News

Acerရဲ့ ၁၀လက်မအရွယ် “Iconia A3”

ထိုင်၀မ်အခြေစိုက် Acerကုမ္ပဏီ အနနဲ့ ၎င်းတို့ရဲ့ မျက်နှာပြင် ၁၀လက်မအရွယ် Iconia A3 Tabletကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ iPadရဲ့ ပြိုင်ဘက်လို့ တင်စားထားတဲ့ အဆိုပါ Tabletဟာ 1280×800 pixels ရုပ်ထွက်နဲ့ အသံပိုင်း ဆိုင်ရာမှာလည်း Dolby Digital Speakerထောက်ပံ့ပေးထား ပါတယ်။ ၀.၃၉လက်မ အထူရှိတဲ့ ငွေမှင်ရောင်Casingနဲ့ 1.2GHz Cortex A7 Processorကို အသုံးပြုထားကာ micro HDMI Portနဲ့ micro SD Card Readerလည်း ပါ၀င်ပါတယ်။ ဒါ့အပြင် 5MPအရည်အသွေးရှိ ကင်မရာကို တပ်ဆင် အသုံးပြုထား ပါတယ်။

“Iconia A3”Tabletဟာ အန်းဒရွိုက် ဗားရှင်း 4.2အသုံးပြုထားကာ Intellispinဆိုတဲ့ Featureအသစ် တစ်မျိုးလည်း ပါ၀င်လာပါတယ်။ Tabletရဲ့ Wi-Fi Modelကတော့ အောက်တိုဘာလ ထဲမှာ ဥရောပ၊ အရှေ့အလယ်ပိုင်း ဒေသနဲ့ အာဖရိကမှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပြီး 3Gမော်ဒယ်ကတော့ နို၀င်ဘာလောက်မှ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Wi-Fiဗားရှင်းက ဒေါ်လာ ၃၃၀ကုန်ကျမှာ ဖြစ်ပြီး 3Gဗားရှင်းကတော့ ၃၉၅ဒေါ်လာလို့ သတ်မှတ်ထား ပါတယ်။ Acerရဲ့ Iconia A3 Tabletဟာ ဘာလင်မှာ ကျင်းပမယ့် IFA Trade Showပွဲရဲ့ ပထမဆုံး မိတ်ဆက်မယ့် Productလည်း ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

One thought on “Acerရဲ့ ၁၀လက်မအရွယ် “Iconia A3”

  1. Wai Hein says:

    How much does it cost??

Leave a Reply

Your email address will not be published. Required fields are marked *