Health, Opinion

‘‘သား သား လေးလား၊ မီးမီး လား’’

uvahealth.com

‘‘ဘ၀’’ ဟူသည် ဆန်းကြယ်လှသည်။ ‘‘လူ’’ဟူ၍ မည်သို့ မည်ပုံ စတင်၍ ဖြစ်ပေါ်လာသနည်းဟု မေးခွန်း ထုတ်လျှင် ဘဲဥ အစ ရှာမရသကဲ့သို့ ဖြစ်မည်။ မိဘနှစ်ဦး ပေါင်းဖက် ဆုံမက်၍ ဖြစ်ပေါ်လာသော မျိုးစေ့မှ စတင် ဖြစ်ပေါ်လာသည်ဟု သိပ္ပံပညာက ဆိုထားပေရာ ထို မိဘနှစ်ပါး မည်သို့ ဖြစ်ပေါ်လာသနည်းဟု ထပ်၍ မေးရပေမည်။ ‘‘သူတို့၏ အမေ အဖေတို့၏ မျိုးစေ့မှ ဖြစ်ပေါ်လာတာပေါ့’’ဟု ဖြေလျှင် ‘‘သူတို့၏ အမေအဖေ ဘယ်က ဖြစ်ပေါ်လာသလဲ’’ဟု ထပ်၍ မေးရလျှင် ဆုံးနိုင်တော့မည် မဟုတ်။ ကမ်ဘာဦး အစ အာဒံနှင့် ဧ၀မှ အစပြုခဲ့သည်ဟု မည်သူမျှ မသိလိုက်သော၊ သက်သေ မရှိခဲ့သော ဒဏ္႑ာရီဆန်ဆန် အတိတ်တစ်ခုကို ဖန်တီးပြီး လူသားတို့ အများစု ထိုကိစ္စကို ဦးနှောက်ခြောက်ခံ မစဉ်းစားရန် ဆုံးဖြတ်ခဲ့ကြသည်။

ဆေးပညာသိပ္ပံ၏ ဖော်ထုတ်တွေ့ရှိချက်အရ ‘‘ဖို’’ မျိုးရိုးဗီဇနှင့် ‘‘မ’’ မျိုးရိုးဗီဇတို့ ပေါင်းစပ်ကာ လူသားတို့၏ သနေ္ဓအစ ‘‘မျိုးစေ့’’ တစ်ခု ဖြစ်ပေါ်လာသည်။ ထူးဆန်းသည့် အချက်မှာ ထိုအစောဆုံး အဖြစ်အပျက်နှင့် ပေါ်ထွန်းမှုမှ စ၍ ‘‘ကျား/ မ’’ ခွဲခြား ဖြစ်ပေါ်လာမည့် Gene ပါရှိလာပြီး ဖြစ်သည်။ ထို့ကြောင့် ‘‘ကိုယ်၀န်ရှိပြီ’’ဟု သိပြီးမှ ‘‘သားယောကျာၤးလေး မွေးရန် ဆုပန်ခြင်း၊ သမီး မိန်းကလေး မွေးရန် အာရုံပြုခြင်း’’တို့မှာ အချည်းအနှီးပင် ဖြစ်သည်။ အဓိက အချက်မှာ ကျန်းမာ သန်စွမ်း၍ ရောဂါဘယ ကင်းရှင်းသည့် ကိုယ်လက် အဂါၤ စုံလင်သော သားသမီး ရရန်သာ ဖြစ်သည်။ ထို့ကြောင့် ယနေ့ ဤအရွယ်အထိ ကျန်းမာ သန်စွမ်းအောင် မွေးဖွား သန့်စင်ပေးခဲ့သည့် အမိနှင့် အဖတို့၏ အနန္တ ကျေးဇူးကား လူတိုင်း ရင်မှာ ထားသင့်သည်။

‘‘အဆန်းတကျယ်’’ဟုဆိုလျှင် လူတိုင်း စိတ်၀င်စားကြသည်။ ‘‘ဆန်း’’ တိုင်း အကောင်း မဟုတ်သကဲ့သို့ ‘‘သဘာ၀’’ ထက်လွန်ကဲလျှင်လည်း အကျိုး ယုတ်တတ်သည်။ ‘‘လူ’’ဟု ဖြစ်လာမည့် သနေ္ဓသားလေး၏ သဘာ၀နှင့် ဆန့်ကျင် ဆန်းပြားမှုသည်ကား ရင်လေးဖွယ်ရာ ဖြစ်သည်။ ထိုအထဲတွင် သနေ္ဓခိုင်ခံ့မှု မရှိနိုင်တော့ဘဲ ပျက်ကျ ပျက်စီးရသည်များ ရှိသကဲ့သို့ မပျက်စီးဘဲ ဆက်လက် တည်တ့ံသည်များလည်း ရှိပေသည်။ ၄င်းတို့အထဲမှ စာဖတ်သူ ပရိတ်သတ်များ ဗဟုသုတ ပွားများစေရန်အလို့ဌာ ‘‘သားသား မီးမီး မကွဲပြားခြင်း’’ဟု ခေါ်နိုင်သော Ambiguous Genitalia ခေါ် Disorder of Sexual Differentiat ‘‘ကျား၊ မ ခွဲခြားမှု ပြဿနာ’’ အကြောင်းကို တင်ပြလိုက်ရပါသည်။

‘‘ကျား၊ မ ခွဲခြားခြင်း’’ သည် လူသားတစ်ဦး ဖြစ်တည်မှု၌ အရှုပ်ထွေးဆုံးသော ဖြစ်စဉ် တစ်ခု ဖြစ်သည်။ မျိုးရိုးဗီဇ Gene၌ ကျား၊ မ အမှတ်အသား ပါလာသည်သာမက လွဲချော်နို်င်သော အလွဲအမှားများလည်း ပါလာတတ်သည်။ သနေ္ဓသားဟူ၍ မျက်မြင် မပေါ်ထွန်းလာမီအချိန် (သနေ္ဓစတည်ပြီး ၄ ပတ်၊ ၆ ပတ်) ကာလကတည်းက ကျား၊ မ ကွဲပြားရန် စတင် တာဆူနေပေပြီ။ မျိုးရိုးဗီဇ Geneရှိ ဖိုဓာတ် မျိုးစေ့ပါသော Y.Chromosomeတွင် Testes Determining Factor (TDF) ဖိုဓာတ် ေ၀ှးစေ့ ဖြစ်ပေါ်စေနိုင်သော အကြောင်းအချင်းအရာကို တွေ့ရှိရပြီး ၄င်း Y မပါသော Gene ရှိလျှင် ေ၀ှးစေ့ ဖြစ်မလာဘဲ မ ဓာတ် ရှိ သားဥအိမ် ဖြစ်လာမည်ဟု ဖော်ထုတ် တွေ့ရှိရပါသည်။ ဤသည်ကား ‘‘ကျား’’ သော်လည်းကောင်း၊ ‘‘မ’’ သော်လည်းကောင်း အချိန်တန်အရွယ်ရောက်လျှင် မျိုးဆက် ပွားများရန် ပင်မ ယန္တရား မျိုးစေ့ ထုတ်လုပ်ရာ စက်ရုံတို့၏ ကနဦး နိဒါန်း အစဟု ခေါ်ဆိုနိုင်သည်။

သာမာန်အားဖြင့် Testes ေ၀ှးစေ့ ရှိလျှင် သားယောကျာၤးလေး၊ Ovary သားဥအိမ်ရှိလျှင် သမီး မိန်းကလေး ဖြစ်လာမည်ဟု ခန့်မှန်းနိုင်သော်လည်း ဖြစ်ရိုး ဖြစ်စဉ် သဘာ၀နှင့် ဖောက်လွဲဖောက်ပြန် သွေဖယ်သွားသည်မျာကို Disorder of Sexual Differentiationဟု ခေါ်ပါသည်။ ကျားနှင့် မတို့တွင် ‘‘ကျားဟော်မုန်း’’ ‘‘မဟော်မုန်း’’ဟူ၍ နှစ်မျိုးလုံး ပါတတ်သည်သာမက ကျား၊ မ မကွဲပြားသေးသည့် သနေ္ဓအစတွင် ကျား မျိုးပွားအဂါၤနှင့် မ မျိုးပွား အဂါၤတို့၏ မူလ အုတ်မြစ်ဖြစ်သော ကနဦးစုံ မျိုးပွားလမ်းကြောင်း Bipotential Gonad ပါရှိသည်။ ေ၀ှးစေ့ ဖြစ်ပေါ်လာပြီး ‘‘ကျား’’ဟု ကွဲကွဲပြားပြား ဆက်လက် ဖွံ့ဖြိုးရန် လိုအပ်သော ဓာတ်များ ထုတ်လုပ်လိုက်သည့်အချိန်မှသာ ‘‘မ’’ မျိုးပွား အဂါၤဖြစ်လာနိုင်သည့်အရာတို့မှာ သေးသိမ်သွားကြရသည်။

၄င်းတို့နှင့်အတူ ‘‘ကျား’’ ဟော်မုန်းဓာတ်များ အားသာလာပြီး ‘‘သားယောကျာၤးလေး’’ဟူ၍ သတ်မှတ်နိုင်သည့် ပြင်ပ အဂါၤ လက္ခဏာများ ဖြစ်ထွန်းလာရသည်။ ထိုအဆင့်များ၏ ဆန့်ကျင်ဘက် ‘‘ကျား’’ ဖွံ့ဖြိုးမှု မဖြစ်ထွန်းပါက ‘‘မ’’ အဂါၤအဖြစ် ပေါ်ထွန်းလာပြီး ‘‘သမီး မိန်းကလေး’’အဖြစ် ပေါ်ထွန်းလာပေမည်။ ထို့ကြောင့် ကျား၊ မ ကွဲပြားမှု၏ သော့ချက်မှာ ‘‘ကျား’’ သဘာ၀ ဖွံ့ဖြိုးမှုပေါ်သာ မူတည်သည်။ ‘‘ကျား’’ မဖြစ်တော့လျှင် အလိုလိုပင် ‘‘မ’’ ဖြစ်သွားရန် သဘာ၀က ဖန်တီးပေးထားသည်။ ကျားသဘာ၀ ဖွံ့ဖြိုးရန်အတွက် မျိုးရိုးဗီဇတွင် Y Chromosome လိုအပ်သည်ကို ဖော်ပြပြီး ဖြစ်သလို ‘‘Testes ေ၀ှးစေ့’’ ဖြစ်ပေါ်လာပြီး ‘‘ကျား’’ ဟော်မုန်းများ ထွက်ပေါ်လာရန် အရေးကြီး လိုအပ်ပြီး ထိုဟော်မုန်းများ၏ အကျိုးအာနိသင် သက်ရောက်မှု ရှိမှသာ ပြီးပြည့်စုံသော ဖွံ့ဖြိုးရပ်တည်မှု ဖြစ်ပေါ်လာပေမည်။

ထိုအဆင့်များတွင် ‘‘အလို၊ အပို’’ ယိုယွင်း ချို့ယွင်းချက်များ ရှိပါက ဖိုမ မကွဲပြားဘဲ ဒွီ သဘာ၀ ဖြစ်သွားနိုင်သည်။ မျိုးရိုး ဗီဇ ပြဿနာ (‘‘Y’’ Chromosome မပြည့်စုံသော) Genetic Diseaseများ ရှိသလို ေ၀ှးစေ့၊ သားဥအိမ်တို့ ကောင်းစွာ မဖြစ်ထွန်းသည့် Gondal Dysgenesis များလည်း ရှိသည်။ ထို့အပြင် သေးသိမ်သွားရမည့် အဂါၤများ မသေးသိမ်ပဲ ‘‘ေ၀ှးစေ့ရော၊ သားဥအိမ်ရော’’ မကွဲမပြား ဒွန်တွဲ ဖွံ့ဖြိုးလာသည့် ရောဂါများလည်း ရှိသည်။
ဤအချက်များကြောင့် ဒွီလိင် အဖြစ်ဖြင့် မွေးဖွားလာသည့် ကလေးငယ်များ ရှိလာသည်။

ကိုယ်ခန္ဓာ အတွင်းရှိ မျိုးပွား အဂါၤနှင့် ပြင်ပ မျိုးပွား အဂါၤ မကိုက်ညီသော ကလေးငယ်များလည်း ရှိတတ်ပါသည်။ ‘‘ကျား’’ ဓာတ် ဟော်မုန်း နည်းပါး၍ ပြင်ပ ကျား အဂါၤဖွံ့ဖြိုးမှု အင်အား လျော့ပါးပြီး ‘‘မ’’ သဏ္႑ာန်တူနေသူ သားငယ်များ ရှိသကဲ့သို့ ‘‘ကျား’’ ဓာတ်ဟော်မုန်းများ ပိုမို ပွားများပြီး ‘‘မ’’ သဏ္႑ာန် လျော့ပါးကာ ‘‘ကျား’’ အဂါၤ ဆန်နေသူ သမီးငယ်များလည်း မွေးဖွားတတ်ကြပါသည်။ အကြောင်းမှာ ပြင်ပ လက္ခဏာဟူ၍ ဖွံ့ဖြိုးရာ၌လည်း ကျား/ မ ဟူ၍ မကွဲပြားမီ အခြေခံ အုတ်မြစ် အဂါၤတို့သည် အတူတူပင် ဖြစ်သောကြောင့်ပင်တည်း။ သားယောကျာၤးလေးတွင်ရှိသော ပြွန်တန်ဆာလေး (Penis)သည် မိန်းကလေးတို့တွင် သေးသိမ်၍ အငုတ်အဖျား (Clitonis) လေးသာ ကျန်နေတတ်ပြီး ကပ္ပါယ်အိတ် (Scrotal) အဖြစ် ‘‘သား’’ တို့တွင် ပေါ်ထွန်းလာသည့်အချိန်တွင် ဘယ်ညာ မပူးပေါင်းဘဲ ‘‘သမီးလေး’’ တို့တွင် မိန်းမ ကိုယ်ဘေး အသားဆိုင်များ (Labia Majora) အဖြစ် ပေါ်ထွန်းလာတတ်ကြသည်။

ပုံမှန် ဖွံ့ဖြိုးဆဲ သားယောကျၤားလေးတို့၏ ေ၀ှးစေ့သည် ခန္ဓာကိုယ်အတွင်းမှ ကပ္ပါယ်အိတ်အတွင်းသို့ အချိန်တန်လျှင် သက်ဆင်းကြရသော်လည်း အကြောင်း တစ်စုံတစ်ရာကြောင့် နှောင့်နှေး ရပ်တန့်သွားပါက ခန္ဓာကိုယ်အတွင်း၌သော်လည်းကောင်း (သို့) လမ်းခု လတ်ပေါင်ခြံလောက်တွင်လည်းကောင်း ဆက်လက် ခရီးမဆက်နိုင်ဘဲ ရပ်တန့်ကာ Undescended Testes အဖြစ် ရှိလာတတ်ကြသည်။ အကယ်၍ သာမန် နှောင့်နှေးရုံ မဟုတ်ဘဲ ကျားဟော်မုန်းဓာတ် မလုံလောက်မှုကြောင့် သော်လည်းကောင်း၊ ဟော်မုန်းကို လက်ခံ တုန့်ပြန်နိုင်စွမ်း လျော့ပါးမှု (Androgen Insensitivity) မရှိမှုကြောင့်သော်လည်ကောင်း ဖြစ်ပါက ‘‘မ’’ သဏ္႑ာန် မိန်းမ ကိုယ်သဏ္႑ာန် (ကပ္ပါယ်အိတ် ဘယ်ညာ မပူပေါင်းဘဲ၊ ေ၀ှးစေ့ မရှိဘဲ) Labio-Scrotal Non–Fusion ဖြစ်ပြီး ကျား/ မ ခွဲခြားရ ခက်သည့် ပြဿနာများ ပေါ်လာတတ်သည်။

ထို့အတူ သမီး မိန်းကလေးဖြစ်မည့် သနေ္ဓသားတွင်လည်း ကိုယ်တွင်း ‘‘မ’’ အဂါၤများ အပြည့်အ၀ ပေါ်ထွန်းပြီးကာမှ ကျား/ ဖို ဟော်မုန်းဓာတ်များ လွန်ကဲလာမှုကြောင့် သေးသိမ်သွားရမည့် Clitoris သည် သားငယ်တို့၏ ပြွန်တန်ဆာ Penis သဏ္႑ာန် ကြီးထွားလာကာ မိန်းမကိုယ်နှင့် ကျားအဂါၤ ဒွန်တွဲပါလာသော လူထူး လူဆန်း ဒွီလိင် ကလေးငယ်လေးအဖြစ် ဖွားမြင်လာကြသည်။ အရေးကြီးသည့်အချက်မှာ ထိုသို့ ဟော်မုန်း ကစင့်ကလျား ဖြစ်မှု၏ ဇစ်မြစ်ကို ရှာဖွေရမည်။

ကိုယ်၀န်ဆောင်စဉ် မိခင်က ဟော်မုန်း ပါသော ဆေးများ သုံးစွဲမိ၍လည်း ဖြစ်တတ်သလို Congenital Adrenal Hyperplasia CAHဟုခေါ်သော ကျားဟော်မုန်းများ လွန်ကဲစွာ ထွက်ပေါ်လာတတ်သည့် ရောဂါမျိုးကြောင့် ဖြစ်တတ်သည်က များသည်။ ထို့ကြောင့် ထိုကဲ့သို့ ကလေးငယ်များ ဖွားမြင်လာလျှင် လူထူးဆန်းဟု အမည်သမုတ် မနေဘဲ ကျွမ်းကျင်သူ ဆရာ၀န်များနှင့် ပြသကာ စစ်ဆေး စမ်းသပ်မှုများ ပြုသင့်သည်။ အုံ့ပုံး ဖြစ်နေသာ လမ်းခုလတ်တွင် ရပ်တန့်နေသည့် ေ၀ှးစေ့ကဲ့သို့ နေရာ မှားရောက်ရှိနေသော အဂါၤများသည် နောင်တစ်ချိန်တွင် Cancer (ကင်ဆာ) ရောဂါ ဖြစ်လာတတ်သည့် အန္တရာယ်လည်း ကြီးမားသကဲ့သို့ CAH ကဲ့သို့ ရောဂါမျိုးလည်း အသက်အန္တရာယ်ပင် ပေးတတ်သည့် ဓာတ်သဘာ၀ ပြောင်းလဲမှုများ ရှိတတ်၍ ဖြစ်သည်။

ထို့ကြောင့်ဆန်းကြယ်လှသော သနေ္ဓသား တစ်ဦး ဖြစ်တည်မှု ဖြစ်စဉ် အဆင့်ဆင့်သည် အဆင်ပြေ ချောမွေ့မှသာ ကျန်းမာ ဖွံ့ဖြိုးသော သားငယ် သမီးငယ်များအဖြစ် မွေးဖွားလာနိုင်ပေသည်။ ထို့ကြောင့် ကိုယ်၀န် မဆောင်မီအချိန်မှအစ လူလားမြောက်သည်အထိ အရိပ်တကြည့်ကြည့်ဖြင့် စောင့်ရှောက် ပြုစုခဲ့သော မိဘတို့၏ မေတ္တာကား ‘‘အနန္တ’’ဟု အသိအမှတ်ပြုတန်ပါသည်။

ဤ ပညာပေး ဆောင်းပါးလေးကို ဖတ်ရှုပြီးပါက အဆုံးစွန်အထိ သဘောပေါက် နားလည်သွားနိုင်မည်ဟု ရာနှုန်းပြည့် မခန့်မှန်းရဲသော်ငြား ‘‘ထိုလူထူးဆန်း’’ဟု သားသားမီးမီး မကွဲပြားသော ကလေးငယ်များ ဖွားမြင်လာပါက သက်ဆိုင်ရာ ဆရာ၀န်နှင့် ပြသ တိုင်ပင်သင့်ကြောင်း ဗဟုသုတ တစ်ချက်ပင် ရရှိလိုက်ပါလျှင် စာရေးသူ၏ အားထုတ်မှု အရာရောက်ပါပြီဟု ခံယူရင်း နိဂုံးချူပ်လိုက်ပါတော့သည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *