News

Pre-Installed Android Apps များကို ကိုရီးယား ကန့်သတ်

ကိုရီးယား မှ အာဏာပိုင်များက Android Smartphone များမှာ ထုတ်လုပ်ကတည်းက ထည့်သွင်းထားတဲ့ Apps(Bloatware) များနဲ့ ပတ်သက်ပြီး စည်းမျဉ်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီ Apps များကို ဖြုတ်လို့မရအောင် စမတ်ဖုန်းထုတ်လုပ်သူတွေက ထည့်သွင်းထားကြတာဖြစ်ပြီး အခုစည်းမျဉ်းအရ ဖြုတ်လို့ရအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

သိပ္ပံနဲ့ နည်းပညာ၀န်ကြီးဌာန က စည်းမျဉ်းသတ်မှတ်ပေးလိုက်တာဖြစ်ပြီး WiFi, NFC, Device Settings, App Stores စတဲ့ Apps တွေကို ဖြုတ်လို့ရအောင် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ အဆိုပါ App များ ရဲ့ မကောင်းတဲ့အချက်တစ်ခုက ဖုန်းရဲ့ နေရာ ကို နည်းပါးစေတာဖြစ်ပါတယ်။ အဲဒီအတွက် သိပ္ပံနဲ့ နည်းပညာ၀န်ကြီးဌာန က ကြိုတင်ထည့်သွင်းတဲ့ Apps တွေရဲ့ အရွယ်အစားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ဖုန်းမှာ ကျန်ရှိမယ့် နေရာလွတ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကိုလည်း အသုံးပြုသူတွေ သိမြင်အောင် ပွင့်ပွင့်လင်းလင်း ဖော်ပြရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

Samsung, LG နဲ့ Mobile Operator သုံးခု ကို ထည့်သွင်းတဲ့ Apps အရေအတွက် ကို လျှော့ချဖို့လည်း တောင်းဆိုလိုက်ပါတယ်။ Apps လေးဆယ်သာ ထည့်သွင်းခွင့်ပြုတော့မှာဖြစ်ပါတယ်။ Android Phone တွေမှာထည့်သွင်းတဲ့ Google Apps တွေနဲ့ ပတ်သက်ပြီးလည်း Google ကို ဆက်သွယ်မေးမြန်းနေပါတယ်။

အဆိုပါ ပြဿနာဟာ Android မှာသာဖြစ်ပေါ်နေတာဖြစ်ပြီး Apple က သူ့ရဲ့ Device တွေမှာ Mobile Operator တွေရဲ့ Apps တွေကိုထည့်သွင်းခြင်းမပြုပါဘူး။ အဲဒီအတွက် အာဏာပိုင်တွေဟာ Android Device တွေအတွက်ပဲ စည်းမျဉ်းတွေ ထုတ်ပြန် နေတာဖြစ်ပါတယ်။ ကိုရီးယား မှာ Android Device တွေကို အဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။

Google က သူ့ကို ဆက်သွယ်မေးမြန်းကြောင်း အတည်ပြုပြောကြားပါတယ်။

စမတ်ဖုန်းထုတ်လုပ်သူတွေ နဲ့ Mobile Operator တွေဟာ App တွေကို ဖြုတ်လို့မရအောင် ကြိုတင်ထည့်သွင်းပေးလေ့ရှိတဲ့ အချက်က ဆိုးဝါးပါတယ်။ နောက်ပြီး ဖုန်းထုတ်လုပ်သူတွေဟာ Android OS ကို သူတို့ကိုယ်ပိုင်ဆော့ဝဲတွေနဲ့ ပေါင်းစပ်ပြီး ပြုပြင်ထားကြပါတယ်။ ဥပမာအားဖြင့် Samsung က TouchWiz, HTC က Sense , Huawei က Emotion UI စသဖြင့် သူတို့ကိုယ်ပိုင်ဆော့ဝဲတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားကြတာဖြစ်တဲ့အတွက် Pure Android ရဲ့ အရသာ ကို ခံစားနိုင်ခြင်းမရှိပါဘူး။ အဲဒီဖုန်းတွေဟာ တစ်လုံးနဲ့ တစ်လုံး အသုံးပြုပုံခြင်းလည်း မတူကြပါဘူး။ အဲဒီဆော့ဝဲ တွေနဲ့ Apps တွေကြောင့် ဖုန်းမှာ နေရာလွတ်နည်းပါးကြပါတယ်။ နောက်ပြဿနာ တစ်ခုက Android Version အသစ်ထွက်ရင် သူတို့ရဲ့ ကိုယ်ပိုင်ဆော့ဝဲတွေနဲ့ ကိုက်ညီအောင်ပြုပြင်ရတဲ့အတွက် အချိန်နောက်ကျပြီးမှ Update ရရှိကြပါတယ်။ အဲဒီအတွက် Pure Android ကို သုံးစွဲနိုင်ဖို့ Google က Nexus Device တွေနဲ့ Google Play Edition Phone တွေကို ထုတ်လုပ်ပေးထားကြပါတယ်။ အဲဒီဖုန်းတွေဟာ Pure Android ဖြစ်ပြီး ဖုန်းထုတ်လုပ်သူတွေရဲ့ ဆော့ဝဲတွေနဲ့ App တွေ မပါရှိကြပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *