News

အစုရှယ်ယာရှင်များကို လှည့်စားသဖြင့် Microsoftကို တရားစွဲ

Microsoft ကုမ္ပဏီ၏ အစုရှယ်ယာ ပိုင်ရှင်များသည် ၎င်းတို့အား Surface RT Tablet ကွန်ပျူတာများ ရောင်းအားကောင်းသည်ဟု ဆိုကာ လှည့်စားခဲ့သော ကုမ္ပဏီ၏ အမှုဆောင်များကို Classaction ဥပဒေဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ယင်း တရားစွဲဆိုမှုကို မင်ဆာချုးဆက်ခရိုင်တွင် အမေရိကန်ခရိုင် တရားရုံးတွင် ဆန်ဒီဂို အခြေစိုက် Robbins Geller Rudman & Dowd ရှေ့နေကုမ္ပဏီက တရားလို Gail Fialkovနှင့် အခြားသူများကိုယ်စား တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယခုတရားစွဲဆိုခဲ့သည့် တရားလိုများသည် Microsoft ကုမ္ပဏီ၏ ရှယ်ယာများကို ဧပြီလ ၁၈ရက်နေ့မှ ဇူလိုင်လ ၁၈ရက်နေ့အကြား ဝယ်ယူခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတရားစွဲဆိုမှုတွင် Microsoft ကုမ္ပဏီ အပါအဝင် ကုမ္ပဏီ၏ အမှုဆောင်များ ဖြစ်ကြသည့် အမှုဆောင် အရာရှိချုပ် Steve Ballmer၊  ယခင်ဘဏ္ဍာရေး အမှုဆောင်ဟောင်း Peter Klein၊ ငွေစာရင်းဌာန အကြီးတန်း အမှုဆောင်  Frank Brodနှင့် ယခင် Windows ဈေးကွက်ရှာဖွေရေး ခေါင်းဆောင် Tami Rellerတို့ ပါဝင်သည်ဟု သိရသည်။

Microsoft ကုမ္ပဏီကမူ ယင်းတရားစွဲဆိုမှုနှင့် ပတ်သက်၍ ဖြေရှင်းချက်ပေးရန် ငြင်းဆိုခဲ့သည်။ ယခုပြဿနာကြောင့် ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် လက်ရှိထက် ၁၁.၄ရာခိုင်နှုန်း ထိုးဆင်းသွားခဲ့သည်။ လက်ရှိ Microsoft၏ အစုရှယ်ယာတန်ဖိုးသည် ရှယ်ယာတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၃၂.၂၃ဒေါ်လာအထိ လျော့ကျသွားခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *