News

မိုဘိုင်းဖုန်းကို ကြိုးမဲ့ အားသွင်းမယ်

ဆဲလ်ဖုန်းအသုံးပြုသူတွေ အနေနဲ့ Charger တွေ၊ အားသွင်းကြိုးတွေဟာ တကယ်ပဲ အလုပ်ရှုပ်ပြီး အဆင်မပြေ ဖြစ်စေပါတယ်။ အခုတော့ O’dea Design ရဲ့ ထုတ်ကုန်အသစ်တစ်ခုဟာ ဆဲလ်ဖုန်းတွေကို ကြိုးမဲ့အားသွင်းနိုင်ဖို့ ဖြစ်လာတော့မှာပါ။ ဒီပစ္စည်းကို “Concrete Charger”လို့ နာမည်ပေးထားပြီးတော့ ရိုးရှင်းခိုင်ခံ့တဲ့ ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဘိလပ်မြေတုံး ပုံစံသာ ဖြစ်ပြီး စမတ်ဖုန်းကို Charger ပေါ် တင်လိုက်တာနဲ့ အဲဒီထဲကနေ ကြိုးမဲ့အားသွင်းစနစ်နဲ့ Charge လုပ်ပေးသွားမှာပါ။

ဒီ gadgetလေးကို တီထွင်ဖန်တီးခဲ့တဲ့ ဒီဇိုင်နာကတော့ သူ့ရဲ့ရည်ရွယ်ချက်ဟာ မော်ဒန်အနုပညာပစ္စည်းတစ်ခုသာမက ကြိုးမဲ့အားသွင်းနိုင်တဲ့ ကိရိယာအဖြစ်ပါ ဖန်တီးနိုင်ဖို့ပါတဲ့။

LG, Nokia နဲ့ Samsungက ထုတ်တဲ့ Deviceတွေဟာ စက်ရုံသုံး စံနှုန်းဖြစ်တဲ့ Qi Inductive Power စံနှုန်းနဲ့ သဟဇာတ ဖြစ်တာကြောင့် အဆိုပါ အားသွင်းကိရိယာနဲ့ အဆင်ပြေဆုံး အလုပ် လုပ်ကြပါတယ်။ ၀င်းဒိုးဖုန်း၊ အန်းဒရွိုက်ဖုန်းတွေနဲ့ Apple ထုတ်ကုန်တွေကတော့ အဆိုပါ ပစ္စည်းကို အသုံးပြုနိုင်ဖို့ ကြားခံ Dongle တစ်ခု လိုအပ်ပါတယ်။ သေသပ်လှပတဲ့ အဆိုပါပစ္စည်းလေးကတော့ ဖော့နဲ့ ပြုလုပ်တာရယ်၊ ချယ်ရီသား အမည်းရောင်နဲ့ ပြုလုပ်တာရယ် ဆိုပြီး နှစ်မျိုးလာပါတယ်။ ဈေးနှုန်းတွေကတော့ ဒေါ်လာ ၄၄၉နဲ့ ဒေါ်လာ ၅၄၉ အသီးသီး ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *