How-to

သင့် Android Phoneမြန်မြန် အလုပ်လုပ်စေဖို့ နည်းလမ်းများ

သင့် Android Phoneကို အသုံးပြုရတာ တစ်ဖြည်းဖြည်း လေးလံနှေးကွေး လာပြီလား? Application တွေကို ဖွင့်တဲ့အချိန်တွေ၊ Applicationတစ်ခုနဲ့ တစ်ခုပြောင်းလဲ အသုံးပြုတဲ့အချိန်တွေ၊ Home Screenကို ပြန်သွားတဲ့အချိန်တွေမှာ လေးလံနှေးကွေးနေရင် ဒီနည်းတွေကို စမ်းကြည့်ပါ။

အသုံးမပြုတဲ့ Appsတွေကို Disable/Uninstallပြုလုပ်ပါ

Internal Storageမှာ နေရာလွတ်နည်းလာတာဖုန်းကို လေးလံစေတဲ့ အကြောင်းအရင်း တစ်ခုပါ။ အဲဒီအတွက် နေရာလွတ်ပြန်ရအောင် အသုံးမပြုတဲ့ Appsတွေကို ဖြုတ်ပစ်ပါ။ Photo, Video, Files တွေကိုလည်း Cloud Storage ဒါမှမဟုတ် SD Cardမှာ ပြောင်းပြီးသိမ်းပါ။

Appsတွေကို Uninstallလုပ်ဖို့ Settingsထဲက Apps Menuကနေ ဖြုတ်ပါ။ Manufacturerက ထည့်ပေးလိုက်တဲ့ Applicationsတွေကို ဖြုတ်ချင်ရင်တော့ Root App Deleteလို Applicationကို သုံးပါ။ Root App Deleteကိုသုံးဖို့ သင့်ဖုန်းဟာ Rootလုပ်ထားဖို့ လိုပါတယ်။Appsတွေကို SD Cardထဲကို ပြောင်းပါ။ ဒီလိုလုပ်ဖို့ Settingsထဲက Apps Menuကနေ Apps တစ်ခုချင်းစီကို ရွေးပြီး Move To SD Cardကိုနှိပ်ပါ။

Caches တွေကိုရှင်းပါ

Caches Data များပြားလာတာဟာလည်း သင့်ဖုန်းကို လေးလံစေပါတယ်။ Cachesတွေကို ရှင်းဖို့ Settingsထဲက Apps Menuကနေ Appတစ်ခုချင်းစီကို ရွေးပြီး Clear cache ကိုနှိပ်ပါ။ တစ်ခုချင်းစီကို ပြောင်းရတာအလုပ်ရှုပ်ရင် App Cache Cleaner , Clean Master လို Appsတွေကို Google Play Storeကနေ အင်စတောလုပ်ပြီး သုံးပါ။
Widget, Live Wallpaperတွေကို ဖြုတ်ပစ်ပါ။

Widgetတွေဟာ Appsတွေကို ဖွင့်စရာမလိုဘဲ သတင်းအချက်အလက်တွေကို လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့အတွက် အသုံး၀င်ပါတယ်။ ဒါပေမယ့် သင့်ဖုန်းဟာ လေးလံလာရင် Widget တွေကို ဖြုတ်ပစ်သင့်ပါတယ်။ Widgetတွေကို ဖြုတ်ပစ်ဖို့ Drag And Dropလုပ်ပြီး အမှိုက်ပုံးထဲထည့်ပြီး ဖြုတ်နိုင်ပါတယ်။ Live Wallpaperတွေဟာလည်း မျက်စိပသာဒ ဖြစ်စေပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Home Screenမှာ Pressလုပ်ပြီး Wallpaperကို ပြောင်းလဲပါ။

Animationsတွေကို Disableလုပ်ပါ

Animationsတွေကို Disableလုပ်ခြင်းအားဖြင့်လည်း သင့်ဖုန်းကို မြန်ဆန်စွာ အလုပ်လုပ်စေပါတယ်။ ဒီလိုလုပ်ဖို့ Settingsထဲက Developer optionsထဲကို ၀င်ပါ။ Developer optionsကို မတွေ့ရင် Settingsထဲက About phoneထဲမှာ Build Numberကို (၇)ချက် Tapလုပ်ပါ။ ပြီးရင် Developer optionsထဲက Drawing Optionsမှာ Windows animation scale, Transition animation scale, Animator duration scaleစတဲ့ သုံးခုကို Off လုပ်ပေးပါ။ ဒါဆိုရင် Appsတွေ ဖွင့်တဲ့အခါတွေ၊ Apps တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲသုံးတဲ့အခါတွေ၊ Home Screenကို ပြန်သွားတဲ့အခါမျိုးတွေမှာ လျှင်မြန် လာပါလိမ့်မယ်။

Softwareတွေကို Updateလုပ်ပါ

Manufacturer or Carrierတွေက  Softwareတွေကို Updateပေးလေ့ ရှိပါတယ်။ အဲဒီ Updateတွေ မှာ Securityပိုင်းကို ပိုကောင်းအောင် ပြုလုပ်ထားတာတွေ၊ Bugs or Errorsတွေကို ပြုပြင်ထားတာတွေ ပါရှိလာတဲ့အတွက် Updatesတွေ ရရခြင်းမှာ ရယူဖို ့ အရေးကြီး ပါတယ်။ အချုပ်အားဖြင့် Updateတွေ ရယူခြင်းဖြင့်  သင့် Phoneရဲ ့Performanceကို ကောင်းမွန်စေပါတယ်။ Updatesတွေ ရယူဖို့ Settingsထဲက About phoneထဲမှာ System Updates ကိုနှိပ်ပါ။

Root ပြုလုပ်ခြင်း၊ Custom Romများ အသုံးပြုခြင်း

Root ပြုလုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့ Performanceကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ Apps, Toolsတွေကို အသုံးပြုနိုင်ပါတယ်။ Root ပြုလုပ်ခြင်းအားဖြင့် နောက်ထပ်ရရှိတဲ့ အကျိုးကျေးဇူး တစ်ခုကတော့ Custom Romတွေ အသုံးပြုနိုင်ခြင်း ဖြစ်ပါတယ်။Root ပြုလုပ်ခြင်း အားဖြင့်တော့ Warranty ပျက်ပြယ်တာကိုတော့ သတိပြုပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

One thought on “သင့် Android Phoneမြန်မြန် အလုပ်လုပ်စေဖို့ နည်းလမ်းများ

  1. Bobo Kyaw says:

    အခုလိုရှင်းပြပေးတာကျေးဇူးတင်ပါတယ်.

Leave a Reply

Your email address will not be published. Required fields are marked *