Gaming, Review

WWE 13

ဂိမ်းကစားသူတွေ ကြိုက်နှစ်သက်တဲ့ ဂိမ်းတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ချိန်က PS 2 ဂိမ်းဆိုင်တွေမှာ နာမည်ကြီးခဲ့တဲ့ ဂိမ်းလေးပါ။ လူငယ်အကြိုက် ဂိမ်းလေးပေါ့။ ဘောလုံးဂိမ်းတွေလို စွဲစွဲဲမြဲမြဲ ကစားခဲ့၊ နှစ်သက်ခဲ့ကြပါတယ်။ နောက်ပိုင်း PS 2အတွက် ထွက်တာ နည်းသွားသလို ကစားတဲ့သူတွေလဲ နည်းသွားခဲ့ပါတယ်။ PS 3တို့၊ Xboxတို့မှာ ဆက်တိုက်ဆိုသလို ထွက်လာခဲ့ ပါတယ်။ အခု WWE 13 အမည်နဲ့ October 30, 2012 ရက်နေ့မှာ ထုတ်တော့မှာပါ။ THQရဲ့ စီစဉ်မှုနဲ့ Developer Yuke’s Media Creationsတို့ရဲ့ တင်ဆက်မှု အသစ်တွေနဲ့ ထွက်လာ တော့မှာပါ။ WWE 12ကို November 22, 2011 ရက်နေ့မှာ THQကဘဲ ဖြန့်ခဲ့ပါတယ်။ ဂိမ်းအမိျုးအစားက Wrestling (နပန်း) ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ နပန်းပွဲတွေရဲ့ ဟန်ပြ သတ်ဖြတ်ကြတဲ့ လုပ်ပွဲတွေအပြင် မသေမချင်း နပန်းသတ်ရတဲ့ အသေသတ်ပွဲ တွေကိုပါ ဂိမ်းထဲမှာ ထည့်ပေးထားပါတယ်။

Mick Foley, The Rock, Bret Hart, Kane, Undertakerတို့လို ကစားသမားဟောင်းတွေနဲ့ ကစားမားအသစ်တွေကိုပါ WWE 13မှာ မြင်တွေ့ရမှာပါ။ နပန်းသတ်တဲ့ ဂိမ်းတွေကတော့ နပန်းသတ်ရုံဘဲ ရှိပါတယ်။ တစ်ခြား mission တွေ ဘာမှမပါ ပါဘူး။ WWE 13က singleရော၊ multiရောပါ ကစားနိုင်တဲ့အတွက် တစ်ယောက်ထဲ ကစားနိုင်တဲ့အပြင် သူငယ်ချင်းနဲ့ပါ နပန်းသတ်နိုင်တဲ့ ဂိမ်းမျိုးပါ။ နပန်းသတ်တဲ့ သူတွေကိုလဲ အပြင်ကအတိုင်း weightတွေ၊ ပုံစံတွေ၊ အလေးချိန်၊ အရပ်၊ smackလို့် ခေါ်တဲ့ နပန်းသတ်တဲ့ ကစားသမားတွေရဲ့ တိုက်ကွက်တွေကိုပါ လုံး၀ ချွတ်စွတ်တူအောင် ဖန်တီးထားပါတယ်။ ကစားရမဲ့ ပွဲတွေကို ရွေးနိုင်သလို၊ ကိုယ်ဆော့ချင်တဲ့ ကစားသမားတွေကိုလဲ ရွေးပြီး ဆော့နိုင်ပါတယ်။ ရွေှခါးပတ် လုတာတွေ၊ သံဇကာပွဲတွေကိုလဲ ထည့်ပေးထားပါတယ်။

WWE 13 ဂိမ်းထဲမှာ နပန်းကစားသမားတွေရဲ့ အပြောင်းအလဲတွေနဲ့ ကစားသမားအသစ်တွေရဲ့ ပုံစံအသစ်တွေကို မြင်တွေ့ရမှာပါ။ ရုပ်ထွက်က ပြောစရာ မလိုအောင် ကောင်းပါတယ်။ PS 3 နဲ့ X BOX တွေက အစထဲက ဘယ်ဂိမ်းမဆို ဆော့ရတာ ရှင်းရှင်းလင်းလင်း ရှိပါတယ်။ WWE 13 ဂိမ်းကို PS 3, X Box အပြင် Wii ဂိမ်းအတွက်ပါ ထုတ်ပေးထားပါတယ်။ Smack downချင်တဲ့ သူငယ်ချင်းတွေအတွက်ကတော့ နောက်လလောက်မှာ WWE 13နဲ့ ပွဲကြမ်းလို့ ရပြီ ဖြစ်ကြောင်း preview ညွှန်းလိုက်ပါတယ်ဗျာ။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *