News

Opera ၏ တရုတ်ဘာသာစကားသုံး မိုဘိုင်း Browser ကို အကြိမ်ပေါင်း သန်းတစ်ရာကျော် ဒေါင်းလုဒ်ရယူ

၂၀၁၃၊ ဇွန်လ ၅ ရက်နေ့က Google Play မှာ လွှင့်တင်ခဲ့တဲ့ Oupeng လို့ နာမည်ပေးထားတဲ့ Opera ရဲ့ တရုတ်ဗားရှင်း Mobile Browser ဟာဆိုရင် တရုတ်နိုင်ငံမှာ ဒေါင်းလုဒ်ရယူမှု အကြိမ်ပေါင်း သန်းတစ်ရာကျော်တောင် ရှိခဲ့ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အဓိက Web Browsing တစ်ခုဖြစ်တဲ့ UC Brower ရဲ့သန်းလေးရာ Download ရယူမှု အရေအတွက်ကို မမီသေးပေမယ့် သန်းတစ်ရာ ဒေါင်းလုဒ် လုပ်ခံရတယ်ဆိုတာ ဟာလည်း နည်းတဲ့ ပမာဏတော့ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ Opera Browserဟာ အကြိမ်ပေါင်း သန်းသုံးရာကျော်ခန့် ဒေါင်းလုဒ်ရယူမှု ခံခဲ့ရပါတယ်။

မကြာသေးခင်က ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ “Chinajoy” ဆိုတဲ့ ဂိမ်းပွဲတော်တစ်ခုမှာ Tech Asia ရဲ့ သတင်းထောက် Willis Weeဟာ အဆိုပါပွဲကို တက်ရောက်လာတဲ့Opera ရဲ့ CTO ဖြစ်သူ Fredrik Luo နဲ့ ဘေးချင်းယှဉ်ထိုင်ပြီး သိလိုတာတွေကို စကားစမြည်ပြောခဲ့ ပါတယ်။

အဲဒီ Chinajoy ဂိမ်းပွဲတော်မှ စုံစမ်းချက်များအရတော့ Opera Browserဟာ Game Developer တွေအတွက် အလုပ်လုပ်ဖို့ အဆင်ပြေစေတယ်လို့ သိရပါတယ်။ CTO Fredrik ကတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာ Oupeng (Opera ရဲ့ တရုတ်နာမည်)ဟာ Browser-Based Game Platform ကိုပါ ပွဲထုတ်မိတ်ဆက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ များစွာသော ဂိမ်းတွေဟာ “Promotional Channel” တစ်ခု မဖြစ်မနေလိုအပ်ပြီး Oupengဟာ အဲဒီကိစ္စကို ဖြေရှင်းဖို့ကူညီသွားမှာ ပါလို့လည်း၎င်းက ပြောကြားခဲ့ပါတယ်။ Oupeng ရဲ့ Game Center အတွက် အစီအစဉ်တွေ၊ ဖန်ရှင်တွေကိုတော့ အတိအကျကြီး မသတ်မှတ်သေးပါဘူး။ လက်ရှိမှာတော့ Oupeng အသုံးပြုပြီး ဒေါင်းလုဒ်ရယူမှုတွေ အားလုံးထဲက တစ်၀က်ဟာ ဂိမ်းတွေဖြစ်ပါသတဲ့။ ဒါကြောင့် ဒီအစီအစဉ်ကို အကောင်အထည် ဖော်မယ်ဆိုရင် အောင်မြင်ဖို့ အကြောင်းအရင်းကတော့ ရှိနေပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ကတော့ Oupeng ဟာ “Sphinx” ဆိုတဲ့ Game Engine တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ တရုတ်က ဂိမ်းရေးဆွဲ ထုတ်လုပ်သူတွေအတွက် HTML5 ကိုအသုံးပြုပြီး ဖန်တီးတဲ့နေရာမှာ ခက်ခဲမှုတွေနည်းပါးအောင် ကူညီမယ့် Game Engine ပဲဖြစ်ပါတယ်။ အထက်ကဆိုခဲ့တဲ့ Opera ရဲ့ CTO Fredrik က “Sphinx” Game Engineကို သုံးပြီးဂိမ်းတွေ ဖန်တီးရင် Googleရဲ့ Chromeပေါ်မှာ Runတာထက် သုံးဆပိုမိုမြန်စေမှာ ဖြစ်ပြီး အခြား Browser တွေပေါ်မှာ Run ရင်တော့ ငါးဆပိုပြီး မြန်စေမှာပါလို့ ဆိုပါတယ်။ ဒါတင်မကသေး ပါဘူး။ “Sphinx”ဟာ Web-Based Game တွေကို မိုဘိုင်းဂိမ်းတွေအဖြစ် ပြောင်းလဲတဲ့နေရာမှာလည်း Webနဲ့ ဆက်စပ် Application တွေအတွက် Developer တွေကို ကူညီနိုင်ပါတယ်လို့ ဆိုထားပါတယ်။ ရှင်းလင်းသိသာ နေတဲ့အချက်ကတော့ Oupengဟာ HTML5 ကိုအခြေပြုပြီး ရေးဆွဲတဲ့ဂိမ်းတွေ အတွက် အနာဂါတ် မျှော်လင့်ချက်တွေ များစွာရှိနေပါတယ်။ အဆိုပါ “Sphinx” ကိုအသုံးပြုပြီး ဖန်တီးထုတ်လုပ်ထားတဲ့ နမူနာဂိမ်းတွေကို ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ်။

Operaရဲ့ နိုင်ငံတကာ သုံစွဲသူတွေပေါ်မှာ မူတည်ပြီးတော့ အောင်မြင်မှုအခြေအနေပေါ်မှာ လိုက်ပြီး Oupeng ရဲ့ Game Platformသစ်ကို တရုတ်နိုင်ငံမှာမိတ်ဆက် ပွဲထုတ်တော့မှာပဲ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *