News

Acer Aspire S7 Ultrabook၀ယ်ယူနိုင်ပြီ

Acer အမှတ်တံဆိပ်ရဲ့ ကမ္ဘာ့အပါးဆုံး Ultrabookတိုက်ပွဲတွင် လူကြိုက်များပြီး ဆုတံဆိပ်ရရှိခဲ့တဲ့ Aspire S7 Ultrabookကို 4th Generation Haswell CPU နဲ့ အဆင့်မြှင့်တင်ပြီး ပွဲထုတ်လိုက်ပြန်ပါပြီ။ ပိုပြီးလျင်မြန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ခန့်ညားထည်ဝါမှုတွေကတော့ မပြောင်းလဲပဲရှိနေပါတယ်။ 4th Ganeration Haswell Core i5 4200U Series ကိုအသုံးပြုထားပြီး အမြန်နှုန်း 1.7 GHz ကနေ Turbo Boost ကို 2.6 GHz အထိမြှင့်တင်ပြီး မောင်းနှင်အသုံး ပြုနိုင်ပါတယ်။

Memory 4GB DDR3 ကိုတပ်ဆင်ထားပြီး 128 GBပမာဏ မြန်နှုန်း ဖြင့် SSD Harddiskကို အသုံးပြုထားခြင်းက လေးလံနှေးကွေးမှုကို မေ့ပျောက်စေမှာပါ။ Intelရဲ့ HD Graphic 4400 Series ထည့်သွင်းပေးထားမှုက သင်အသုံးပြုချင်တဲ့ Graphic စွမ်းဆောင်ရည်တွေကို လက်ခံဆောင်ရွက်ပေး နိုင်ပါလိမ့်မယ်။ 13.3” multi-touch Full HD 1PS LCD Display ဖြစ်သည့်အတွက် ပုံရိပ်ညက်ညောညင်သာမှု နဲ့ အရောင်အသွေးစုံလင်မှုက သင်ရဲ့အမြင်အာရုံကို အံ့သြစေမယ်ဆိုတာအမှန်ပါပဲ။ Multi- touch အာရုံခံစနစ် ဖြစ်တာနဲ့ အညီ လက်(၁၀)ချောင်းအထိ ထိတွေ့အာရုံခံနိုင်မှု ကသင်ဖြစ်ချင်တာ တွေကို ကျေနပ်စေမှာ အမှန်ပါ။ Intel ရဲ့ နောက်ဆုံးပေါ် နည်းပညာ Wi-Di Technology ပါ၀င်မှုကလည်း ပိုမိုခန့်ညားစေပါတယ်။

USB 3.0, Bluetooth 4.0, HDMI,mini HDMI to VGA Combo နဲ့ USB to Lan Combo, Cardreader တွေပါ၀င်လာမှု ကလည်း သင်ရဲ့လိုအပ်ချက် အားလုံးကိုပြည့်စုံစေပါတယ်။ Acer ရဲ့ Crystal Eye 1.3 megapixel HD webcam ကိုလည်း ထည့်သွင်းပေးထားပါတယ်၊ 4 Cell Li-ion polymer Battery ထည့်သွင်းပေးထားပြီး 8နာရီ ဆက်တိုက်အသုံးခံနိုင်ပြီး 12 နာရီ Stand by Time အနေနဲ့ ကြာရှည်အသုံးပြုနိုင်မှာ ဖြစ်ပြီး Sleep mode အနေနဲ့ရက်ပေါင်း (၃၀) အသုံးပြုနိုင်ပါတယ်။ Instand on 2 second နဲ့ Windowပြန်လည်တက်နို်င်ခြင်း ကကျေနပ်စရာပါ။

အကြမ်းခံနိုင်ခြင်း ထိပ်တန်းအဆင့် သတ်မှတ်ခံထားရတဲ့ Gorilla Glass 2 မျက်နှာပြင်နှစ်ဖက်တပ်ဆင်ထားတဲ့အတွက် Cover နဲ့ Display ကို ထိခိုက်ပွန်းပဲ့မှု ဒဏ်ကကာကွယ်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး notebook အဖြစ်ဂုဏ်ယူစရာပါ။ Body ကိုလည်း အလူမီနီယမ်နဲ့ပြုလုပ်ထားပြီး အပူစုပ်တဲ့ ပန်ကာ (၁)လုံး နဲ့ ကမ္ဘာ့ပထမဆုံး Twin Air Technology ပါ၀င်လာမှုက လက်စ်ဗီးဂတ် မြို့မှာ ကျင်းပပြုလုပ်တဲ့ CES 2013 ပြပွဲကြီးမှာ ဆန်းသစ်တီထွင်မှု့ နဲ့ ဒီဇိုင်းတည်ဆောက်မှု အင်ဂျင်နီယာဆုကို ထိုက်တန်စွာ ဆွတ်ခူးထားတဲ့ Ultrabook ဖြစ်ပါတယ်။

ဆင်စွယ်ရောင်တောက်တောက်နဲ့ ကြည်လင်ရှင်းသန့်တဲ့ ကာဗာကြောင့်စွဲဆောင်မှု ပိုစေကာ window 8 လိုင်စင်ပါ၀င်ထားတဲ့ Acer ရဲ့ Aspire S7 Ultrabook ကို၀ယ်ယူချင်တယ်ဆိုရင်တော့ ရွေှလမင်းနဂါးကုမ္ပဏီ ဖုန်း -221683,217233,2800088 သို့ဆက်သွယ် မေးမြန်း၀ယ်ယူ နိုင်ပါသည်။ အာမခံ သက်တမမ်း (2) နှစ်ဖြင့်၀ယ်ယူနိုင်ပါသည်။

ဈေးနှုန်း -1,464,500 ကျပ်၀န်းကျင်

1,363,500 ကျပ်၀န်းကျင်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *