Mobile, Review

Lenovo Yoga Tablet 10 Review

သာမာန် Tablet တွေရဲ့ ဒီဇိုင်း ကို ရိုးအီနေရင်တော့ Lenovo Yoga Tablet 10 ကို အသုံးပြုကြည့်ပါ။ ဈေးကွက်ထဲမှာရောင်းချနေတဲ့ ၁၀.၁ လက်မအရွယ် Tablet တွေနဲ့တော့ Lenovo Yoga Tablet 10 က လုံး၀ခြားနားပါတယ်။ Lenovo Yoga Tablet 10 က Multi-Mode Device ဖြစ်ပြီး နေရာတိုင်းမှာ အဆင်ပြေစွာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Lenovo Yoga Tablet ရဲ့ ထူးခြားချက်တွေကို အောက်မှာဆက်လေ့လာကြည့်ပါ။

ဒီဇိုင်း

Lenovo Yoga Tablet ရဲ့ ထူးခြားချက်က Stand ပါရှိတာဖြစ်ပါတယ်။ Tablet ရဲ့ အောက်ခြေမှာ လုံး၀န်းတဲ့ Stand ကိုတွေ့မြင်နိုင်ပါတယ်။ Tablet ကို Stand မှကိုင်တွယ်လို့အဆင်ပြေစေပါတယ်။ ဒါ့အပြင် Stand လေးဟာ နေရာပေါင်းစုံမှာ Tablet ကို အသုံးပြုဖို့အဆင်ပြေစေပါတယ်။ Tablet ရဲ့ အလေးချိန် ဟာ ၆၁၀ ဂရမ် အလေးချိန်ရှိပြီး Nexus 10 နဲ့ အတူတူပဲဖြစ်ပါတယ်။ Apple ရဲ့ ၉.၇ လက်မအရွယ် iPad Air ဟာ ၄၆၉ ဂရမ် ပဲလေးပြီး Lenovo Tablet နဲ့ ယှဉ်ရင် ၂၃ ရာခိုင်နှုန်းပိုမိုပေါ့ပါးပါတယ်။ အလွန်ပေါ့ပါးတဲ့ Tablet မျိုးလိုချင်ရင်တော့ Yoga Tablet ကို ၀ယ်ယူဖို့ မစဉ်းစားသင့်ပေမယ့် Yoga Tablet မှာ Stand ပါရှိတာ ကိုထည့်စဉ်းစားဖို့လိုပါတယ်။ Yoga Tablet ရဲ့ အစွန်းဖက်တွေနဲ့ Stand ကို သတ္တုနဲ့ပြုလုပ်ထားပေမယ့် ကျန်တဲ့နေရာတွေကတော့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အနောက်ဖက်မျက်နှာပြင်ကို ငွေရောင် ပလတ်စတစ်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ စပီကာ နှစ်ခုကို Tablet ရဲ့ အရှေ့ဖက် မျက်နှာပြင် မှာတွေ့မြင်နိုင်ပါတယ်။

2

3

Multi-Mode အသုံးပြုခြင်း

Yoga Tablet ကို Modes သုံးမျိုးနဲ့ အသုံးပြုနိုင်တယ်လို့ Lenovo ကပြောပါတယ်။ Stand Mode, Tilt Mode, Hold Mode တို့ဖြစ်ပါတယ်။ Hold Mode က လက်နဲ့ ကိုင်ပြီး အသုံးပြုရတဲ့ Mode ဖြစ်ပြီး Yoga Tablet ကို Stand မှ တစ်ဆင့် လက်ထဲမှာ ကိုင်အသုံးပြုရတာ တော်တော် အဆင်ပြေတာတွေ့ရပါတယ်။ သတ္တု Stand ကို ထုတ်လိုက်တဲ့အခါမှာ ရုပ်ရှင်တွေ၊ ဓါတ်ပုံတွေ ကို ကြည့်ရှုဖို့ အဆင်ပြေပါတယ်။ Tilt Mode က အောက်ကပုံမှာမြင်ရတဲ့အတိုင်း Tablet ကို လှဲပြီး အသုံးပြုနိုင်တာဖြစ်ပါတယ်။ စာရိုက်ဖို့အတွက် အဆင်ပြေစေပါတယ်။ တစ်ခုမှတ်ထားရမှာက Tablet ဟာ Portrait Mode အသုံးပြုဖို့ ပဲ အဆင်ပြေမှာဖြစ်ပြီး Landscape Mode အသုံးပြုမှ အဆင်ပြေမယ့် အလုပ်တွေကိုလုပ်မယ်ဆိုရင် Stand ကို အသုံးပြုလို့မရပါဘူး။

4

5

မျက်နှာပြင် နဲ့ Hardware များ

Yoga Tablet ဟာ ၁၀.၁ လက်မအရွယ်ရှိပြီး 1280×800 Pixel Resolution ရှိတဲ့ Display ကို တပ်ဆင်ထားတဲ့အတွက် ခေတ်ပေါ် Tablet တွေနဲ့ ယှဉ်ရင် အနည်းငယ်အားနည်းပါတယ်။ တစ်လက်မ ကို Pixel သိပ်သည်းဆ ၁၄၉ ပါရှိပါတဲ့အတွက် နည်းတယ်လို့ပြောလို့ရပါတယ်။ Nexus 10 မှာ ၃၀၀ Pixel ပါရှိပြီး iPad Air တွင် ၂၆၄ Pixel ပါရှိပါတယ်။ ဈေးနှုန်းကတော့ အဲဒီ Tablet တွေထက် Lenovo Tablet က သက်သာတာတွေ့ရပြီး စတာလင်ပေါင် ၂၄၉ သတ်မှတ်ထားပါတယ်။ ဈေးနှုန်းအရ တော့ Samsung Galaxy Tab 3 10.1 နဲ့ အတူတူလောက်ဖြစ်တဲ့အတွက် အဲဒီ Tablet နှစ်ခုကို နှိုင်းယှဉ် ၀ယ်ယူသင့်ပါတယ်။ 1.2 GHz MediaTek Quad-Core Chipset ကို အသုံးပြုထားပြီး 1GB RAM ပဲ ပါရှိတဲ့အတွက် အလျှင်မြန်ဆုံးစွမ်းဆောင်ပေးနိုင်မယ့် Tablet တော့ မဟုတ်ပါဘူး။ သူ့ဈေးနှုန်းနဲ့တွက်ချက်ရင်တော့ အသုံးပြုလို့ကောင်းတဲ့ Tablet တစ်ခုဖြစ်ပါတယ်။ Apps တွေကို အသုံးပြုရာမှာလည်း လျှင်မြန်မှု ရှိပါတယ်။ ရုပ်ရှင်တွေကြည့်လို့လည်း အဆင်ပြေတာတွေ့ရပါတယ်။ 16GB Model မှာတော့ MicroSD Card ကို အသုံးပြုလို့မရဘဲ 32GB Model မှသာ 64GB MicroSD Card ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ MicroSD Card Slot ကို အနောက်ဖက် မျက်နှာပြင် Stand ရဲ့ အတွင်းဘက်မှာဖွက်ထားပါတယ်။

6

ဘက်ထရီ

9000mAh Battery ကို တပ်ဆင်ထားလို့ ၁၈ နာရီကြာအသုံးခံမယ်လို့ Lenovo ကပြောပါတယ်။ သာမာန်အသုံးပြုမှု တွေကိုပဲပြုလုပ်မယ်ဆိုရင် နှစ်ရက်မှ တစ်ခါ အားသွင်းနိုင်ပါတယ်။ Yoga Tablet ရဲ့ ဘက်ထရီဟာ အလွန်အသုံးခံတယ်လို့ပြောလို့ရပါတယ်။ Power ManagerHD ဆိုတဲ့ App ကိုလည်း ထည့်သွင်းပေးထားပြီး ဘက်ထရီ အားသက်သာစေရန် Mode မျိုးစုံပြောင်းလဲသုံးနိုင်ပါတယ်။

ဆော့ဝဲ

Lenovo Yoga Tablet ဟာ Android 4.2.2 Jelly Bean ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ Multi User Profile ကို အသုံးပြုနိုင်မယ့် Android 4.3 ကို Yoga Tablet က Update ရမလားဆိုတာတော့ မသိပါဘူး။ ထူးခြားချက်တစ်ခုက App Drawer မပါရှိဘဲ Apps အားလုံးကို Home Screen မှာ တွေ့ရမှာဖြစ်ပါတယ်။ ဖိုဒါတွေတည်ဆောက်ပြီး Apps တွေကို စုစည်းနိုင်ပါတယ်။ Widgets တွေအတွက် Screen တွေကို ထပ်ဖြည့်နိုင်ပါတယ်။ Quick Settings Icon ပါရှိပြီး WiFi, Bluetooth, Battery, GPS , Brightness, Auto Rotate, Settings များကို အလွယ်တကူအသုံးပြုနိုင်ပါတယ်။ အခြေခံအလုပ်တွေကို လုပ်ပေးမယ့် File Manager လို Apps တွေပါရှိသလို Norton Mobile Security , Kingsoft Office, Route 66 Navigation, Battery စတာတွေလည်း ပါရှိပါတယ်။ Google Apps တွေလည်း ပါရှိပါတယ်။ Video Player ကိုလည်း ဆန်းသစ်ထားပြီး တစ်ခြား Apps တွေရဲ့ အပေါ်မှာ အသုံးပြုနိုင်တဲ့ Pop-Out Mode ပါရှိပါတယ်။ Video Player ရဲ့ Volume, Brightness တွေကိုလည်း အလွယ်တကူပြောင်းနိုင်ပါတယ်။

8

Dolby Sound

Quick Settings Menu ကနေ Dolby Sound ကို အဖွင့် ၊ အပိတ် လုပ်နိုင်ပါတယ်။ ဒါပေမယ့် Kindle Fire Tablet ရဲ့ စွမ်းဆောင်ရည် ကို မမှီတာတွေ့ရပါတယ်။ HTC One, One Max တို့လို စမတ်ဖုန်းတွေကိုလည်း Yoga Tablet က မယှဉ်နိုင်ပါဘူး။ အဆိုးထဲကအကောင်းက စပီကာတွေကို အရှေ့ဖက်မှာတပ်ဆင်ထားတာဖြစ်ပြီး Dolby App ကနေလည်း Audio Output ကို ချိန်ညှိလို့ရပါတယ်။ ရုပ်ရှင်တွေကြည့်တဲ့အခါမှာ အသံစွမ်းရည် က တစ်ခြား Tablet တွေထက်ကောင်းမွန်တာတွေ့ရပါတယ်။

ကင်မရာ

Yoga Tablet မှာ ကင်မရာ နှစ်လုံး ပါရှိပြီး မျက်နှာချင်းဆိုင်မှာ 1.6 Megapixel ကင်မရာတပ်ဆင်ထားပါတယ်။ အနောက်ဖက်မှာတော့ 5 Megapixel ကင်မရာပါရှိပါတယ်။ မျက်နှာချင်းဆိုင် ကင်မရာက Skype, Hangouts တို့အသုံးပြုဖို့သင့်တော်ပါတယ်။ စွမ်းဆောင်ရည်က တော့ အသင့်အတင့်ဖြစ်ပေမယ့် မိမိဘာသာ ဓါတ်ပုံရိုက်ဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ ပုံတွေရနိုင်ပါတယ်။ အနောက်ဖက်ကင်မရာ ကိုတော့ Stand ရဲ့ လုံး၀န်းတဲ့ ဒေါက်တိုင်မှာတပ်ဆင်ထားပါတယ်။ ဓါတ်ပုံ၊ ဗီဒီယို တွေရိုက်ကူးမှု စွမ်းရည်ဟာ စမတ်ဖုန်းတွေကို နှိုင်းယှဉ်လို့မရပေမယ့် အလင်းရောင်နည်းတဲ့နေရာတွေမှာ ရိုက်ကူးရင် ပုံထွက်ကောင်းမွန်ပြီး HD Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

11

Bluetooth Keyboard

Lenovo ဟာ Yoga Tablet တွေကို Series နဲ့ ထုတ်လုပ်ရောင်းချနေပြီး Bluetooth Keyboard တွေကိုလည်း ရောင်းချပေးနေပါတယ်။ စတာလင်ပေါင် ၉၉ တန်ကြေးရှိပြီး အမေရိကန် ဒေါ်လာ ၈၀ ၀န်းကျင်ခန့်တန်ကြေးရှိပါတယ်။ တစ်ခြား ကီးဘုတ် တွေနဲ့ ကွာခြားချက်ကတော့ ကီးဘုတ် ကို Tablet ရဲ့ မျက်နှာပြင် ကို ကာကွယ်ပေးနိုင်တဲ့ ကာဗာ အဖြစ်အသုံးပြုနိုင်တာဖြစ်ပါတယ်။ နောက်ပြီး Tablet ရဲ့ ဒီဇိုင်း နဲ့လိုက်ဖက်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ ကီးဘုတ်မှာ ဘက်ထရီ ပါ ရှိပြီး Bluetooth Connection ကို အသုံးပြုဖို့လိုအပ်တာဖြစ်ပါတယ်။ ကီးဘုတ် ကပေါ့ပါး ပါးလွှာပြီး Kingsoft Office, Google Docs တို့လို ဆော့ဝဲတွေအသုံးပြုရင် On-Screen Keyboard ထက် အဆင်ပြေစေမှာဖြစ်ပါတယ်။

12

အနှစ်ချုပ်

Lenovo Yoga Tablet ဟာ တစ်ခြား Tablet တွေမှာ မပါတဲ့ Multi Mode ကို အသုံးပြုလို့ရခြင်းက ထူးခြားပြီး အသုံး၀င်ပါတယ်။ Yoga Tablet ထက် စွမ်းဆောင်ရည် ရော ပေါ့ပါးမှု မှာပါအားသာတဲ့ Tablet များစွာရှိခြင်းက စဉ်းစားစရာဖြစ်ပါတယ်။ ဈေးနှုန်း အရတော့ Yoga Tablet ဟာ အလွန်ချိုသာတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Chipset ဟာလည်း Qualcomm ရဲ့ နောက်ဆုံးထုတ် အမျိုးအစားမဟုတ်ပါဘူး။ RAM ကလည်း နည်းပါးပြီး ဒီထက်ပါရှိသင့်ပါတယ်။ Apps တွေအားလုံးကိုတော့ လျှင်မြန်စွာ အသုံးပြုနိုင်တာတွေ့ရပါတယ်။ ဘက်ထရီ ကတော့ အတော်ကောင်းမွန် အသုံးခံတာတွေ့ရပါတယ်။ 1280×800 Resolution က အနည်းငယ် အားနည်းတာတွေ့ရပါတယ်။ အချုပ်အားဖြင့် Lenovo Yoga Tablet 10 ဟာ ဈေးနှုန်းသက်သာပြီး တစ်ခြား Tablet တွေမှာ မပါတဲ့ စွမ်းဆောင်ချက်မျိုးပါရှိပါတယ်။ စွမ်းဆောင်ရည် က သင့်တင့်ပြီး သာမာန် အသုံးပြုမှု တွေကို ကောင်းစွာပြုလုပ်နိုင်ပါတယ်။

Ref : http://www.pocket-lint.com/review/124838-lenovo-yoga-tablet-10-review

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *