Apps, How-to

YOUTUBE ရဲ့ STREAMING နှင့် EXPERIENCE ကိုပိုမို ကောင်းမွန်စေမဲ့ BROWSER EXTENSION များ

YOUTUBE ကို အင်တာနက် သုံးစွဲတဲ့ သူတိုင်း ရင်းနှီး ကြလို့ အထွေအထူး မိတ်ဆက် ပေးနေစရာ မလိုပါဘူး ။ ဒီလိုကိုယ်ကြည့်ချင်တဲ့ YOUTUBE VIDEOS တွေ ကို ကြည့်တဲ့ အခါမှာ ကိုယ်မကြည့်ချင်တဲ့ ကြော်ငြာတွေ နဲ့ VIDEOS တွေအတွက် အချိန်ကုန် ခံပြီး စောင့်နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ အောက်က BROWSER EXTENSIONS တွေကိုသုံးကြည့်လိုက်ပါ ။ သင့်ရဲ့ YOUTUBE EXPERIENCE ဟာ သိသိသာသာ တိုးတက်လာတာကိုတွေ့နိုင်ပါတယ် ။

YOUTUBE ရဲ့ ကြောငြာ တွေကို BLOCK AND SKIP လုပ်ပေးမဲ့ SCREW ADS

SCREW ADS ဆိုတာဟာ FIREFOX နဲ့ CHROME BROWSER တို့အတွက် BROWSER EXTENSION တစ်မျိုးပဲ ဖြစ်ပါတယ်။ SCREW ADS ဟာ YOUTUBE မှာ သင်မကြည့်ချင်တဲ့ ကြော်ငြာတွေ နဲ့ စိတ်ပျက်စရာငြီးငွေ့ ဖို့ကောင်းတဲ့ VIDEOS တွေကို SKIP AND BLOCK လုပ်ပေးနိုင်ပါတယ် ။ SCREW ADS ဟာလည်း သုံးစွဲရလွယ်ကူပါတယ် ။ SCREW ADS ကိုအသုံးပြုချင်တယ်ဆိုရင်တော့ CHROME STORE ကနေတစ်ဆင့် INSTALL လုပ်လို့ရပါတယ် ။

သင် ဟာ INTERNET TROLLS တွေ နဲ့ FANS တွေအချင်းချင်း အကြောင်းမဲ့ မလိုလားအပ်ဘဲ COMMENT BOX တွေထဲမှာ ရန်ဖြစ်နေတာကို မတွေ့ချင်ဘူးဆိုရင်လည်း ဒီ AdBlock Plus ကိုသုံးပြီး ဖျောက်ထားနိုင်ပါတယ် ။ AdBlock ရဲ့ လုပ်ဆောင်နိုင်တဲ့ FEATURE တွေကို လည်း အောက်ပါပုံအတိုင်း မြင်တွေ့ရမှာပါ ။

AdBlock-Plus

YOUTUBE EXPERIECE ကိုပိုမိုကောင်းမွန်စေမဲ့ SMARTVIDEO

SMARTVIDEO ကို FIREFOX ရော CHROME BROWSER မှာပါ အသုံးပြုနိုင်ပါတယ် ။ SMARTVIDEO ဟာ YOUTUBE ရဲ့ VIDEO တစ်ခုထဲမှာပဲ အလုပ်လုပ် နိုင်တာမဟုတ်ပါဘူး ။ သူဟာ တစ်ခြားသော WEBSITE တွေရဲ့ VIDEO တွေမှာလဲ အလုပ်လုပ်နိုင်ပါတယ် ။ SMARTVIDEO လုပ်ဆောင်ပေးတဲ့ FEATURES လေးတွေကို အောက်မှာလေ့လာကြည့်ပါဦး ။

SmartVideo-Options

•AUTO BUFFER : PAGE ကို စတင်ပြီး LOAD လုပ်တာနဲ့ တပြိုင်နက် BUFFERING ကိုစတင်လုပ်ဆောင်ပေးနိုင်တဲ့ အတွက် စောင့်ရတဲ့ အချိန်ကို လျှော့နည်းစေပါတယ် ။ တကယ်လို့များ သင့်ရဲ့ အင်တာနက် SPEED ဟာ မြန်ဆန်ကောင်းမွန်တယ်ဆိုရင်တော့ VIDEOS တွေကို AUTO PLAY လုပ်ထားနိုင်ပါတယ် ။ SMARTVIDEO ဟာ VIDEO တစ်ခုရဲ့ သတ်မှတ်ထား တဲ့ PERCENTAGE ကို BUFFER လုပ်ပြီးတာနဲ့ PLAYBACK ကိုလုပ်ဆောင်ပေးနိုင်ပါတယ်။

•KEEP ON BUFFERING : SMARTVIDEO ရဲ့ ကောင်းမွန်တဲ့ SPECIAL FEATUER တစ်ခုကတော့ သင်ဟာ VIDEO တစ်ခုကို PAUSE လုပ်ထားရင်တောင်မှပဲ BUFFERING ကိုဆက်လက် လုပ်ဆောင်ပေးနိုင်ပါတယ် ။ ဒီလို လုပ်ဆောင်နိုင်တဲ့ အတွက် သင်ဟာ သင့်ရဲ့ တခြားသော လုပ်ငန်းဆောင်တာတွေကို သွားရောက်လုပ်ကိုင်နိုင်ပြီး သင်ပြန်လာတဲ့ အခါမှာတော့ YOUTUBE ရဲ့ VIDEO ဟာ သင်ကြည့်ဖို့ အတွက် အဆင်သင့် ဖြစ်နေပါပြီ။

•VIDEO QUALITY : နောက်ထပ်ကောင်းမွန်တဲ့ FEATURE တစ်ခုကတော့ YOUTUBE VIDEOS ကိုကြည့်ဖို့ DEFAULT RESOLUTION ကိုသတ်မှတ်လို့ ရခြင်းပဲဖြစ်ပါတယ်။

အထက်ပါ BROWSER EXTENSIONS နှစ်ခု ကို အသုံးပြုခြင်းအား ဖြင့် သင့်ရဲ့ YOUTUBE EXPERIENCE ကို မြှင့်တင်လိုက်ပါ။

REF : http://www.thewindowsclub.com/improve-youtube-streaming-experience

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *