Gaming

BioShock Infinite

BioShock Infinite

2K Gamesရဲ့တင်ဆက်မှုနဲ့ Irrational Gamesတို့ရဲ့ ဖန်တီးမှုတွေကြောင့် February 26, 2013မှာ ထွက်လာမဲ့ BioShock Infiniteက ဘယ်လိုလဲဆိုတာ Preview ပုံစံ လေ့လာကြည့်လိုက်ကြပါဦး။ 2K Games Companyက BioShockကို စီးရီးအနေနဲ့ ထုတ်လုပ်ခဲ့တာ အခုဆိုရင် (၃)ခု မြောက် ဖြစ်သွားပါပြီ။ First Person အနေနဲ့ ကစားရမှာဆိုတော့ ကိုယ်ရဲ့လှုပ်ရှားမှုတွေတိုင်းဟာ ဂိမ်းထဲမှာ အသက်၀င်နေမှာ သေချာပါတယ်။ First Person ဂိမ်းတွေက ကိုယ် ကိုယ်တိုင် ပါ၀င် ကစားနေရတဲ့အတိုင်း စိတ်ခံစားမှုတွေ ပေးလို့ ကစားရတာ ပိုကောင်းပါတယ်။ ဂိမ်းကစားသူတွေရဲ့ နယ်ပယ်အစုံမှာပါ ကစားလို့ရအောင် 2Kက BioShock Infiniteအတွက် စီစဉ်ပေးထားပါသေးတယ်။ PS 3, X Box 360, PC တွေအတွက်ပါ ထွက်ထားတာ ဆိုတော့
Platformက အတော်လေးကို စုံနေပါပြီ။ BioShockရဲ့နောက်ဆက်တွဲ ဂိမ်းစီးရီးတစ်ခုဆိုတော့ ဇာတ်လမ်းအသစ်နဲ့ ကစားရတော့မယ်ဆိုတာ သေချာပါတယ်။ ဘယ်လိုတွေများ 2K Games ဖန်တီးထားတဲ့ဆိုတာ ကြည့်ကြည့်လိုက်ကြပါဦး။

Booker ကြီးကတော့ BioShock Infiniteရဲ့ ဇာတ်လိုက် တစ်ယောက်ပါဘဲ။ သူနဲ့အတူ ပါလာတဲ့ ကောင်မလေး တစ်ယောက်ကို Bookerက ကိုယ်ရံတော်အဖြစ် စောင့််ရှောက်ပေးနေရတာပါ။ ကောင်မလေးက စိတ်စွမ်းအားရှင်မလေး တစ်ယောက်ဖြစ်တဲ့အတွက် အန္တရာယ် ၀ိုင်းနေတာဘဲ။ အဲ့ဒီမှာ Bookerက ကောင်မလေးရဲ့ လမ်းခရီး တစ်လျှောက်လုံးကို အဆင်ပြေစေရန်နဲ့ ကောင်မလေးကို တိုက်ခိုက်နေတဲ့ ရန်သူတွေရော၊ သူရဲ့ရန်သူတွေကိုပါ တိုက်ခိုက်ပေးနေရတာ
ဖြစ်ပါတယ်။ ကောင်မလေးကလဲ Bookerကို ပြန်ကူညီပေးမှာပါ။ ဂိမ်းရဲ့ ဇာတ်လမ်းလေးက အဲ့လိုလေးပါဘဲ။ Bookerနေရာမှာ ပါ၀င်ကစားရမှာ ဖြစ်ပြီး အန္တရာယ်တွေကတော့ အသင့် စောင့်နေကြမှာပါ။ Bookerက Pinkerton Agent တစ်ဦး ဖြစ်တဲ့အတွက် အတွေ့အကြုံ ရင့်ကျက်နေတဲ့သူ ဖြစ်နေပေမဲ့လဲ ရန်သူတွေနဲ့ ရင်ဆိုင် တိုက်ခိုက်နေရတာ ကစားတဲ့သူ ကိုယ်တိုင်ဖြစ်နေတဲ့အတွက် ပေးထားတဲ့ လက်နက်တွေနဲ့ ပေထားတဲ့ မြေပုံပေါ်မှာ အသုံးချတတ်ဖို့ကတော့ အရေးကြီးပါတယ်။ ဂိမ်းက ဘယ်နေရာမှာ ဘာခလုတ်တွေကို နှိပ်လို့ လမ်းညွှန်ပေးထားပေမဲ့လဲ ရန်သူတွေက မထင်တဲ့ နေရာတွေမှာ ပေါ်လာမှာ ဖြစ်တဲ့အတွက်
သတိရှိဖို့တော့ လိုပါတယ်။

သေချာတာကတော့ Bookerနဲ့ ပါလာတဲ့ ကောင်မလေးကလဲ စွမ်းအားရှင်ဆိုတော့ Bookerကို ကူညီပေးမှာပါ။
ကောင်မလေးကို ရန်သူတွေရှိတဲ့ မြို့ထဲကနေ ကယ်ထုတ်သွားရမှာဆိုတော့ ပေးထားမြို့ထဲမှာ လှည့်ပတ်ပြီး ရန်သူတွေနဲ့ တိုက်ခိုက်ရမဲ့ Open-World ဆန်တဲ့ ဂိမ်းတစ်ခုပါ။ ဆော့နေရင်းနဲ့ Levelတွေ မြင့်လာတဲ့အခါ လက်နက်တွေအစုံ ရလာနိုင်တဲ့အပြင် ကောင်မလေးနဲ့ ပေါင်းပြီး ရန်သူတွေကို တိုက်ခိုက်ရတာတွေပါ ကြုံတွေ့ရမှာပါ။ ဆော့နေရင်းနဲ့ ဇာတ်လမ်း ပုံစံလေးတွေ ပါတဲ့အတွက် ကစားရတာ မငြီးငွေ့နို်င်ပါဘူး။ Bookerက ကောင်မလေးကို အန္တရာယ်တွေကြားကနေ ဘယ်လို ကယ်ထုတ်သွားမလဲဆိုတာ BioShock Infiniteကို မျှော်ရင်းနဲ့ ဂိမ်းကောင်းတစ်ခု Februaryလထဲမှာ ကစားနိုင်တော့မယ်လို့ သတင်းကောင်းပါးလိုက်ပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *