MCPAမှ ပေးပို့လာသောသတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာလူငယ်များအတွက် Wireless Network Essentials Course(WNE)အမှတ်စဉ် (၉)သင်တန်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ ၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်သည်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ NGO များ၌ အလုပ်လုပ်နေသော Network Engineer များ၊ IT Officer များ Wireless အကြောင်း လေ့လာနေသူများ၊ ကျောင်းသူကျောင်းသားများ အထူးတက်ရောက်သင့်ပါသည်။ သင်တန်း၌ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင်ဦးဇော်ဝင်းထွန်းမှ သင်ကြားပေးမည်ဖြစ်သည်။ ပါဝင်မည့် အကြောင်းအရာများ… v About Wireless Local Area Network and WLAN Configuration v Ad-host,WLAN (Point to Point, Point to Multipoint, Repeater) v Using Outdoor Antenna Airmax sector 5GHz with Rocket Titanium ( Short and Long ) v WiFiHotSpot Creating for Software and Hardware v WiFi Controller Device and Access Point CPE v VLAN Switch (Layer 2) Configuration for WiFi v Edge Router Lite and Mikrotik router hotspot (device with VLAN Switch) v Wireless IP Camera Configuration with Cloud v ZentyalServer, Pfsense Hotspot and Radius WiFi v Local VPN Network Configuration v Basic Mobile WiFi Network v VOIP Gateway and IP Soft Phones …အစရှိသည်တို့ကို စာတွေ့လက်တွေ့ သင်ကြားလေ့လာရမည် ဖြစ်သည်။ သင်တန်းကာလ – ၂၀၁၄၊ စက်တင်ဘာ (၆) ရက်မှ အောက်တိုဘာ (၁၂)ရက်အထိ(စနေ၊တနင်္ဂနွေ) သင်တန်းအချိန် – နေ့လည် ၃းဝ၀ နာရီမှ ၆းဝ၀ နာရီအထိ သင်တန်းကြေး – ၁၅၀,ဝ၀ဝိ/ (တစ်သိန်းငါးသောင်းကျပ်) MCPA Member (50%) – ၇၅,ဝ၀ဝ (ခုနှစ်သောင်းငါးထောင်ကျပ်) သင်တန်းသားဦးရေ – (၁၅) ဦး သင်တန်းနေရာ – အဆောင် (၄)၊အခန်း (၄)၊ MICT Park၊ MCPA Lab Room၊လှိုင်မြို့နယ်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ နေ့လည် (၁) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။ (မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)
“Wireless Network Essentials Course (WNE)”အမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်မည်။

29
Aug