စစ်ပွဲတစ်ခု ဖြစ်နေပါတယ်။ Moscow ဖြစ်နေတာပါ။ ၂၀၃၄ခုနှစ်မှာ ဖြစ်ပျက်နေတဲ့ တိုက်ပွဲတစ်ခု ပုံစံကို ဂိမ်းအဖြစ် ဖန်တီးထားတာပါ။ Metro: Last Light ဂိမ်းကို ၂၀၃၄ခုနှစ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတစ်ခုအဖြစ် ဇာတ်အိမ် တည်ထားပြီး Moscowမြို့ရဲ့ အငွေ့အသက်တွေပါ ထည့်ထားပေးပါတယ်။ 4A Games (Developer)တွေရယ် Deep Silver (Publisher)တို့က ပူးပေါင်း ထုတ်လုပ်ကြမယ့် Metro: Last Lightကို May 14, 2013ရက်နေ့မှာ USတွင် စတင် ဖြန့်ပါမည်တဲ့။ ကျွန်တော်တို့ဆီကိုလဲ မကြာခင် ရောက်လာမှာပါ။ ဒီလိုဂိမ်းတွေက စစ်ပွဲတွေကြားမှာ တိုက်ခိုက်မယ်။ ရန်သူတွေကို နှိမ်နင်းမယ်စတဲ့ ဂိမ်းရဲ့ ခံစားချက်တွေွအပြင် စိတ်လှုပ်ရှားမှုတွေကိုပါ ခံစားရနိုင်တဲ့အတွက် ကစားသူတွေ နှစ်သက်ကြပါတယ်။ PC, PS3, Wii U, Xbox 360အတွက်ပါ ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် Platform အစုံမှာပါ ကစားလို့ ရနိုင်ပါတယ်။ ထွက်ရှိပြီးသားဖြစ်တဲ့ Metro ၂၀၃၃ဂိမ်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်ထားတဲ့ Metro: Last Lightကို ကစားချင်တဲ့ ဂိမ်းမာတွေအတွက် Preview လုပ်ပေးလိုက်ပါတယ်ဗျာ။
ဇာတ်အိမ်ကတော့ ပြောထားတဲ့အတိုင်းပဲ တည်ဆောက် ထားတာဆိုတော့ အမြင်အသစ်တွေ ရှိနေပေမယ့် ၂၀၃၃ရဲ့ နောက်ဆက်တွဲ ပုံစံမျိူး တွေ့ကြုံနေရမှာပါ။ ကဲဟုတ်ပြီ ဘာတွေ ပြောင်းလဲ လာမှာလဲဆိုရင် Artyomဆိုတဲ့ ဇာတ်လိုက်ကြီးအပြင် သူရဲ့ပါတနာတွေ ပါလာမယ်၊ အသွင် ပြောင်းလဲနေတဲ့ အကောင် အကြီးစားတွေ ပါလာမယ်၊ လက်နက်တွေ အနည်းငယ် ဆန်းသစ် လာပါမယ်။ Metro ၂၀၃၃ဂိမ်းရဲ့ နောက်ဆက်တွဲဖြစ်လာမယ့် Metro: Last Lightဟာ First-Person Shooter ဂိမ်းအပြင် Survival Horror အရသာကိုပါ ခံစားရနိုင်မှာပါ။ ရန်သူတွေကို တိတ်တဆိတ် တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် သေချာမှ တိုက်ခိုက်သင့်ပါတယ်။ ဂိမ်းရဲ့ ကစားရတဲ့ အပိုင်းတွေမှာ Artyomတစ်ယောက်ထဲ ၀င်ကြမ်း ရတဲ့ အပိုင်းတွေ ပါ၀င်ပါတယ်။ ရန်သူတွေက လူတွေအပြင်၊ အသွင်ပြောင်း အကောင်အကြီးတွေရော၊ အကောင်ငယ်လေးတွေပါ တိုက်ခိုက်ရမှာ ဖြစ်တဲ့အတွက် လက်နက်တွေတော့ လိုသလို အသုံးပြုလို့ ရနိုင်ပါတယ်။
သေသွားတဲ့ ရန်သူတွေဆီက လက်နက်တွေကိုလဲ ယူသွား နိုင်ပါတယ်။ အလင်းရောင် အားနည်းတဲ့ နေရာတွေ ရောက်ရင် ပို သတိထားရမှာပါ။ ရန်သူတွေနဲ့ နီးလေ ပိုဂရုစိုက်ရလေပါပဲ။ စစ်ဆင်ရေးတစ်ခု ပြုလုပ်နေရသလိုပါပဲ။ Carbeထဲမှာ ရန်သူတွေ ရှိနေတဲ့အတွက် သတိထားရပါမယ်။ ရန်သူတွေကလဲ ကိုယ်ရဲ့ ပတ်ချာလည်မှာ ရှိနေပါတယ်။ Metro: Last Lightက ဘယ်လို အရသာမျိူးလဲ သိချင်နေရင် Metro ၂၀၃၃ဂိမ်းကို ဆော့ကြည့်လို့ ရပါတယ်ဆိုတဲ့အကြာင်း သတင်းကောင်းပါး လိုက်ပါတယ်ဗျာ။
Metro: Last Light

18
Mar