Mobile, News, Review

Acer Liquid Z5

Acer Liquid Z5

ကမ္ဘာ့စမတ်ဖုန်း လောကထဲကို နောက်ထပ် ခြေလှမ်းတစ်ခုအဖြစ် Acerမှ Liquid Z5 စမတ်ဖုန်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ Acerရဲ့ အောင်မြင်မှုရရှိနေတဲ့ Liquid Seriesထဲမှ Z5  Series အသစ်ကို ဆန်းသစ်လှပမှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးပြည့်စုံစေမဲ့ နေ့ရက်တိုင်းအတွက် Liquid Z5က သင့်အတွက် ရောက်ရှိလာခဲ့ပါပြီ။ မြန်နှုန်းမြင့် Media Tek MT6572 Cortex A7 Dual Core 1.3GHz CPUကို အသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ အတွေ့အကြုံသစ်တွေကို ရရှိခံစားရစေပါတယ်။ ပြည့်စုံစေမယ့် System Memory 1 GB ပါဝင်လာမှုကလည်း ကျေနပ်စေလောက်တဲ့ ဝန်ဆောင်မှုတစ်ခုအပြင် သိုလှောင်သိမ်းဆည်းမှု ပမာဏ 4GB ထည့်သွင်းပေးထားပြီး 32GBအထိ တိုးမြင့်နိုင်ခြင်းက လက်တွေ့ ဆန်တဲ့ ပြည့်စုံမှု ဖြစ်စေပါတယ်။ တန်းဝင် Budget စမတ်ဖုန်း တစ်လုံးအတွက် Mali 400 512 MB GPUက သင့်အတွက် ခန့်ညားစေမှာ အမှန်ပါ။ အရည်အသွေးမြင့် ပုံရိပ်တွေနှင့် ဂိမ်းများအတွက် အကောင်းဆုံး ထောက်ပံမှု ပေးထားပြီး 5” inches FWVGA (854 x 480) ရုပ်ထွက်မျက်နှာပြင်က လှပတောက်ပြောင်တဲ့ မြင်ကွင်းတွေကို ရရှိစေမှာပါ။ Pixel Density အနုစိတ် ပုံဖော်မှုကလည်း 196 ppi ဖြစ်တာကြောင့် ကျေနပ်လက်ခံစေမဲ့ အမျိုးအစား ဖြစ်ပါတယ်။

သင့်ရဲ့ အမှတ်တရရှိစေမယ့် အကြောင်းအရာတွေကို မှတ်တမ်းတင်ဖို့  5 MP Main Camera ပါဝင်လာပြီး 0.3MP Fornt Cameraပါဝင်ကာ Featureများအနေဖြင့် auto focus sensor LED Flashတို့ ပါဝင်ထားပါတယ်။ Liquid Z5ကို 3G Network မှာ မောင်းနှင်နိုင်မှာဖြစ်ပြီး 3G Speed အတွက်လည်း  HSDPAကို 21 Mbpsမှ HSUPA 5.76 Mbpsအထိ ရရှိမှာဖြစ်ပါတယ်။ ဖုန်းအဝင် ဖြေကြားမှုအတွက် Acerရဲ့ နာမည်ကျော် Float UI ပါဝင်လာမှာ ဖြစ်ပြီး Dual Sim အနေဖြင့် GSM & WCDMA ကွန်ယက်တွေကို အသုံးပြုနိုင်ခြင်းက အားသာချက်တစ်ခု ဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက် ကမ္ဘာကျော် DTS Sound Systemနှင့် ပွဲထွက်လာကာ Blasts Clear Loud audio စနစ်က ကြည်လင်ပြီး သန့်စင်တဲ့ အသံထွက်စနစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

ဆန်းသစ်မှု တစ်ခုအနေဖြင့် အနောက်ဘက်ပါဝင်တဲ့ Sensorလေးကို နှိပ်လိုက်မယ်ဆိုရင် Acer RAPIDရဲ့ နည်းပညာကြောင့် Cameraကို လျှင်မြန်စွာ ရှာဖွေနိုင်မှာဖြစ်ပြီး ဖုန်းအဝင်ဖြေကြားခြင်း Home Screenတို့ကို လျှင်မြန်စွာ ချိတ်ဆက်ပေးထားမှုက အံ့သြလောက်စေမှာအမှန်ပါပဲ။ လူကြိုက်များတဲ့ Android Jelly Bean 4.2.2 Versionကို အသုံးပြုထားတဲ့အတွက် အကြိုက်တွေ့စေမှာ အမှန်ပါ။ လှပပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေ နည်းပညာအတွေ့အကြုံတွေ ပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေသူတွေအတွက် Acer Liquid Z5ကို ရွေးချယ်ဖို့ ညွှန်းပါရစေ။ စိတ်ပါဝင်စားပြီး မေးမြန်း ဆက်သွယ်သူတွေအတွက် ရွှေလမင်းနဂါး ကုမ္ပဏီ မှ တရားဝင်တင်သွင်းပြီး အာမခံသက်တမ်း(၁)နှစ်လေးထားကာ (၁၅၀ဝ၀ဝ) ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ဖုန်းနံပါတ်များကတော့ 01-2300087~88, 09-250177761~62 သို့ စုံစမ်းမေးမြန်းနိုင်ပါပြီ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *