News

မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3က လူစိတ်၀င်စားမှု နံပါတ်တစ် ဖြစ်လာ

မကြာသေးမီက တောင်ကိုရီးယား အခြေစိုက် Samsungကုမ္ပဏီမှ ထုတ်လုပ်လိုက်တဲ့ မျက်နှာပြင် ၅.၇လက်မအရွယ် Galaxy Note 3ဟာ GSM Arena၀က်ဘ်ဆိုဒ်ရဲ့ နေ့စဉ် လူ၀င်ရောက်ကြည့်ရှုမှု စာရင်းမှာ Appleရဲ့ iPhone 5Sကို ဖြတ်ကျော်ပြီး နံပါတ်တစ် နေရာကို ရောက်လာခဲ့ပါတယ်။ အဆိုပါ Galaxy Note 3အကြောင်း ကိုလည်း မြန်မာအိုင်စီတီမှ ပြည့်ပြည့်စုံစုံ ရေးသား တင်ဆက်ထားတဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

ဈေးနှုန်းအရတော့ iPhone 5Sနဲ့ Galaxy Note 3ဟာ များစွာ ကွာခြားမှု မရှိပေမယ့် ပိုမိုကြီးမားတဲ့ မျက်နှာပြင်၊ 3GB RAMနဲ့ S-Pen Feature, NFCစတာ တွေဟာ ပရိသတ်တွေကို ဆွဲဆောင်သွားတာ ဖြစ်တယ်လို့ ခန့်မှန်း မိပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ မကြာခင် အဆိုပါ Galaxy Note 3သာမက ဆမ်ဆောင်းရဲ့ စမတ်နာရီ Galaxy Gearကိုပါ Samsung Showroomတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Note 3မှာ မြန်မာစာ စနစ် အသင့်အသုံးပြု နိုင်အောင် စီစဉ်ပေးထားပြီး ဈေးနှုန်း ၇၁၅၀၀၀ကျပ်နဲ့ ရောင်းချပေးသွားမှာပါ။

View Coverပါ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ Galaxy Gearစမတ်နာရီကတော့ ၂၅၈၀၀၀ကျပ်နဲ့ တစ်နိုင်ငံလုံးက Samsung Showroomတွေမှာ ရောင်းပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy Gearကော Galaxy Note 3ကော နှစ်ခုပေါင်း ယူရင်တော့ ၉၅၅၀၀၀ကျပ်နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ကာ အဆိုပါ ဈေးနှုန်းတွေက စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ ပရိုမိုးရှင်း ကာလ သုံးရက်တည်းအတွက်သာ ဖြစ်တယ်လို့ Samsungမှ ကြေညာထားပါတယ်။ စက်တင်ဘာ ၂၅ရက်နေ့ Junciton Squareမှာ ကျင်းပမယ့် Samsungရဲ့ မိတ်ဆက်ပြသတဲ့ ပွဲမှာလည်း Galaxy Note 3, Galaxy Gearတို့ကို စမ်းသပ်ကြည့်ရှု သုံးစွဲနိုင်ပြီး ၀ယ်ယူလိုပါက တစ်ခါတည်း စာရင်းပေးထား နိုင်ကြောင်း သိရပါတယ်။

Galaxy Note 3ပြီးတော့ ဒုတိယနေရာမှာ ရှိနေတာကတော့ iPhone 5Sဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S4, SIM Cardနှစ်ခု သုံးလို့ရတဲ့ Galaxy S Duos, ရေစိုခံ မျက်နှာပြင်ကျယ် စမတ်ဖုန်း Sony Xperia Z1နဲ့ Galaxy Coreစမတ်ဖုန်းတွေက နံပါတ် သုံး၊ လေး၊ ငါး၊ ခြောက် နေရာတွေမှာ အသီးသီး ရပ်တည်နေပြီး အဖြူ၊ အနက်၊ အဝါ၊ အနီ ကာလာ ၄မျိုးနဲ့ Windowsဖုန်း တစ်လုံး ဖြစ်တဲ့ Nokia 520ကလည်း လူစိတ်၀င်စားမှု နံပါတ် ၇နေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီ ဖြစ်တဲ့ iPhone 5ကတော့ ၀င်ရောက် ကြည့်ရှုတဲ့ လူတွေ ရှိနေဆဲ ဖြစ်ကာ လူစိတ်၀င်စားမှု နံပါတ် ရှစ်နေရာမှာ ရပ်တည်နေပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

2 thoughts on “မြန်မာပြည်မှာ ရောင်းတော့မယ့် Galaxy Note 3က လူစိတ်၀င်စားမှု နံပါတ်တစ် ဖြစ်လာ

  1. johnsonmaung says:

    is this an advertisement?… Pen windows is great.. But you should know side view showing , it’s base on which phone design…. Without a pen.. What will it be????? Gear is only essential for machine… Metro UI+ Android OS.. Is this innovation????? When making a phone call, is this can hear clearly in everywhere???? is hate the 4 screw on front and also think that it is the design for POWER RANGER…. I think .. front camera may be more functional than it’s memographer… Take a look to sony smart watch …Awesome design … What r the killer features of these two??????????????

Leave a Reply

Your email address will not be published. Required fields are marked *