Apps

စင်္ကာပူဂိုးတဲ့ မြန်မာ

singapore-website

စင်္ကာပူရောက် မြန်မာတွေ စုစည်းနိုင်ဖို့ လွှင့်တင်ထားတဲ့ ၀က်ဘ်ဆိုက်ပါ။ ယခင်က စင်္ကာပူမှာရှိတဲ့ မိုဘိုင်းဖုန်းများထံသို့ အွန်လိုင်းကနေ SMS အခမဲ့ ပို့လို့ရမယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ စင်္ကာပူမှာ M1, Starhub, Singtel ဖုန်းလိုင်း သုံးခုရှိတဲ့အနက် SMS ပို့လိုတဲ့ မိုဘိုင်းဖုန်းဟာ ဘယ်ဖုန်းလိုင်းကို အသုံးပြုနေတယ်ဆိုတာ သိရန် လိုအပ်ပြီး စင်္ကာပူရောက် ဆွေမျိုးသားချင်းများနဲ့ မိတ်ဆွေ သူငယ်ချင်းများအား မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ အလွယ်တကူ ဆက်သွယ်နိုင်ရန် စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ စင်္ကာပူကို လာရောက်လိုသူတွေနဲ့ စင်္ကာပူရောက် မြန်မာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အတွက်လည်း အကူအညီတွေ ပေးနိုင်ပါတယ်လို့ ၀က်ဘ်ဆိုက်က ဆိုပါတယ်။ ဒါ့အပြင် ငွေကြေး လှဲလှယ်နှုန်းထား တွေကိုပါ ဖော်ပြပေးထားပြီး သီချင်းနဲ့ ဗွီဒီယို ဖျော်ဖြေရေး၊ ဆွေးနွေး မှုတွေ၊ စင်္ကာပူ ပညာရေး၊ သတင်းစုံ၊ အင်္ဂလိပ်စာ၊ နည်းပညာ၊ ကျန်းမာရေး၊ စာပေရေးရာ၊ အချစ်နှင့် အိမ်ထောင်ရေး ကဏ္႑တွေနဲ့ အလုပ်အကိုင် မျိုးစုံပါ ရှာဖွေ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

http://myanmarinsingapore.com/

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *