How-to

သင့် Android Phoneကို Rootလုပ်သင့်တဲ့ အကြောင်းအရင်း (၁၀)ချက်

Android OSဆိုတာ သင့်စိတ်ကြိုက် ပြင်ဆင်ပြောင်းလဲပြီး အသုံးပြုနိုင်တဲ့ Mobile Operating Systemတစ်ခု ဖြစ်ပါတယ်။ ဒီလို အသုံးပြုဖို့ အတွက်တော့ သင့်ဖုန်းကို Rootလုပ်ထားရပါမယ်။ သင့့် Androidကို Rootမလုပ်ဘဲလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Rootလုပ်ရင် ရရှိမယ့် အကျိုး ကျေးဇူးတွေထဲက (၁၀)ခုကို အောက်မှာ ဖတ်ကြည့်ပါ။

(၁) သင့် Mobile Carrierက Blockလုပ်ထားတဲ့ Appတွေ သုံးချင်ရင်ဖြစ်ဖြစ်၊ System Filesတွေကို Accessလုပ်ချင်ရင်ပဲဖြစ်ဖြစ် Rootမလုပ်ထားရင် သင်အသုံး မပြုနိုင်ပါဘူး။ Rootလုပ်ထားမှသာ Carrierက Blockလုပ်ထားတဲ့ Appတွေ၊ နောက်ဆုံးထွက် Androidရဲ့ Featuresတွေ၊ Incompatible Appတွေ၊ Hardwareကို ပိုမိုကောင်းမွန်အောင် အလုပ်လုပ် ခိုင်းနိုင်တာတွေ၊ တစ်ခြား ဖုန်းအမျိုးအစား တွေက Featuresတွေကို အသုံးပြုနိုင်တာတွေ လုပ်နိုင်မှာပါ။

(၂) Taskerဆိုတဲ့ အစွမ်းထက်တဲ့ Automation Appကို အသုံးပြုမယ်ဆိုရင် Rootလုပ်ထားစရာတော့ မလိုပါဘူး။ ဒါပေမယ့် Rootလုပ်ထားရင် Featuresတွေပိုအသုံးပြုလို့ ရပါတယ်။ Tasker လုပ်ပေးနိုင်တဲ့ အလုပ်တွေ အများကြီးထဲက ကောင်းတာတွေကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။ 3G, GPS Settingတွေကို အလိုအလျောက် ပြောင်းလဲပေးနိုင်တာတွေ၊ CPU speedကို ပြောင်းလဲ ပေးနိုင်တာတွေ၊ Appတစ်ခုချင်းစီအလိုက် Settingပြုလုပ်နိုင်တာတွေ၊ Reminder လုပ်ခိုင်း နိုင်တာတွေ ၊ Contact Ruleတွေ ပြုလုပ်နိုင်တာတွေ ဖြစ်ပါတယ်။

(၃) သင့် ဖုန်းရဲ့ Performanceကောင်းမွန်ဖို့ SetCPUလို Appကို အသုံးပြုနိုင်ပါတယ်။ SetCPUက Rootမလုပ်ဘဲ အသုံးပြုနိုင်ပေမယ့် Rootလုပ်ထားရင် သင့်ဖုန်းကို Performanceပိုမို ကောင်းမွန်အောင် Overclockလုပ်နိုင်သလို ၊ ဖုန်း Batteryပိုခံအောင် Underclockလုပ်နိုင်ပါတယ်။ Greenifyလို Appကိုသုံးပြီးလည်း အသုံးမပြုဘဲ Backgroundမှာ Runနေတဲ့ Appတွေကို အလိုလို ပိတ်ခိုင်း နိုင်ပါတယ်။

(၄) တစ်ချို့Applicationတွေမှာ ကြော်ငြာတွေကို တွေ့မြင်ဖူးမှာပါ။ Browserတွေကနေ အသုံးပြုပြီး ၀က်ဆိုက်တွေ ကြည့်ရင်လည်း ကြော်ငြာတွေကို တွေ့မြင်နိုင်ပါတယ်။ အဲဒီ ကြော်ငြာတွေကို Load လုပ်နေတဲ့အတွက် သင့် ကွန်နက်ရှင်ကို နှေးစေပါတယ်။ အဲလို ကြော်ငြာတွေကို မကြည့်ချင်ရင် AdBlock Plus,AdFree,Ad Awayစတဲ့ Appsတွေကို သုံးနိုင်ပါတယ်။ သင့်ဖုန်းဟာ Root မလုပ်ထားရင် အဲဒီ Appတွေက တစ်ချို့ Functionတွေကို အလုပ်ကောင်းကောင်း လုပ်မပေးနိုင်ပါဘူး။

(၅) Androidဖုန်း နောက်တစ်လုံး ပြောင်းကိုင်လို့အရင် ဖုန်းအဟောင်းက Data,App,Settingတွေကို ဖုန်းအသစ်မှာ ထည့်သွင်းချင်တဲ့ အခါမျိုးမှာပဲဖြစ်ဖြစ်၊ သင့်ဖုန်းကို Backup လုပ်ချင်ရင်ပဲဖြစ်ဖြစ် Titanium Backupကို သုံးနိုင်ပါတယ်။ သင့်ဖုန်းဟာ Rootမလုပ်ထားရင် App,Dataစတဲ့ အနည်းငယ်ကိုသာ Backupလုပ်နိုင်မှာပါ။ Rootလုပ်ထားရင်တော့ System Appစတာတွေကိုပါ Backupလုပ်နိုင်မှာပါ။

(၆) သင့်ဖုန်းမှာ စက်ရုံက ထုတ်ကတည်းက ပါလာတဲ့ System Appတွေကို တွေ့မြင်နိုင်ပါတယ်။ အဲဒီ Appတွေကို Uninstallလုပ်ဖို့အတွက် Titanium Backupကိုသုံးနိုင် ပါသေးတယ်။ ဒါပေမယ့် သင့်ဖုန်း ဟာ Rootလုပ်ထားဖို့ လိုပါတယ်။

(၇) ကီးဘုတ်တွေကို Customizeလုပ်ပြီး သုံးချင်ရင်ပဲဖြစ်ဖြစ် ကီးဘုတ်တွေ အမျိုးမျိုးကို ပြောင်းလဲ အသုံးပြုတတ်တဲ့ သူတွေအဖို့ Keyboard Managerကို သုံးနိုင်ပါတယ်။ Keyboard Managerက သင်အသုံးပြုတဲ့ အခြေအနေပေါ်မူတည်ပြီး ကီးဘုတ်တွေကို အလိုလို ပြောင်းလဲ ပေးနိုင်ပါတယ်။ Keyboard Managerကိုသုံးဖို့ Rootလုပ်ထားဖို့ လိုပါတယ်။

(၈) Custom Kernelတွေကို Flashလုပ်ဖို့ Rootလုပ်ထားဖို့ လိုပါတယ်။ Kernelဆိုတာကတော့ App တွေနဲ့ Hardwareကြားမှာ ကြားခံဆက်သွယ် ပေးထားတာပါ။ သင့်ဖုန်း Performanceကောင်းမွန်ဖို့၊ Batteryကြာကြာ အသုံးခံအောင်၊ Wifi Tetherမပါတဲ့ ဖုန်းတွေမှာတောင် အဲဒီ Featureကို အသုံးပြုနိုင်တာတွေကို ပြုလုပ်နိုင်ပါတယ်။

(၉) Rootလုပ်ထားခြင်းရဲ့ အကောင်းဆုံး တစ်ခုကတော့ Custom Romတွေ အသုံးပြုနိုင်တာပါ။ သင့်ဖုန်း Companyက နောက်ဆုံးထွက် Android OSကို Supportမပေးတဲ့အခါ မှာ Custom Romတွေကို အသုံးပြုနိုင်ပါတယ်။

(၁၀) အချုပ်အားဖြင့် Root လုပ်ထားခြင်းအားဖြင့် သင့်ဖုန်းဟာ သင့်ကိုယ်ပိုင်ဖုန်း  ဖြစ်လာတာပါပဲ။ အပေါ်မှာ ပြောခဲ့တဲ့အချက်တွေ အတိုင်းပဲ Carrierက အသုံးပြုခွင့်မပေးတဲ့ Appတွေကို သုံးနိုင်လာတယ်၊ စိတ်ကြိုက် Custom Romတွေ သုံးလို့ရလာတယ်၊ တစ်ခြားဖုန်းတွေက Feature တွေ အသုံးပြုလို့ရလာတဲ့ ကောင်းကျိုးတွေ ရရှိလာပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *