော့ ဂိမ်းရဲ့ အဓိက ဇာတ်ကောင်တွေလို့တောင် ပြောလို့ရပါတယ်။ ဂိမ်းဆော့တိုင်း တွေ့နေရမှာဖြစ်လို့ပါ။ Armorတွေ အပြည့်နဲ့ Deathဟာ သန်မာထွာကျိုင်းပြီး မာန်အပြည့်ရှိတဲ့ သူရဲကောင်းတစ်ယောက် ပုံစံမျိုးပါ။

ဓားရိုးရှည်ရှည်နဲ့ ဓားကောက်ကြီး နှစ်လက်ကိုင်ထားတဲ့ Deathဟာ နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရင်း levelတွေ တက်လာတဲ့အခါ လက်နက်တွေ ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင် Darksidersမှာ ပါခဲ့ကြတဲ့ ဇာတ်ကောင်အပြင် အသစ်တွေလဲ ထပ်ဖြည့်ပေးထားပါတယ်။ Darksiders 1ရဲ့ ဇာတ်လိုက်တစ်ချို့ကတော့ ပြန်မပါကြတော့ပါဘူး။ အရင် ထွက်ပြီးသား ဂိမ်းရဲ့ အဆက် ပုံစံမျိုးနဲ့ ကစားရမှာဖြစ်ပါတယ်။ Darksiders IIဟာ Open-World ဂိမ်းတစ်ခုပါဘဲ။ ပေးထားတဲ့ မြေပုံပေါ်မှာ ရှိတဲ့နေရာတွေကို လွတ်လွတ်လပ်လပ် ဆော့ကစားနိုင်တဲ့ ဂိမ်းမျိူးပါ။ PC, Wii U, PlayStation 3, XBOX 360 စုံနေအောင် ထုတ်ပေးထားပါတယ်။ Darksiders 1တုန်းကလို နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရမှာ သေချာနေတဲ့ Darksiders IIကို ဘာတွေ ပြောင်းလဲထားလဲ သိချင်တဲ့ သူတွေအတွက်ကတော့ Augustလထဲမှာ စောင့်ကြည့်ကြပါလို့ ပြောချင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *