News

၂၀၁၃ ခုနှစ်တွင် စမတ်ဖုန်းအလုံးရေ သန်းတစ်ထောင်ကျော်ရောင်းချရ

၂၀၁၃ ခုနှစ်တွင် စမတ်ဖုန်းအလုံးရေ သန်းတစ်ထောင်ကျော်ရောင်းချရကြောင်း IDC အဖွဲ့ ရဲ့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ်ရဲ့ စမတ်ဖုန်း ရောင်းအားဟာ လေးဆယ်ရာခိုင်နှုန်း တိုးတက်လာတာဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေက Samsung နဲ့ Apple တို့ ရဲ့ ဖုန်းများဖြစ်ကြပါတယ်။

Samsung နဲ့ Apple တို့ဟာ ပထမ နဲ့ ဒုတိယ နေရာကရပ်တည်နေပြီး ဈေးကွက်ဝေစုရရှိမှုဟာ ၃၁ ရာခိုင်နှုန်း နဲ့ ၁၅ ရာခိုင်နှုန်း အသီးသီးဖြစ်ကြပါတယ်။ Apple က ဒုတိယနေရာကိုထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ ဈေးကွက်ဝေစုဟာ ၂၀၁၂ ခုနှစ်နဲ့ ယှဉ်ရင် ၁၈.၇ ရာခိုင်နှုန်း ကနေ ၁၅.၃ ရာခိုင်နှုန်းကို ကျဆင်းသွားတာဖြစ်ပါတယ်။ Huawei, LG, Lenovo တို့ရဲ့ ဈေးကွက်ဝေစုဟာ လွန်စွာတိုးတက်လာတာကို တွေ့ရပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းများထုတ်လုပ်ရောင်းချမှုကြောင့်လို့သိရပါတယ်။ အဆိုပါ Company များဟာ တရုတ် နဲ့ အိန္ဒိယ နိုင်ငံတွေကို ပစ်မှတ်ထား ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ Apple ရဲ့ ရောင်းအားကျဆင်းမှု ဟာ တန်ဖိုးနည်းစမတ်ဖုန်းများထုတ်လုပ်ခြင်းမရှိလို့ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ Huawei ရဲ့ရောင်းအားက အလွန်တိုးတက်လာတာဖြစ်ပါတယ်။ Huawei ဟာ တန်ဖိုးနည်းဖုန်းတွေကို ထုတ်လုပ်ရောင်းချနေပြီး ကျွန်တော်တို့နိုင်ငံရဲ့ ဈေးကွက်မှာလည်း အများဆုံးရောင်းချရတဲ့ ဖုန်းဖြစ်ပါတယ်။

2014-01-28_10-24-53

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *