နေ့စဉ်သုံး Laptop Computer Seriesဖြစ်တဲ့ E1-472G modelကို Acerမှ ဈေးကွက် အတွင်း တင်သွင်းလိုက်ပါပြီ။ E1- 472G (i3) Series ကို Intel ရဲ့ 4th Generation processor Core i3 4010 (1.7GHz )နဲ့ မောင်းနှင်းထားပြီး 4GB memoryပါ၀င်ကာ 8GBအထိမြှင့်တင်ဖို့ Slot(Dimm)အပိုတစ်ခုလည်း ထည့်သွင်းထားပါတယ်။ HDD 500 GB ထည့်သွင်းထားကာ Graphic အရည်အသွေးကို နိုင်နိုင်နင်းနင်း မောင်းနှင်ဖို့ Nvidia Geforce GT 720 Seriesကို ထည့်သွင်းပေးထားမှုက သင့်ရဲ့နေ့စဉ်ဘ၀ကို ပိုမိုအသက်၀င်စေပါတယ်။ တောက်ပတဲ့ အနက်ရောင်စစ်စစ်မှာ ရွေှရောင် အစက်အပြောက်သေးသေးလေးတွေပါ၀င်ထားမှုက သင့်ကိုခန့်ညားစေမှာအမှန်ပါ။ ပြောင်းလဲမှုပြုလုပ်ထားတဲ့ Chickled Keyboardနဲ့ ကျယ်ပြန့်လှတဲ့ Touchpad ကသင့်ရဲ့ တစ်နေ့တာ တာ၀န်ကိုမြန်ဆန်စွာ ပြီးဆုံးစေမှာပါ ဖြစ်ပါတယ်။
ထူးခြားတဲ့ပြောင်းလဲမှု တစ်ခုကတော့ မည်သည့်အမှတ်တံဆိပ်မှာမှ မရနိုင်သေးတဲ့ M Disc ကို ရေးနိုင် ဖတ်နိုင်တဲ့ Multi Drive ကိုထည့်သွင်းပေးထားမှုက သင့်ကို အံံ့အားသင့်စေမှာအမှန်ပါပဲ။ မျက်နှာပြင်အရွယ်အစား 14” နဲ့ ပွဲထွက်လာပြီး Wireless 802.11b/g/n Bluetooth 4.0နဲ့ လူကြိုက်များတဲ့ 1.3 Acer Crystal Eye Webcam ကိုထည့်သွင်းပေးထားမှုက ၀ယ်ယူရကျိုးနပ်စေပါတယ်။ HDMI port, USB 3.0, USB 2.0, Cardreader တွေကိုလည်း ထည့်သွင်းပေးထားကာ 4 Cell Li-on Batteryက သင့်လုပ်ငန်းတွေကို ပြီးမြောက်စေဖို့ တာ၀န်ယူပါလိမ့်မယ်။ ဈေးနှုန်း ( 580,750 ကျပ် ) နဲ့ ၀ယ်ယူရရှိနိုင်ပြီး အာမခံ သက်တမ်း (၂) နှစ်ဖြင့် ရွေှလမင်းနဂါးကုမ္ပဏီက တင်သွင်းကာ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ကွန်ပျူတာဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ကြောင်း တင်ဆက်ပေးလိုက် ပါတယ်။