ယနေ့အချိန်အခါမှာတော့ ၂၀၁၄ခုနှစ် ရဲ့နှစ်သစ်တစ်နှစ်ကိုရောက်ရှိလို့လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်အတွင်း ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်ထဲကို ပြန်လည်လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် Android စမတ်ဖုန်းတွေဟာ ၇၈.၉ ရာခိုင်နှုန်း အထိတောင်ရောင်း ချခဲ့ရပြီး ၂၀၁၂ ခုနှစ်ကတော့ ၆၈.၈ ရာခိုင်နှုန်းအထိ စမတ်ဖုန်းဈေကွက်ထဲမှာ နံပါတ်တစ်နေရာကို ရယူနိုင်ခဲ့ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Apple ရဲ့ iPhone ကတော့ မိုဘိုင်းဖုန်းဈေးကွက်ဝေစု ၁၅.၅ ရာခိုင်နှုန်းသာပိုင်ဆိုင်ခဲ့ပြီး ၂၀၁၂ခုနှစ် တုန်းကတော့ ၁၉.၄ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ Microsoft ရဲ့ Windows Phone တွေကတော့ ၂၀၁၃ခုနှစ်အတွက် ၃.၆ရာခိုင်နှုန်း သာရှိခဲ့ပြီး အခြား OS ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတွေက ၂.ဝ ရာခိုင်နှုန်းသာ ရရှိခဲ့ကြပါတယ်။
၇၈၁.၂ မီလီယံအထိတောင် ရောင်းအားကောင်းခဲ့တဲ့ Android စမတ်ဖုန်းတွေဟာ အခြားစမတ်ဖုန်းတွေထက် ၂၀၁၃ခုနှစ်ရဲ့ စမတ်ဖုန်းဈေးကွက်ထဲမှာ မျက်နှာပန်းလှခဲ့ပါတယ်။ Apple ရဲ့ iPhone ကတော့ ၁၅၃.၄ မီလီယံနဲ့ ဒုတိယနေရာ၌ရပ်တည်နေပြီး Microsoft ရဲ့ Windows Phone က ၃၅.၇ ရာခိုင်နှုန်းသာ ရောင်းချနိုင်ခဲ့သဖြင့် တတိယနေရာတွင်ရှိနေပြီး အခြားစမတ်ဖုန်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ ၁၉.၈ ရာခိုင်နှုန်း သာရှိပါတယ်။ အမေရိကန်နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ Apple ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် Android စမတ်ဖုန်းတွေရဲ့ ရောင်းအားကို လိုက်မမှီနိုင်သေးတာ တွေ့ရပါတယ်။ ၂၀၁၃ခုနှစ်ရဲ့ တစ်နှစ်တာပတ်လုံး မိုဘိုင်းဖုန်းအာလုံးရဲ့ ရောင်းအား အရေအတွက်ဟာ ၉၉၀ မီလီယံအထိတောင်ရှိခဲ့ပြီး ၂၀၁၂ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၇၀ဝ.၁ မီလီယံသာရှိခဲ့ပါတယ်။