Automobile

audi Q7

အဆင့်မြင့် နည်းပညာသစ် ဇိမ်ခံကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ Audi Q7 ကားက ရွေးချယ်ချင်စရာပါ။ အားမာန်အပြည့်နဲ့ တစ်ရှိန်ထိုး ထိုးဆင်းတော့မယ့်အလား Audi Q7ကို ဒီဇိုင်းဆင်ထားတာ တွေ့ရပါတယ်။ ငွေရောင်အဆင်းနဲ့ နေရောင် လရောင်အောက်မှာ တစ်လက်လက် ပြေးနေမယ့် ကားလေးပါ။ အဓိကကတော့ အလေးချိန် ပေါ့ပါးခြင်းပါပဲ၊ ကားကို ကြည့်ပြီး အလေးချိန် လေးမယ့်အပြင် အပြေးမောင်းနှင်နိုင်မှာ မဟုတ်ဘူးလို့ မထင်လိုက်ပါနဲ့။ အလေးချိန် ပေါ့ပါးတာကြောင့် သင့်စိတ်ကြိုက် မြန်နှုန်းအလိုက် အပေ့ါပါးဆုံး မောင်းနှင်နိုင်ပါတယ်။ အဲဒီလို ပေါ့ပေါ့ပါးပါးနဲ့ မောင်းနှင်နိုင်အောင် Audiအနေနဲ့ ကားရဲ့ အစိတ်အပိုင်းတွေ အားလုံးကို အလေးချိန်လျှော့ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အပြင်း မောင်းနှင်နိုင်ဖို့အတွက် 3.0 Liter V6 အင်ဂျင်ကို အသုံးပြုထားပြီး 280 hpကို ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ ၄င်း V6 အင်ဂျင်ကို အလူမီနီယံနဲ့ ပြုလုပ်ပေးထားတာကြောင့် ကားရဲ့အလေးချိန်ကို လျှော့ချပေးပါတယ်။ ကားရဲ့ အရှေ့အနောက်မှာတော့ ကားရဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီမယ့် အချက်ပြ မီးလုံးတွေကိုလည်း တပ်ဆင်ပေးထားပါတယ်။ နေ့လည်ပိုင်းမှာ အချက်ပြမီးတွေကို သေသေချာချာ မြင်တွေ့နိုင်ဖို့အတွက်လည်း Audi Q7မှာ နည်းပညာသစ်တွေ သုံးထားပါသေးတယ်။
ကားနောက်ပိုင်းကို အသေအချာ ဂရုစိိုက်ပြီး ဖန်တီးထားတာ တွေ့ရပါတယ်။ ကားနောက်ပိုင်း အဖွင့်အပိတ် တံခါးကို လိုသလို ဆွဲလှန်နိုင်ဖို့လည်း စီစဉ်ပေးထားပြီး အမြင့်ဆုံအထိ ဆွဲလှန်နိုင်အောင်လည်း တီထွင်ထားပါတယ်။ ၀န်ပိုတွေ များများ တင်နိုင်တဲ့ နေရာတော်တော်များများ ရှိပါတယ်။ အတွင်းပိုင်းမှာတော့ လူ (၇)ယောက် သက်တောင့်သက်သာ နေနိုင်မယ့် ထိုင်ခုံတွေ ပါရှိပါတယ်။ ထိုင်ခုံတွေကိုလည်း လိုသလို ခေါက်ထားနိုင်တာကြောင့် ပစ္စည်းတွေ တင်ဆောင်ရာမှာလည်း နေရာတွေ ပိုထွက်လာပါတယ်။ ကဲ ဒါဆို ပစ္စည်းတွေ တင်ဖို့ နေရာများများ ဆံ့တဲ့ ကားကို ရွေးချင်လား ဒါမှမဟုတ် ဇိမ်ကျကျ ဖြစ်တဲ့ကားကို စီးချင်လား။ နှစ်မျိုးစလုံးအတွက် အဆင်ပြေမယ့် ကားလေးပါ။

အပေါ်က Sunroofကိုလည်း လိုအပ်သလို ဖွင့်ယူနိုင်ပါတယ်။ Audio ဆိုင်ရာအတွက် Bang & Olufsen အသံစနစ်တွေကို ထည့်သွင်းပေးထားပါတယ်။ စပီကာ ၁၄ ခုကိုလည်း တပ်ဆင်ပေးထားပြီး ၄င်းစပီကာတွေကို ICEpower Amplifier တွေက အကောင်းဆုံး Support လုပ်ပေးနိုင်ပါတယ်။ စည်းချက်ကျကျ Beat သံတွေကို ခံစားရင်း အပြေးနှင်နိုင်ပါတယ်။ Entertainmentအတွက် စွမ်းဆောင်ရည်တွေကတော့ အံ့မခန်းပါပဲ။ ဒီဇိုင်းပိုင်းတွေ Audio ပိုင်းတွေမှာသာ သာလွန်အောင် ဖန်တီးပေးထားတာ မဟုတ်ပဲ နည်းပညာပိုင်းတွေမှာပါ နောက်မကျစေရပါဘူး။ Google Earthတွေနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ်ရှိတဲ့နေရာ၊ ကို်ယ်သွားချင်တဲ့နေရာတွေကို သိရှိနိုင်မယ်။ Wi-Fi နဲ့လည်း Device (၈)ခုနဲ့ အထက်ကို ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသေးတယ်။

၄င်း Audi Q7 ကားကို ပြည်ပကနေ မှာယူနိုင်ဖို့ ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့ –
Golden Dragon Trading
ဖုန်း ၀၉-၇၃၂-၅၄၃-၅၅သို့ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *