How-to

မှိန်နေတဲ့ Tablet Screenတွေကို အမြဲတမ်း လင်းနေစေချင်ရင်

Tablet အသုံးပြုသူတော်တော်များများ အနေနဲ့ Tablet Screenဟာ အမြဲတမ်း အလင်းအားကောင်းမနေပဲ အချိန်နည်းနည်းကြာတာနဲ့ Dimming (မှိန်)ဖြစ်သွားတာမျိုး ကြုံဖူးမှာပါ။ အခု ပြောပြမယ့် နည်းလမ်လေးကတော့ အဲဒီလို Tabletတွေ မှိန်နေတာကို ဖျောက်တဲ့အကြောင်းလေးကို ပြောပြသွားမှာ ဖြစ်ပါတယ်။ သင့် Tabletရဲ့ ညာဘက်ခြမ်းအပိုင်းမှာ Charms Barပေါ်လာအောင် အားနဲ့ နည်းနည်းဖိနှိပ်လိုက်ပါ။ Charms Bar ပေါ်လာခဲ့ရင်တော့ Search ခလုတ်ကို ရွေးချယ်လိုက်ပါ။ Search settingထဲ ၀င်ပြီးရင်တော့ သင့်အနေနဲ့ “Power”ဆိုတဲ့ စာလုံးလေးကို ရိုက်ထည့်ပြီး Searchလုပ်လိုက်ပါ။ Resultတွေ ထွက်လာရင်တော့ Power Optionကို ထပ်မံ ရွေးချယ်လိုက်ပါ။ Power Optionထဲ ရောက်ရင် Change Plan Settingကိုရွေးပြီး Change Advanced Settingကို ထပ်မံ ရွေးချယ်ရပါ လိမ့်မယ်။ အဲဒီလို ၀င်ရောက်ပြီးပြီဆိုရင်တော့ နောက်ဆုံး Power Optionခေါင်းစဉ်နဲ့ Dialog boxထဲ ရောက်ရှိသွားပါလိမ့်မယ်။ Power Optionထဲ ရောက်ပြီ ဆိုတာနဲ့ Scroll barမှာ Displayကိုရွေးပြီး အကျယ်ဖြန့်ချက်တွေ မြင်ရအောင် Extandလုပ်လိုက်ပါ။ နောက်ဆုံး Displayရဲ့ Extand Listထဲမှာရှိတဲ့ Enable Adaptive Brightnessမှာ Settingကို Offလုပ်လိုက်မယ်ဆိုရင် သင်ကြုံတွေ့နေရတဲ့ Screen Dimming ပြဿနာကို ဖြေရှင်းနိုင်သွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *