Gaming

Tanki Online

tanki-online

ဒီအပတ်အတွက် ၂၀၁၃ နှစ်စပိုင်းအထိ ကစားသမားပေါင်း ၁၉သန်းကျော် မှတ်ပုံတင်ထားပြီး နေ့စဉ် ပျမ်းမျှ ကစားသမား နှစ်သောင်းကျော် ကစားကြတဲ့ ရုရှား အခြေပြု MMO-Game အမျိုးအစားတွေကို အစဉ်တဆိုက် ရေးသားဖန်းတီးတဲ့ ကုမ္ပဏီတွေထဲက ကုမ္ပဏီတစ်ခုဖြစ်တဲ့ AlternativaPlatform (http://www.alternativaplatform.com)ဟာ 2008 နှစ်လယ်လောက်က ဖန်းတီးခဲ့ကြတဲ့ MMO-Game (Massively Multiplayer Online Game) Mode, Adobe Flash နည်းပညာနဲ့ Tanki Online (တင့်ကား အချင်းချင်း စစ်ဆင်သည့် ဂိမ်း)လို့ခေါ်တဲ့ Web Browser မှာ Base ထားပြီး ကစားရတဲ့ Third-Person Shooter အမျိုးအစား Online 3D-Action Game တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ Tanki Online ဂိမ်းဟာ ၂၀၀၉ နှစ်စပိုင်းမှာ Russian KRI Awards တွေထဲက “Best Game Without a Publisher” နဲ့ “Best Technology” တွေကို လျာထားခြင်းခံခဲ့ရပြီး “Technical Achievement” Russian Flash Awards ကိုတော့ ရခဲ့တာဖြစ်ပါတယ်။

Tanki Online ဂိမ်းကို NES (Nintendo Entertainment System) ရဲ့ ဂန္တဝင်ဆန်ဆန် ဆွဲဆောင်မှုရှိရှိ အရည်သွေးမြင့်မြင့် ရှိတဲ့ စစ်မြေပြင် တလင်း၊ မြို့များ ဖန်တီးချက်တွေ ပေါင်းစပ်ထားတာဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Online 3D-Shooter ဂိမ်းမျိုး ဖြစ်ပါတယ်။ ဒီဂိမ်းဟာ 3D အမျိုးအစားဖြစ်ပေမဲ့လည်း အခြားဂိမ်းတွေလို Game Software Installationတွေ လုံး၀ လုပ်စရာမလိုပဲ အင်တာနက် ချိတ်ဆက်ထားရုံနဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ ရိုးရှင်းစွာ ၁ မိနစ် Registration လုပ်ရုံနဲ့ တင့်ကားနဲ့ စစ်မြေပြင်မှာ လက်စွမ်းပြနေနိုင်မှာ ဖြစ်ပါတယ်။ စစ်မြေပြင် (ဂိမ်းအတွင်းထဲတွင်) 3D မြေပုံထဲမှာ တကယ်လူတွေနဲ့ပဲ အချင်းချင်း စစ်တိုက်ရမှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ မြင်တွေ့နေမဲ့ တင့်ကားတိုင်းကို အပြင်က တစ်ကယ့်လူတွေက မောင်းနေတာ ဖြစ်ပါတယ်။ ဆိုလိုတာက AI (Artificial intelligence)လို့ ခေါ်တဲ့ Program ရေးထားတာ ဇာတ်ရုပ်တွေ မဟုတ်ဖူးလို့ ဆိုခြင်း ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ကိုယ့်ဉာဏ်ရည်ရှိရင် ရှိသလို လှည့်ပတ် စစ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ ရန်သူ့တင့်ကားကို ကိုယ့်တင့်ကားနဲ့ အဆက်မပြတ် မိုးကြိုးတွေပစ်သလို အမြောက်နဲ့ ပစ်နိုင်မယ်ဆိုရင် Experienced Tanker ဖြစ်လာမှာဖြစ်ပြီး Rank တွေ အမျိုးစုံအောင် ရှိနေမှာ ဖြစ်ပါတယ်။ Rank ပိုမြင့်လာလေ ပိုမို အားကောင်းတဲ့ တင့်ကားကို ကိုယ်တိုင် ဆောက်ယူနိုင်မှာဖြစ်ပြီး Armor အသစ်တွေ လက်နက် ဆန်းတွေနဲ့ အခြားသော တင့်ကား နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို upgrade လုပ်နိုင်မှာဖြစ်ပါတယ်။ Experience Point တွေ Rank တွေတက်ဖို့တွက် ဂိမ်းထဲမှာ နည်းလမ်းပေါင်းစုံ ရှိပါတယ်။ ရန်သူရဲ့ တင့်ကားကို များများဖျက်နိုင်ခြင်း၊ ကိုယ့်အဖွဲ့က ကစားသမားများကို ဆေးကုသပေးခြင်း၊ ရန်သူ့အလံကို သိမ်းပိုက်နိုင်ခြင်းနဲ့ ကိုယ့်အဖွဲ့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခြင်းတွေက Experience Point တွေကို ပိုမို ရယူလွယ်ကူစေပါတယ်။ Point တွေများလာလေ Rank က မြင့်လေပါပဲ။ Rank မြင့်လာလေ ကိုယ့်တင့်ကားကို Upgrade လုပ်နိုင်လေပါပဲ။ Upgrade လုပ်တဲ့နေရာမှာ New Coats, Turrets, Armor နဲ့ Supplies တွေ ဖြစ်ပါတယ်။

ဒါတွေကို Battle မှာလည်း ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် ဂိမ်း ပိုက်ဆံနဲ့လည်း ၀ယ်လို့ ရနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းကို ကစားဖို့ ဖိတ်ခေါ်ပြီး လက်ဆောင်အနေနဲ့လည်း ရနိုင်ပါသေးတယ်။ Game Control အနေနဲ့ တင့်ကားမောင်းဖို့အတွက် W, A, S, D သို့မဟုတ် Arrows ကို အသုံးပြုနိုင်မှာဖြစ်ပြီးရန်သူကို ပစ်ဖို့အတွက်တော့ space bar ကို သုံးရမှာဖြစ်ပါတယ်။ Tanki Online Game ကို 3D mode ကို အပြည့်အ၀ ဆော့ကစား ခံစားနိုင်မှာဖြစ်ပြီး၊ AI (Artificial intelligence) မဟုတ်ပဲ လူအစစ်တွေနဲ့ Real Time အချိန် တစ်ပြေညီမှာ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ ကစားဖို့ စိတ်ကူးနေပြီဆိုရင်တော့ www.tankionline.com ကိုသွားပြီး Register လုပ်လိုက်ပါ။ ပြီးရင် Tanker တစ်ယောက် အနေနဲ့ Battleမှာ လက်စွမ်းပြလို့ရပါပြီ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *