Gaming

Busou Shinki

busou-shinki

Busou Shinki (Armored Goddess) ဇာတ်လမ်းတွဲသစ်ဟာ နာမည်ကြီး Video Game Company ဖြစ်တဲ့ Konami နှင့် Animation Studio 8Bit တို့ ပူးပေါင်း တင်ဆက်ထားတဲ့ Animation Series သစ်တစ်ခု ဖြစ်ပါတယ်။ Busou Shinki (Armored Goddess) လို့အမည်ရပြီး(၆) လက်မ နီးပါး အမြင့်ရှိတဲ့ စက်ရုပ်မလေး တွေဟာ Konami ရဲ့ Battle Rondo အမည်ရ MMO Online ဂိမ်းကနေ အခြေခံပြီး တန်ဖိုးကြီး Collectible Figure တွေ ထွက်ရှိလာပြီးနောက်ပိုင်းမှာ ၂၀၀၆ ခုနှစ် မှ စတင်ကာ Figure Collector တွေနှင့် ဝါသနာရှင်တွေကြားမှာ စတင် ခေတ်စားခဲ့ပါတယ်။ Busou Shinki အရုပ်တွေဟာ Body Joints များပါဝင်ပြီး အစိတ်အပိုင်းတွေကိုလည်း စိတ်ကြိုက် ပြင်ဆင် ပြောင်းလဲနိုင်တဲ့အတွက် စက်ရုပ်မလေးတွေ ပုံစံ Figure တွေ ဖြစ်ပါတယ်။ Busou Shinki Anime Series မတိုင်ခင်မှာ ONA (Net Animation) Series နှင့် PSP ဂိမ်းတွေ ထွက်ရှိထားပြီးြ ဖစ်ပြီး ယခု Busou Shinki TV Series ဇာတ်လမ်းသစ်မှာတော့ စက်ရုပ်မလေးတွေ ရဲ့ နေ့စဉ်ဘဝနှင့် Busou Shinki တွေရဲ့ တိုက်ပွဲတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှု ရအောင် ဇာတ်လမ်းဆင်ထားတာ တွေ့ရမှာပါ။
အပြင်က Busou Shinki အရုပ်တွေက အသက်မရှိပေမယ့် ဇာတ်လမ်းတွေ၊ Video Game တွေထဲက စက်ရုပ်မလေး တွေကတော့ ကိုယ်ပိုင် အသိစိတ်ဓာတ် A.I ပါဝင်တဲ့အတွက် အသက်ဝင် နေတဲ့ စက်ရုပ်လေးတွေပုံစံဖြင့် မြင်တွေ့ရမှာပါ။ ၂၀၃၆ ခုနှစ် ဝန်းကျင်မှာ နေရာယူထားပြီး၊ အနာဂတ်အချိန်မှာ Busou Shinki စက်ရုပ်တွေဟာ ကလေးတွေကို စောင့်ရှောက်ဖို့ အဖော် အဖြစ်၊ လုပ်ငန်းခွင်မျိုးစုံမှာ အလုပ်သမား တွေအဖြစ်နှင့် အိမ်မှုကိစ္စတွေကို တာဝန် ယူဖို့ တည်ဆောက်ထားသလို Collector တွေအနေနှင့်လည်း ဝယ်ယူစုဆောင်းပြီး မိမိစိတ်ကြိုက် ပုံစံပြင်ဆင်နိုင်ကာ Shinki တိုက်ပွဲများမှာ ဝင်ရောက်တိုက်ခိုက်စေနိုင် မှာပါ။ Busou Shinki ဇာတ်လမ်းမှာ Ann, Lene နှင့် Ines တို့ရဲ့ဇာတ်လမ်းနှင့် သူတို့ရဲ့ Master (ပိုင်ရှင်) ဖြစ်သူ Rihito တို့ရဲ့ ဇာတ်လမ်းကို အသားပေး တင်ဆက်ထားပြီး အခြားနာမည်ကြီး
Shinki Unit တွေကိုလည်း Episode တိုင်းမှာ ထည့်သွင်းပေးထားတာ တွေ့ရ မှာပါ။ တိုက်ပွဲအများအပြား ပါဝင်ပေမည့် Medabots နှင့် Angelic Layer ဇာတ်လမ်းတွေက တိုက်ပွဲတွေလိုမျိုးပဲ ပေါ့ပေါ့ပါးပါးနှင့် ကြည့်ရှုရမှာဖြစ်ပြီး
အခြား ဟာသဇာတ်လမ်းလေးတွေနှင့်လည်း ရောစပ်ထားတာ တွေ့ရမှာပါ။ Animation Quality ပိုင်းအနေနှင့်က ပုံမှန်အချိန်မှာ အရမ်းကြီး ထူးခြားကောင်းမွန်မှုမရှိဘဲ သာမန်အဆင့်သာ ဖြစ်ပေမည့် တိုက်ပွဲ အတွက် Armor တွေ ဝတ်ဆင်ပြီးချိန်မှာ တော့ Cell Shading နည်းပညာကို အသုံးပြုပြီး ရေးဆွဲထားတာဖြစ်ပြီး တိုက်ခိုက်ခန်းတွေကတော့ အတော်လေး ကြည့်ကောင်းတာ တွေ့ရမှာပါ။
Busou Shinki ကို Medabots နှင့် Sky Girls တို့လို Action ဇာတ်လမ်း နှစ်သက်သူတွေနှင့် Figure တွေ စုဆောင်းရတာ ဝါသနာပါသူတွေ အားလုံး သဘောကျမှာ ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *