News

မြန်မာနိုင်ငံ အမျိုးသမီး ညီလာခံ ၂၀၁၃ ကို အူရီးဒူး ကြိုဆို

Pres Release – Ooredoo Welcomes Women’s Forum Myanmar 2013

မြန်မာ အမျိုးသမီး ၃၀,ဝ၀ဝ ကို အူရီးဒူး မိုဘိုင်းလက်လီအရောင်းကိုယ်စားလှယ်များ အဖြစ် လေ့ကျင့် ပျိုးထောင်မည်။
ရန်ကုန်၊ မြန်မာ။
ကမ္ဘာ့ တီလီကွန် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော အူရီးဒူးက မြန်မာနိုင်ငံတွင် ပြုလုပ်မည့် အမျိုးသမီး ညီလာခံ ၂၀၁၃ အား ကြိုဆိုလိုက်သည်။ ကမ္ဘာအရပ်ရပ်တွင် ရှိသော အမျိုးသမီးများ၏ စွမ်းပကားများ နှင့် လွှမ်းမိုးမှုများကို ပိုမိုရှင်သန် နှင့် အမျိုးသမီးထု၏ လူမှုရေး စိတ်ဓါတ်များ နှင့် စီးပွါးရေးစိတ်ဓါတ်များ ကို နှိုးဆွသော ဆန်းသစ်ပြီး လက်တွေ့ကြသည့် စီမံကိန်းများ ရေးဆွဲ နိုင်ရန် အမျိုးသမီးများ ညီလာခံ က စွမ်းဆောင်သွားမည် ဖြစ်သည်။

၄င်း ရည်ရွယ်ချက်သည် အူရီးဒူး၏ အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေး မဏ္ဍိုင်နှင့် တစ်သားတည်း ဖြစ်သည်။ မိုဘိုင်းဖုန်းနည်းပညာများ၏ အကျိုးထူးများ ခံစားနိုင်စေရန် ရည်ရွယ်ပြီး အခွင့်အလမ်းများမရသေးသော မြန်မာလူထု နှင့် မြန်မာ အမျိုးသမီး စီးပွါးရေး စွမ်းဆောင်ရှင်များ ပေါ်ပေါက်လာရေးတို့ကို ရည်ရွယ်လျှက် အူရီးဒူး နှင့် ရှယ်ရီဘလဲ အမျိုးသမီး ဖောင်ဒေးရှင်း တို့လက်တွဲလျှက် အကျိုးတူအဖွဲ့အစည်း တစ်ခုကို တည်ထောင် လိုက်ကြောင်း သီတင်း ထုတ်ပြန် ကြေငြာ လိုက်သည်။ ယင်းကြေငြာချက်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော ကလင်တန်ကမ္ဘာ့အကူအညီပေးရေး CGI (Clinton Global Initiative) အဖွဲ့ကြီး၏ အစည်းအဝေးတွင် အကောင်အထည် ဖေါ်ဆောင်ရွက် ရန် ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ကမ္ဘာ့ဆင်းရဲမှု စံနှုန်း အောက်သို့ လူဦးရေ၏ ၂၅ % ရောက်ရှိနေသဖြင့် မြန်မာ့ စီးပွါးရေး ပြန်လည် ဦးမော့လာနိုင်စေရေးအတွက် မြန်မာ အမျိုးသမီးများကို အလုပ်အကိုင်များ ပိုမို ပေးရန် အဆောတလျှင် လိုအပ် လျှက် ရှိသည်။ ကုမ္ပဏီ၏ ဦးတည်ချက်များထဲတွင် ပါဝင်သော လူမှုဘဝများအား ပိုမိုကောင်းမွန်စေရေး နှင့် လူ့စွမ်းအား အရင်းအမြစ်များ ကြီးပွါး တိုးတက်ရေးတို့ အတွက် အူရီးဒူး သည် ဦးဆောင်မှု နှင့် အောင်မြင်မှု အလားအလာကောင်းများကို မြန်မာအမျိုးသမီးများ သိမြင်လာနိုင်စေရန် အထူးအားထုတ် သွားမည်ဟု သန္နိဠာန် ချမှတ်ထားသည်။ မိသားစုအပေါ်မှီခိုသူများ နှင့် လူတစ်ဦးချင်းစီ၏ဘဝများပိုမို အသိပညာကြွယ်ဝစေရေး အတွက် မြန်မာအမျိုးသမီးများသည် လူတိုင်းနှင့် တန်းတူ မိုဘိုင်းဖုန်းနည်းပညာနှင့် ထိတွေ့မှုရှိသင့်ကြောင်း အူရီးဒူ က ယုံကြည်သည်။ မိုဘိုင်းဖုန်းနည်းပညာစွမ်းပကား ကို အသုံးပြုပြီး ဈေးကွက် အသီးသီးတို့မှ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေခြင်း နှင့်ပတ်သက်၍ အူရီးဒူးတွင် အတွေ့အကြုံများစွာရှိခဲ့ပြီးဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံတွင်လည်း ထူးခြားစွာ အကျိုးသက်ရောက်နိုင်မည် ဟု ယုံကြည်သည်။

မြန်မာ သည် မိုဘိုင်းဖုန်းများ တွင်ကျယ်စွာ အသုံးမပြုနိုင်သေးသော ကမ္ဘာ့နိုင်ငံအချို့တွင် ပါဝင်သည်။ နိုင်ငံလူဦးရေ၏ ၁၀% အောက်သာ မိုဘိုင်းဖုန်းများ သုံးစွဲနိုင်သေးသည်။ သို့ဖြစ်၍ မကြာသေးမှီက ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရရှိထားပြီး သန်း ၆၀ သော ပြည်သူများကို ဆက်သွယ်ရေးကွန်ရက် အသုံးပြုနိုင်ရန် စတင်ဆောင်ရွက်သွားမည်ဖြစ်သော အူရီးဒူးကုမ္ပဏီအတွက် မြန်မာနိုင်ငံဈေးကွက်သည် အထူးအခွင့်အရေး ပင်ဖြစ်သည်။

အူရီးဒူး နှင့် ရှယ်ရီဘလဲ ၏ အမျိုးသမီး ဖောင်းဒေးရှင်းသည် သက္ကရာဇ် ၂၀၁၆တွင် မြန်မာအမျိုးသမီးပေါင်း ၃၀,ဝ၀ဝ သုံးသောင်းကို အူရီးဒူး၏ ကြိုတင် ငွေပေးချေစနစ် နှင့် မိုဘိုင်းကွန်ရက် ရောင်းဝယ် ဖောက်ကားရေးနှင့် ဝန်ဆောင်မှု ပေးရေးတို့တွင် စံပြစီးပွါးရေး ပညာရှင်များ ဖြစ်လာနိုင် စေရန် မြေထောင်မြှောက်ပေး သွားမည်ဖြစ်သည်။ အမျိုးသမီး တစ်ဦးချင်းစီကို မိုဘိုင်းဖုန်းတစ်လုံး၊ ကြော်ငြာ ပစ္စည်းများ နှင့်အတူ အသုံးပြုပုံ အညွှန်းစာအုပ် တို့ဖြင့် အားဖြည့် သွားမည်ဖြစ်သည်။ ဆက်သွယ်ရေးဆိုင်ရာ စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ပုံ အဆင့်ဆင့်ကိုလည်း လက်တွေ့သင်ကြား ပြသ ပေးသွားမည်ဖြစ်သည်။

ရှယ်ရီဘလဲ အမျိုးသမီး ဖောင်ဒေးရှင်း၏ သုတေသန ပြုချက်များအရ မိုဘိုင်းကုမ္ပဏီများ၏ လက်လီ အရောင်းဌာနများတွင် ဖုန်းလိုင်းကဒ်များ နှင့် ဆက်သွယ်ရေး ကွန်ရက်များ ရောင်းဝယ် ဖောက်ကားရာ၌ အမျိုးသမီး အရောင်း ကိုယ်စားလှယ်များ၏ စွမ်းဆောင်နိုင်မှုသည် အထူးအရေးပါသည် ဟု သိရသည်။ မိုဘိုင်းဖုန်း နှင့် မိုဘိုင်းဖုန်း ပစ္စည်းများကို ရောင်းဝယ်ခြင်းသည် အလွန် လွယ်ကူ လွပ်လပ်လှသည်။ အိမ်တွင်းမှု နှင့် ရပ်ကွက်လူမှုရေးရာ တာဝန်များ နှင့်အတူ ဆက်သွယ်ရေးကွန်ရက် ကိုရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းသည် အမျိုးသမီး များအတွက် ကိုယ်ပိုင် စီးပွါးရေး လုပ်ငန်းရှင် ဖြစ်လာနိုင်စေရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

အမျိုးသမီး မိုဘိုင်းအရောင်းကိုယ်စားလှယ်များ သည် ဝင်ငွေအပိုရရှိသည့်အပြင် ထိုအပိုဝင်ငွေကို မိမိ မိသားစုရေးရာများနှင့် လူထုအကျိုးပြုလုပ်ငန်းများတွင် ပြန်လည် မြှပ်နှံနိုင်ကြသည်။ အမျိုးသမီးထုအကြား ယုံကြည်မှုပိုမိုအားကောင်းခြင်း နှင့်အတူ လုပ်ငန်းမတည်ငွေ အရင်းအနှီး အနည်းငယ်သာ လိုအပ်ခြင်းတို့သည်လည်း အမျိုးသမီးများ အား မိုဘိုင်းအရောင်းကိုယ်စားလှယ်ခန့်အပ်ခြင်း ၏ အခြား အကျိုးကျေးဇူးများ ဖြစ်သည်။ အကျဉ်းချုံးရသော် ဆက်သွယ်ရေးလုပ်ငန်းတွင် စီးပွါးရေးလုပ်ငန်းရှင်များ အဖြစ် ၄င်းတို့သည် လူမှုကွန်ရက် အသီးသီးသို့ နှံ့စပ် ကျွမ်းဝင်နိုင်ကြသည် ။ လုပ်ငန်းပိုမိုချဲ့ထွင်နိုင်ကြသည်။ ပြီးနောက် ၄င်းတို့ ကျင်လည်ရာ ပတ်ဝန်းကျင်တွင် မိမိကိုယ်ကို ဂုဏ်သရေ မြှင့်တင်နိုင်ကြမည်ဖြစ်သည်။

အူရီးဒူးမြန်မာ ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က “ မြန်မာနိုင်ငံ အခုလို စီးပွါးရေးအရပြောင်းလည်း တိုးတက်နေချိန်မှာ မြန်မာ အမျိုးသမီးထုရဲ့ စွမ်းအားတွေ လတ်တလော အထူးလိုအပ်နေပါတယ်။ အူရီးဒူးရဲ့ ဦးတည်ချက်များ ဖြစ်တဲ့ လူစွမ်းအားအရင်းအမြစ်များကို တိုးတက်ကြီးပွါးစေရေး နဲ့ မြန်မာ အမျိုးသမီးများ မိမိ စွမ်းဆောင်ရည်များကို ကိုယ်တိုင်သိရှိနားလည်ပြီး လူထုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာမှာ သရဖူဆောင်းစေရေး တို့အတွက် ကျွန်တော်တို့ အာမခံပါတယ်။ ဒီလို သောင်းနဲ့ချည်တဲ့ မြန်မာအမျိုးသမီးများကို စွမ်းဆောင်ရည် မြှင့်တင်ခြင်းဟာ မြန်မာပြည်အတွက် အလွန် အရေးပါတယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်၊” ဟုပြောကြားသွားပါတယ်။

ကျွန်တော်တို့ လုပ်ငန်းတွေ အခြေချ လုပ်ကိုင်တဲ့ နေရာတိုင်းမှာ အမျိုးသမီးထုကို အခြေခံအထောက်အကူတွေ ပေးပြီး စွမ်းဆောင်နိုင်စေဖို့ အတွက် အောက်ခြေ အဆင့်ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ရော NGO တွေနဲ့ပါ အတူလက်တွဲ ပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးလုပ်ငန်း စပြီးလုပ်ကိုင်တဲ့ အချိန်မှာ လက်လီ အရောင်းကဏ္ဍအနေနဲ့ ထောင်သောင်းချီတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာမှာဖြစ်ပြီး အထူးသဖြင့် အမျိုးသမီး အသေးစားစီးပွါးရေး လုပ်ငန်းရှင်တွေကို မွေးထုတ်ပေးဖို့ အားသွန် ကြိုးပမ်းသွားမှာဖြစ်ပါတယ် ဟု အူရီးဒူးရဲ့ နာယက ဖြစ်သော H.E. Sheikh Abdullah Bin Mohammed Bin Saud Al Thani ကပြောကြားသွားပါသည်။

မြန်မာနိုင်ငံ အမျိုးသမီးများ ညီလာခံ ၂၀၁၃ ကို ဒီဇင်ဘာလ ၆ ရက် သောကြာနေ့ နှင့် ၇ ရက် ကြာသပတေးနေ့ တို့တွင် ရန်ကုန်မြို့ ချာထရီယံ ဟိုတယ်၌ ပြင်သစ်နိုင်ငံ သံရုံးနှင့် အတူ လက်တွဲပြီး နှစ်ရက် ဆက်တိုက် ကျင်းပ သွားမည်ဖြစ်သည်။

ပြီး

အူရီးဒူး
အူရီးဒူး ကုမ္ပဏီသည် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကတိုက် နှင့် အရှေ့တောင်အာရှဒေသများတွင် စီးပွါးရေးလုပ်ငန်းများ နှင့် ဆက်သွယ်ရေး သုံးစွဲသူများ ၏ လိုအပ်ချက်များ ကို ဖြည့်စီးပေးရန် မိုဘိ်ုင်းဖုန်းများ၊ ကြိုးမဲ့ မြန်နှုန်းမြင့် အင်တာနက်စနစ် နှင့် ကြိုးလိုင်းအင်တာနက် စနစ်များကို ဖြန့်ချီရောင်းချပေးနေသော အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ထိပ်သီး ဆက်သွယ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ လူထုအကျိုးပြု ကုမ္ပဏီ ဖြစ်သည်နှင့်အညီ လူထုကို မိမိ တို့ စွမ်းပကားရှိသလောက် တိုးတက်ကြီးပွါးနိုင်ကြောင်း ရှေ့ဆောင်လမ်းပြပြီး လူစွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေရေးကို အထူးယုံကြည် ရှေးရှုသည်။ အူရီးဒူး ကုမ္ပဏီသည် ယခုလက်ရှိ ကာတာနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ အိုမန်နိုင်ငံ၊ အယ်လ်ဂျီးယီးယားနိုင်ငံ၊ တူနီးဆီးယားနိုင်ငံ၊ အီရတ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ မော်ဒီးနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ စသည့်နိုင်ငံများ၏ ဈေးကွက်များ တွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါသည်။ ပြီးခဲ့သော ၂၀၁၂ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၉.၃ ဘီလျံယျံရှိပြီး၊ ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင်နောက်ဆုံးရ မှတ်တမ်းအရ ကမ္ဘာနှင့်အဝှမ်း ဝန်ထမ်းဦးရေ ၉၂.၉ သန်းရှိသည်။ အူရီးဒူး၏ အစုရှယ်ယာ များကို ကာတာနိုင်ငံ အစုရှယ်ယာဈေးကွက်နှင့် အဘူဒါဘီမြို့လုံခြုံရေး အစုရှယ်ယာ ဈေးကွက်များတွင် တွေ့နိုင်သည်။
www.ooredoo.com

ရှယ်ရီဘလဲ ၏ အမျိုးသမီး ဖောင်ဒေးရှင်း
ရှယ်ရီဘလဲ အမျိုးသမီးဖောင်ဒေးရှင်းသည် ဖွံ့ဖြိုးဆဲနှင့် ပြောင်းလည်းတိုးတက်လာသော ဈေးကွက်များ တွင်ရှိသော အမျိုးသမီး လုပ်ငန်းရှင်များကို အောင်မြင်ပြီး တိုးတက်နေသော အသေးစား စီးပွါးရေးလုပ်ငန်းရှင်များ ဖြစ်လာနိုင်စေပြီး ၄င်းတို့ လူမှုအသိုင်းအဝိုင်းများကို ပိုမိုကူညီစောင့်ရှောင့်ပြီး ပိုမိုသြဇာတက္ကိမကြီးလာနိုင်စေရန် နည်းပညာများ၊ ကျွမ်းကျင်မှုများ၊ လူမှုရေး နှင့် စီးပွါးရေး ကွန်ရက် နှင့် ဘဏ္ဍာငွေကြေးဆိုင်ရာ အခွင့်အလမ်းများ ကိုပံ့ပိုးကူညီပေးနေသည်။ ရှယ်ရီဘလဲ အမျိုးသမီးဖောင်ဒေးရှင်း သည် အကျိုးအမြတ်မခံစားသော ဒေသခံ နှင့် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များ ၊ ပုဂ္ဂလိက နှင့် ပြည်သူပိုင် အဖွဲ့အစည်းများ နှင့်အတူလက်တွဲလျှက် အမျိုးသမီး လုပ်ငန်းရှင်များ ရင်ဆိုင်နေရသော အခက်အခဲ အတားအစီး အမျိုးမျိုးကို လုပ်ငန်းစဉ်သုံးရပ်ဖြစ်သော အသင်းအဖွဲ့များပေါ်ပေါက်လာရေး၊ ရှေ့ဆောင်လမ်းပြ အကြံပေးညွှန်ကြားရေး နှင့် မိုဘိုင်းနည်းပညာပေးရေး စသည့်များ မှ တစ်ဆင့် ဓမ္မဒိဠာန် ကြကြ ဖြေရှင်းပေးနေပါသည်။
www.cherieblairfoundation.org

ကလင်တန် ကမ္ဘာ့ အကူအညီပေးရေးအဖွဲ့
ကလင်တန် ကမ္ဘာ့ အကူအညီပေးရေး အဖွဲ့ကြီးကို ၂၀ဝ၅ ခုနှစ်တွင် အမေရိကန် သမ္မတ ဘီလ်ကလင်တန် က ၄င်း၏ဇနီးဖြစ်သူ ဟီလာရီကလင်တန် နှင့် သမီးဖြစ်သူ ချယ်လ်ဆီးကလင်တန် တို့နှင့်အတူ ဘီလ်၊ဟီလာရီနှင့်ချယ်လ်ဆီးကလင်တန် ဖောင်ဒေးရှင်းမှတဆင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် ယနေ့ရင်ဆိုင်နေရ သော အခက်အခဲ အတားအဆီးများကို အကောင်းဆုံး ဖြေရှင်းနိုင်ရန် ကမ္ဘာ့ခေါင်းဆောင်များကို စီမံ ခန့်ခွဲစေသော အဖွဲ့အစည်းဖြစ်သည်။ ကလင်တန်ကမ္ဘာ့အကူအညီပေးရေးအဖွဲ့ကြီး၏ အစည်းအဝေးကို နိုင်ငံပေါင်း ၁၅၀ တို့မှ ခေါင်းဆောင်များ၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပေါင်း ၂၀ ဦး၊ အဖွဲ့အစည်းများမှ အောင်မြင်သော အမှုဆောင်နာယကကြီးများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့် ဖောင်ဒေးရှင်းအသီးသီးတို့မှ ခေါင်းဆောင်များ၊ ပရဟိတခေါင်းဆောင်ကြီးများ နှင့်အတူ စာနယ်ဇင်းများ တက်ရောက်ခဲ့ကြသည်။ ယနေ့အချိန်အထိ ထိုအဖွဲ့ဝင်များသည် နိုင်ငံပေါင်း ၁၈၀ ရှိ လူဦးရေ သန်းပေါင်း ၄၀ဝ ကျော်ခန့်တို့၏ လူနေမှုဘဝများကို လုပ်ငန်းစဉ်ပေါင်း ၂၃၀ဝ တို့မှတဆင့် တိုးတက်ပြောင်းလည်း ပေးနေပြီ ဖြစ်သည်။ ယင်းအားထုတ်ကြိုးပမ်းမှုများသည် ဘဏ္ဍာငွေကြေးအပြည့်အဝရရှိပြီး လုပ်ငန်းစဉ်စတင်နိုင်သော အချိန်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၃.၅ ဘီလီယျံတန်ဖိုး ရှိမည်ဖြစ်သည်။

ကလင်တန်ကမ္ဘာ့အကူအညီပေးရေး ၏ အမေရိကန် အခြေစိုက်အဖွဲ့သည် အမေရိကန်နိုင်ငံ စီးပွါးရေးပြန်လည် ဦးမော့လာစေရေး ကိုလည်းကောင်း၊ ကလင်တန်ကမ္ဘာ့အကူအညီပေးရေး တက္ကသိုလ် ကောလိပ်အဖွဲ့ သည် ဘွဲ့ရ နှင့် ဘွဲ့ကြို ကျောင်းသားများနှင် ့ဖွဲ့စည်းထားပြီး ၄င်းတို့ပတ်ဝန်းကျင် နှင့် ကမ္ဘာအရပ်ရပ်တို့၌ တွေ့ကြုံနေရသော အခက်အခဲ အတားအဆီးများကို ဖေါ်ထုတ်နိုင်ရေးကိုလည်းကောင်း၊ တဖန် ယခုနှစ်တွင် ကလင်တန်ကမ္ဘာ့အကူအညီပေးရေး လက်တင် အမေရိက အဖွဲ့သည် လက်တင် အမေရိကရှိ နိုင်ငံခေါင်းဆောင်များကို စုဝေးစေပြီး ပိုမိုခိုင်မာပြီး လက်တွဲ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဖြင့် ဒေသခံ မိမိတို့ လူထုများ နှင့် ကမ္ဘာအရပ်ရပ်ရှိ လူမှုဘဝများ ပိုမိုတိုးတက် ကောင်းမွန်စေရေးကိုလည်းကောင်း အသီးသီး ဆောင်ရွက်လျှက်ရှိကြသည်။ အခြားသီတင်းအချက်အလက်များကို clintonglobalinitiative.org တွင်ရှာဖွေ တွေ့ရှိနိုင်ပါသည်။ တွစ်တာ လူမှု စာမျက်နှာ ဖြစ်သော @ClintonGlobal နှင့် ဖေ့ဘွတ် လူမှု စာမျက်နှာ ဖြစ်သော facebook.com/clintonglobalinitiative တွင်လည်း တွေ့နိုင်ပါသည်။
အမျိုးသမီး ညီလာခံ

၂၀ဝ၅ ခုနှစ် တွင် စတင် တည်ထောင် ကျင်းပခဲ့ သော အမျိုးသမီးညီလာခံ သည် အမျိုးသမီးများ၏ စီးပွါးရေး နှင့် လူမှုရေး ဆိုင်ရာ အမြင်များ နှင့် ပြောရေး ဆိုခွင့်များကို ပြောနိုင် ကြားနိုင်သော စီးပွါးရေး နှင့် လူမှုရေး ဆိုင်ရာ ကဏ္ဍတစ်ရပ်ဖြစ်သည်။ အမျိုးသမီးများ၏ အတွေ့အကြုံများ နှင့် အတတ်ပညာများ ကို မျိုးဆက်သစ်များ နှင့် နယ်ပယ်အသီးသီး ဆီသို့ ပို့ဆောင်ရင်း ၊ အခက်အခဲ အတားအဆီးများကို မည်သို့ ကျော်လွန်နိုင်ပြီး ဘဝသစ် နှင့် အခွင့်အလမ်းများ ကို မည်သို့ ဖန်တီး နိုင်စေပုံများကို အကြံပေးကာ အရေးကြီးသောအကြောင်း အရာများကို ထိပ်တိုက် နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန် နိုင်သော နေရာလည်း ဖြစ်လေသည်။စီးပွါးရေး နှင့် လူမှုရေး နယ်ပယ်များ တွင် အမျိုးသမီးများ ပိုမို တိုးတက်လာစေရန် လမ်းကြောင်းပေးသော နေရာ လည်းဖြစ်သည်။
အမျိုးသမီး ညီလာခံတွင် စီးပွါးရေး နှင့် လူမှုရေး ဆိုင်ရာ ဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုစွမ်းဆောင်ရေး နှင့် ပညာရေး နယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသော အမျိုးသမီး နှင့် အမျိုးသား ပုဂ္ဂိုလ်များ ကို ပွဲထုတ်သည်။ ညီလာခံတွင် ဖွံ့ဖြိုးတိုးတက်ဆဲ အသစ်ပေါ်ထွန်းလာသော နိုင်ငံများမှ ထူးခြားပြီး လေးစားဖွယ်ရာ အကြံကောင်းများကို အဖွဲ့ငယ်များ ဖွဲ့လျှက် ဆွေးနွေးခြင်းများ ၊ အချင်းချင်း အမြင်များ ဖလှယ်လျှက်ဆွေးနွေးခြင်းများ ၊ အမေးအဖြေ ကဏ္ဍများ ပြုလုပ်လျှက် ဆွေးနွေးခြင်းများ၊ ရှာဖွေလေ တွေ့ရှိလေ ကဏ္ဍများ အပြင် လက်တွေ့အလုပ်ရုံ ဆွေးနွေးခြင်းများ ပါဝင်သည်။ ဒေသအလိုက် ဖြစ်ပေါ်လျှက်ရှိသော အဓိကကြသည့် အကြောင်းအရာများကို ထိထိမိမိ လမ်းကြောင်းပေးနိုင်ပြီး အမျိုးသမီး အမျိုးသား ရေးရာများ နှင့် ကဏ္ဍအလိုက် ကိုယ်စားပြုမှုများ ကို ထိုညီလာခံများ ၌ ရောင်ပြန်ဟပ် လျှက်ရှိကြောင်းတွေ့နိုင်သည်။

ယင်းသို့ အရေးပါသော အစည်းအဝေးများ သာမက ၊ အမျိုးသမီးများ ၏ တိုးတက်ကြီးပွါးရေးများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ စာနယ်ဇင်းများ၊ မီဒီယာများ နှင့် ပူးပေါင်းကာ မည်သို့ စီးပွါးရေးအရ ရော လူမှုရေးအရပါ တစ်နှစ်ပါတ်လုံး အလေးထား သွားမည် ဖြစ်သည်။ ထိုကဲ့သို့ ရေရှည် စီမံချက်များမှ တဆင့် အမျိုးသမီးများ၏ ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်လိုမှုများ ကို သင်ယူလေ့လာရေးများ၊ တတ်သိ ကျွမ်းကျင်သော လူငယ် ပါရမီရှင်များ ရှာဖွေရေးများ၊ သီတင်းဌာနများတွင် အမျိုးသမီးများ ၏ အမြင် နှင့် ဆွေးနွေးချက်များ ထည့်သွင်းရေးများ၊ တက်ကြွသော ခေါင်းဆောင်ကောင်းများ ကို အတုယူအားကျ စေရေးများ ၊ အမျိုးသမီးများ ကို စွမ်းဆောင်ရည် နှင့် တက်လမ်းများကို မြှင့်တင်ပေးသော ကုမ္ပဏီကြီးများမှ အမှုဆောင် အရာရှိချုပ်များ ကို မိတ်ဆက်ခြင်းများ မှ တဆင့် စွမ်းပကား မြှင့်တင်ပေးသည်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ရုံးစိုက်သော ၊ အမျိုးသမီး ညီလာခံသည် လူထု အဖွဲ့အစည်း တစ်ခု၏ အဖွဲ့ခွဲဖြစ်ပြီး ၊ စီးပွါးရေး အဖွဲ့များ နှင့်လည်း ပူးပေါင်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *