News

Acerရဲ့ မျက်နှာပြင် ၆လက်မနဲ့ 4K Recordingပါ၀င်တဲ့ စမတ်ဖုန်း

Acer Liquid S2လို့ ခေါ်တဲ့ Acerရဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို ဘာလင်မြို့မှာ ကျင်းပမယ့် IFAပွဲမှာ မိတ်ဆက်ပြသမယ်လို့ သိရပါတယ်။ အဆိုပါဖုန်းဟာ မျက်နှာပြင်အကျယ် ၆လက်မရှိပြီး 1920×1080Pixel ရုပ်ထွက်ရှိပါတယ်။ 13MPအရည်အသွေးရှိ ကင်မရာတပ်ဆင် ပေးထားပြီး ရှေ့ကင်မရာကတော့ 2MPဖြစ် ပါတယ်။ Quad-Core 2.2GHz Processorတပ်ဆင် ထားတာ ဖြစ်လို့ အကောင်းစား ဖုန်းတစ်လုံးပဲ ဖြစ်တဲ့အပြင် RAM 2GBနဲ့ အချက်အလက် သိုလှောင်ဖို့ 16GB Storageပါ၀င်မယ်လို့ သိရပါတယ်။

ဒီစမတ်ဖုန်းမှာ ထူးခြားချက်ကတော့ 4K Video Recordingပါ၀င် လာတာပဲ ဖြစ်ပြီး Acerရဲ့ ပြောကြားချက်အရ ဒီစမတ်ဖုန်းဟာ အဆိုပါ Featureပါ၀င်တဲ့ ပထမဦးဆုံး စမတ်ဖုန်းဖြစ်တယ်လို့ သိရပါတယ်။ ကင်မရာဟာ Full HDဗီဒီယို တွေကို 60FPSနဲ့ ရိုက်ကူးနိုင်ရုံမက 27-megapixels Panoramaဓာတ်ပုံ တွေကိုလည်း ရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်၀ဲလ်ပိုင်း ကြည့်မယ်ဆိုရင် အဆိုပါ Liquid S2ဖုန်းဟာ အန်းဒရွိုက်ဗားရှင်း 4.2.2အသုံးပြု မှာဖြစ်ပြီး Acerရဲ့ UI(User Interface) Enhancementတွေနဲ့ Appsတွေဖြစ်တဲ့ Acer Float UI, Acer Data Traffic Manager, Acer Printစတာ တွေလည်း ပါ၀င်မယ်လို့ သိရပါတယ်။

အနက်နဲ့ အနီဆိုပြီး အရောင်၂မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကာ အောက်တိုဘာလကုန်ပိုင်းလောက် ထွက်ရှိလာနိုင် ပါတယ်။ ဈေးနှုန်းအတိအကျနဲ့ ၀ယ်ယူရရှိနိုင်မှု ကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *