News

ရွှေရောင်နှင့် နှင်းဆီရောင် ပေါင်းစပ်ထားတဲ့ Galaxy Note 3 ကို Verizon မှ ရောင်းချ

Samsung က အနီရောင်နှင့်ရွှေရောင် ပေါင်းစပ်ထားသော စွမ်းဆောင်ရည်မြင့် Galaxy Note 3 ကို မကြာမီက ထုတ်ဖော်ပြသခဲ့ပြီး တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှာ ရောင်းချပေးနေပါတယ်။ အဆိုပါ ဖုန်းကို Verizon မှ လည်းရောင်းချပေးနေပြီး Verizon ၀က်ဆိုက်မှတဆင့် ၀ယ်ယူနိုင်ပါတယ်။

အခုတစ်ခါ Samsung က နှင်းဆီရောင်နဲ့ရွှေရောင်ပေါင်းစပ်ထားတဲ့ Galaxy Note 3 ကို ထပ်မံရောင်းချပေးလိုက်ပါတယ်။ Verizon မှ ရောင်းချပေးနေတာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ Galaxy Note 3 မှာ မူလအရောင်ဖြစ်သော အဖြူရောင်ကို အခြေခံထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မျက်နှာပြင်ဟာ အဖြူရောင်ဖြစ်ပါတယ်။ ဘေးပတ်လည်ရှိ သတ္တုဘောင်များမှာ ရွှေရောင်နှင့် နှင်းဆီ ပေါင်းစပ်ထားသောအရောင်မျိုး ဖြစ်ပါတယ်။ ရွှေရောင်နှင့်နှင်းဆီ ပေါင်းစပ်ထားသော Galaxy Note 3 အမျိုးအစားကို ဒေါ်လာ (၂၄၉.၉၉) ဖြင့် ရောင်းချပေးပြီး (၂)နှစ် စာချုပ်ချုပ်ရမှာ ဖြစ်ပါတယ်။ SIM-free Version ကို ဒေါ်လာ (၆၄၉.၉၉) ဖြင့်ရောင်းချပေးနေပါတယ်။

ရွှေရောင်နှင့်နှင်းဆီ ပေါင်းစပ်ထားသော Galaxy Note 3 ၏ Specifications များမှာ ယခင်ထွက်ပေါ်ခဲ့သော Galaxy Note 3 နှင့်အတူတူပင် ဖြစ်ပါတယ်။ (၅.၇)လက်မ Display တပ်ဆင်ထားပြီး 1080 x 1920 Pixel Resolution ပါရှိပါတယ်။ Snapdragon 800 Processor နဲ့ Exynos 5 Octa 5420 Processor နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ 3GB RAM ပါရှိပါတယ်။ Internal Memory 16/32/64 GB ရွေးချယ်နိုင်ပြီး MicroSD Card ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်တွင် 13 MP နှင့် မျက်နှာချင်းဆိုင်တွင် 2 MP ကင်မရာ တပ်ဆင်ထားပါတယ်။ Android မှာ 4.3 (Jelly Bean) ဖြင့် မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *